Print

ပါးစပ်နံစော်ခြင်း (သို့) အသက်ရှူနံ့မကောင်းခြင်း

  18-Feb-2020
Preview Image

ခန္ဓာကိုယ်မှ အနံ့ဆိုးများ ထွက်တတ်သလို အသက်ရှူစဉ် (သို့) စကားပြောစဉ်မှာလည်း အနံ့ဆိုးများ ထွက်တတ်ပါသည်။ အဲဒီလို အနံ့ထွက်တာဟာ သွားကျန်းမာရေးတစ်ခုတည်းကြောင့် မဟုတ်ဘဲ အစာမကြေဖြစ်ခြင်းနဲ့ စားသုံးတဲ့ အစားအစာတွေရဲ့ အနံ့ဆိုးတွေ စတာတွေကြောင့်လည်း ဖြစ်တတ်ပါသည်။

ဖြေရှင်းရန်နည်းလမ်း

၁။ မိမိသွားတိုက်နည်းစနစ် မှန် မမှန်သုံးသပ်ကြည့်ပါ။

၂။ ငါး (သို့) နို့ထွက်ပစ္စည်းတွေ စားသုံးပြီးတဲ့အခါတိုင်း ပါးစပ်ကို သန့်ရှင်းရေးပြုလုပ်ပေးပါ။

၃။ လျှာပွတ်တံကို မဖြစ်မနေ အသုံးပြုပေးပါ။

၄။ ကြက်သွန်ဖြူ၊ နီ၊ အစိမ်းစားခြင်းကို ရှောင်ကျဉ်ပါ။ စားမိပါက ပြီးလျှင်သွားတိုက်ပါ။

Credit : Orchid


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



Related Articles


Advertisment 18