Print

HIV နှင့် AIDS ရောဂါသည်များတွင် ရေယုန်ပေါက်ခြင်း

  20-Mar-2020
Preview Image

HIV / AIDS မှာ ဆင်ရေယုန်ဖြစ်ရင် အရမ်းပြင်းထန်တယ်။ အကြာကြီးလည်း ဖြစ်တတ်တယ်။ နေရာပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ဖြစ်တယ်။ သာမန်အားဖြင့် အာရုံကြောတစ်ခုနဲ့ သက်ဆိုင်တဲ့ အရေပြားမှာသာ ဖြစ်လေ့ရှိပေမယ့် သူတို့မှာဖြစ်ရင် အာရုံကြော သုံးလေးခုလောက်ထိ ပျံ့နှံ့တတ်တယ်။ ဥပမာ - ဆိုပါစို့၊ ခါးမှာပေါက်တဲ့ ရေယုန်ဟာ သာမန်အားဖြင့် တစ်ခြမ်းပါ ထိတတ်တယ်။ HIV / AIDS မှာ ကျတော့ ပြင်းထန်ပြီး ဟိုဘက်ကျန်တဲ့ တစ်ခြမ်းပါ ထိတတ်တယ်။

ဒါကြောင့် ရှေးလူကြီးသူမတွေ ပြောတာမှန်တယ်လို့ ဆိုရမယ်။ ရေယုန်ခါးပတ်ရင် သေတတ်တယ်ဆိုတာ တကယ်တော့ ဆရာခုပြောတဲ့ ရေယုန် အပြင်းစား သွေးကတစ်ဆင့် ပျံ့နှံ့ပြီးတော့ အဆုတ်၊ အသည်း၊ ဦးနှောက် တို့ပါထိခိုက်တတ်တာကြောင့် အသက်ဆုံးပါးသွားနိုင်ပါတယ်။ HIV/ AIDS မှာ ရေယုန်ဖုလေးတွေဟာ တစ်ကိုယ်လုံး ပျံ့နှံ့ပြီး ကျယ်ကျယ်ပြန့်ပြန့် ဖြစ်သွားတတ်လို့ Disseminated Herper လို့ ခေါ်ပါတယ်။ HIV / AIDS မှာ ပေါက်တတ်တဲ့ အပြင်းစား ရေယုန်မျိုးဆိုရင်တော့ အစီကလိုဗာ အကြောဆေးတွေအထိ သုံးဖို့လိုနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဆရာဝန်ညွှန်ကြား တဲ့အတိုင်းပဲ သုံးစွဲသင့်ပါတယ်။

Credit : ဒေါက်တာကျော်ကျော်


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18