Print

Hysteria စိတ်ချောက်ချားရောဂါ၊ စိတ်လှုပ်ရှားလွန်ရောဂါ

  29-Jan-2020
Preview Image

ဥပါဒါန်လွန်ကဲမှုကြောင့် စိတ်လှုပ်ရှားမှုဖြစ်ပြီး မိမိကိုယ်ကို ကိုယ်လက်သေသွားပြီဟု ထင်မြင်ခြင်း၊ အသံလုံးဝမထွက်နိုင်တော့ ထင်ခြင်း၊ ရောဂါမရှိဘဲ ခံစားမှုအာရုံများ လုံးဝမရတော့ခြင်း စသည်တို့ ဖြစ်လေ့ရှိပါတယ်။ Hysteria ဝေဒနာခံစားနေရသူသည် ယခင်ကတည်းကပင် စိတ်အတက်အကျ မြန်ဆန်သူများ ဖြစ်သည်ကို လေ့လာတွေ့ရှိရသည်။ Hysteria ဖြစ်သူတိုင်းသည် အာရုံစူးစိုက်မှု၊ ဂရုစိုက်မှုကို ခံယူလိုခြင်း၊ တစ်စုံတစ်ခုသော စိတ်ညစ်ညူးစရာမှ ထွက်ပေါက်ကို ရှာလိုခြင်းတို့ ရှိကြသော်လည်း အလုပ်မလုပ်ချင်၍ နေမကောင်းဟန်ဆောင်ခြင်း (malingering) တွင်ကဲ့သို့ တမင်ရည်ရွယ်၍ လုပ်သော စိတ်ဝေဒနာမျိုး မဟုတ်ပေ။ တစ်ခါတစ်ရံတွင် Hysteria ဟူသော စကားရပ်ကို ထိန်းချုပ်မှု ကင်းလွတ်သော သူတို့တွင် သုံးစွဲလေ့ရှိသည်။ ထိတ်လန့်မှုတစ်ခုခု ကြုံတွေ့သောအခါ ကသောင်းကနင်းဖြစ်ခြင်း၊ ထိန်းမရနိုင်အောင် အော်ဟစ်ငိုကြွေးခြင်း စသည်တို့ ဖြစ်တတ်၏။ ထိုအခါမျိုးတွင် ကရုဏာ အားပေးချော့မော့ခြင်းထက် သေချာစွာ ချုပ်ထိန်းပြီး ခပ်ပြတ်ပြတ်မာမာ ပြောကြားခြင်းက Hysteria ဖြစ်သူကို ထိန်းချုပ်နိုင်သည်ကို တွေ့ရပါသည်။

Credit : ဒေါက်တာမေမိုးနွယ်


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။


 



Related Articles


Advertisment 18