Print

လျှာကိုသန့်စင်စေတဲ့ နည်းလမ်း

  19-Mar-2020
Preview Image

လျှာပဲသူဘာသာပါးစပ်ထဲနေတာ ဘာဖြစ်မှာလဲလို့ တွေးကောင်း တွေးမိကြ ပါလိမ့်မယ်။ လျှာအရောင်ဖြူဖြူကြီးဆိုရင် လျှာမှာမက္ခရု ဖြစ်နေတာလား၊ တခြားရောဂါ တစ်ခုခုရဲ့ အကျိုးဆက်လားဆိုတာ သတိထားဖို့လိုသလို ရေဓာတ်ကုန်ခန်းတဲ့အခါ၊ ခံတွင်းခြောက်တဲ့အခါ၊ ဖျားနေတဲ့အခါ မျိုးတွေမှာလည်း ဖြစ်တတ်တာမို့ လျှာရဲ့ ပုံမှန်အရောင် ပန်းရောင်လေးဖြစ်ပြီး ကျန်းမာသန့်ရှင်းနေစေဖို့ လုပ်နိုင်တာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

မုန့်ဖုတ်ဆော်ဒါ - အရိုးရှင်းဆုံးနဲ့ အသက်သာဆုံးနည်းလမ်းကတော့ မုန့်ဖုတ်ဆော်ဒါ အနည်းငယ် ခပ်ပျစ်ပျစ်လေးလုပ်ထားတဲ့ အနှစ်ကို သွားပွတ်တံမှာသုတ်ပြီး လျှာကို ပွတ်တိုက်ဆေးကြောပေးရင် အဖြူအနှစ်ဖတ်တွေကို သန့်စင်ပြီးသား ဖြစ်စေပါတယ်။

ဟင်းသီးဟင်းရွက်အလှဆီ၊ အုန်း ဆီ - သွားပွတ်တံကို ဟင်းသီး ဟင်းရွက်အလှဆီ (ဒါမှမဟုတ်)အုန်းဆီထဲကို နှစ်ပြီး လျှာကိုဆေး ကြော၊ ပြီးရင် ရေခပ်နွေးနွေးလေး နဲ့ ပလုတ်ကျင်းပေးနိုင်ပါတယ်။

ပင်လယ်ဆား - သဘာဝပိုးသတ် ဆေးလို့ဆိုနိုင်တဲ့ ပင်လယ်ဆားကို သွားပွတ်တံလေးရေ စွတ်ပြီး လျှာကို ပွတ်တိုက်ဆေးပေးမယ်ဆိုရင် လျှာသာမက ခံတွင်းတစ်ခုလုံးသန့် စင်စေကာ ခံတွင်းအနံ့ဆိုးတွေကို ပါ ဖယ်ရှားပြီးသား ဖြစ်စေပါတယ်။ နောက်ပြီး ရေခပ်နွေးနွေးလေးထဲ ကို ပင်လယ်ဆားခတ်ပြီးတော့ လည်း သဘာဝခံတွင်း သန့်ဆေး ရေဖန်တီးနိုင်ပါသေးတယ်။

ဟိုက်ဒရိုဂျင်ပါအောက်ဆိုက် - ခံတွင်းအနံ့ဆိုးသန့်စင်ဖို့အတွက်နဲ့ လျှာကိုသန့်စင်ဖို့အတွက် ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်ကို သုံးနိုင်ပါတယ်။

ရှားစောင်းလက်ပပ် - လျှာက ဆဲလ်သေတွေနဲ့ ဗက်တီးရီးယားတွေကို သန့်စင်ပေးနိုင်စွမ်းရှိပါတယ်။

နနွင်း - နနွင်းမှုန့်အနည်းငယ်ထဲကို သံပရာရည်ညှစ်ထည့်ပြီး အနှစ်လုပ်ပြီးတဲ့အခါ သွားပွတ်တံနဲ့ ပွတ်တိုက်ပြီး ဆေးကြောပေးနိုင်ပါတယ်။ ရေတစ်ဖန်ခွက်ထဲကို နနွင်းမှုန့်လက်ဖက်ရည်ဇွန်းဝက်ထည့် ဖျော်ပြီး ခံတွင်းသန့်ဆေးအဖြစ် သုံးနိုင်ပါတယ်။

Credit : Healthdigezt


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18