Print

တစ်နှစ်အောက်ကလေးငယ် (Infant) အား အသက်ရှူလမ်းကြောင်း ပိတ်ဆို့ခြင်းကိုပြ...

  28-Feb-2020
Preview Image

ကလေး၏ ခန္ဓာကိုယ်ကို ပေါင်ပေးတင်ပါ။ လက်ဖနောင့်ဖြင့် ကလေးနောက်ကျောကို ရိုက်ပေးပါ။ ကလေး၏ ဦးခေါင်းနှင့် လည်ပင်းကို လက်ပေါ်တင်ထားပါ။ (ကလေးဦးနှောက်နှင့် လည်ပင်းသည် အခြားလက်တစ်ဖက်ပေါ် ကျရောက်သွားစေရန် ပြောင်းလဲပါ)

(၁) ကလေးသူငယ်၏ မျက်နှာကို အသက်ကယ်ပြုစုသူ၏ လက်ဝါးပေါ်တွင် တင်ပါ။ ကလေး၏ ကိုယ်ခန္ဓာကို သင့်လက် အရှေ့ပိုင်း (forearm) နှင့် ပေါင်ပေါ်တွင် တင်ထားပါ။ ကလေး၏ ရင်ခေါင်းအောက် အရိုးပြားနှစ်ခုကြားကို သင်၏ လက်ဖနောင့်ဖြင့် ငါးကြိမ်အထိ ရိုက်ချပါ။

(၂) ပိတ်ဆိုပသော အရာဝတ္ထုထွက်လာ မလာ စစ်ဆေးပါ။ အကယ်၍ ထွက်မလာပါက နောက်တစ်ဆင့်ကို ဆက်လုပ်ပါ။

(၃) နောက် လက်တစ်ဖက်ကို ကလေး၏ ဦးခေါင်းနောက်တွင်ထားပြီး ကလေးကို တစ်ဖက်သို့ လှိမ့်လိုက်ပါ။

(၄) သင်၏ လက်ခလယ်နှင့် လက်သူကြွယ်ဖြင့် ကလေး၏ ရင်ခေါင်းအလယ်ကို ခပ်ဆတ်ဆတ် ငါးကြိမ်အထိ ဖိချပါ။ (Chest Thrusts)

(၅) အဆင့် (၁) မှ (၄) အထိ ထပ်မံ၍ ပြုလုပ်ပါ။ ကျောပုတ်ခြင်းနှင့် ရင်ခေါင်းဖိခြင်းကို တစ်လှည့်စီ ပြုလုပ်၍ ပါးစပ်ကို စစ်ဆေးပါ။ တစ်ဦးတည်းရှိပါက တစ်မိနစ်အတွင်း အရေးပေါ် တယ်လီဖုန်းကို ခေါ်ဆိုပါ။ ပိတ်ဆို့နေသော အရာဝတ္ထု မထွက်မချင်း (သို့) ကလေးသတိ မရမချင်း ဆက်လုပ်ပါ။

(၆) ကလေးသည် သတိမရလာပါက CPR ပြုလုပ်ပါ။

Credit : ပါမောက္ခဦးတင်လတ်

 သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18