Print

ဘီယာကို အတန်အသင့်သောက်သုံးပါက နှလုံးခုန် ရုတ်တရက်ရပ်သွားခြင်းမျိုးကို...

  12-Mar-2020
Preview Image

သာယာလှပပြီး အပူအပင်လည်းကင်းတဲ့ နေ့လေးတွေမှာ ဘီယာသောက်လိုက်ရရင်တော့ အရမ်းကို ဇိမ်ရှိနေမှာပေါ့။ တစ်နေ့ကို ဘီယာတစ်ပိုင့်သောက်တာဟာ နှလုံးအတွက် ကောင်းတယ်လို့ လေ့လာချက်တစ်ခုက ဆိုပါတယ်။

ဘီယာအလွန်အကျွံသောက်တာဟာ ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်ပေမယ့် အတန်အသင့် သောက်သုံးတာကတော့ နှလုံးရောဂါဖြစ်နိုင်ခြေနဲ့ သွေးကြောဆိုင်ရာရောဂါ ဖြစ်နိုင်ခြေကို လေးပုံတစ်ပုံ လျှော့ချပစ်ပေးနိုင်ပါတယ်ဆိုတဲ့ အချက်ကို သုတေသီတွေ လေ့လာတွေ့ရှိခဲ့ပါတယ်။ ဘီယာထဲမှာ အရက်နဲ့ တခြားဓာတုတွေပါတာကြောင့် နှလုံးရောဂါဖြစ်နိုင်ခြေ၊ လေဖြတ်နိုင်ခြေနှင့် သွေးလွှတ်ကြောနှင့်ဆိုင်တဲ့ ရောဂါတွေကို လျှော့ချပေးပစ်နိုင်တာပါ။ လေ့လာချက်ပေါင်း ၁၅၀ ကို သူတို့ပြန်လေ့လာသုံးသပ် ခဲ့ကြတာပါ။

ဒီတော့ ဘီယာတစ်ပိုင့်သောက်ရင် နှလုံးကို အကာအကွယ်ပေးနိုင်ပြီး အသက်ကြီးရင် မှတ်ဉာဏ်စွမ်းရည် လျော့ကျနိုင်ခြေ၊ ကင်ဆာဖြစ်နိုင်ခြေတို့ကိုလည်း မမြင့်တက်စေဘူးလို့ သုတေသီတွေက ကောက်ချက်ဆွဲလိုက်ပါတယ်။ ဒါပေမဲ့ အတန်အသင့် သောက်သုံးတာကတာ ဒီလိုအကျိုးကျေးဇူးတွေ ရနိုင်တယ်လို့ သုတေသီတွေက တွင်တွင်သတိပေး သွားခဲ့ပါတယ်။ ဘီယာကို အလွန်ကျွံသောက်တာဟာ လူ့ခန္ဓာကိုယ်ကို အကြီးအကျယ်ဘေးဖြစ်စေတာ အားလုံးအသိပါပဲ။

Credit : ချယ်ရီ


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



Related Articles


Advertisment 18