Print

ကလေးတွေကို 'W' ပုံစံ အနေအထားဖြင့် မထိုင်ခိုင်းသင့်

  28-Jan-2020
Preview Image

W အနေအထားဖြင့် ထိုင်ခြင်းဟာ ကလေးအများစု ကြမ်းပြင်မှာ အရုပ်ဆော့ ကစားရင်း သို့မဟုတ် တီဗွီကြည့်ရင်း အလိုအလျှောက် ပြုမိတတ်ကြတဲ့ ကိုယ်ဟန်အနေအထားတစ်ခု ဖြစ်ပါတယ်။ ဒါဟာ ကလေးတစ်ယောက်ရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို အမှန်တကယ် အန္တရာယ်ဖြစ်စေပြီး နောက်ပိုင်းမှာ ပြင်းထန်တဲ့ ကျန်းမာရေးပြသနာတွေ ဖြစ်ပွားစေနိုင်ပါတယ်။

တင်ပါး၊ ဒူးဆစ်နဲ့ ခြေချင်းဝတ် ဆိုးကျိုးဖြစ်စေရုံတင်မဟုတ်ဘဲ အထူးသဖြင့် အရွယ်ရောက်လာလို့ အလေးမ သို့မဟုတ် အားကစားတစ်ခုခု လုပ်တဲ့အခါ ကိုယ်ဟန်အနေအထားထိန်းပေးသောကြွက်သားများနဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုရရှိမှု နှေးကွေးစေပါတယ်။ 'W' အနေအထားနဲ့ ထိုင်ခြင်းဟာ တင်ပါးဆုံရိုးမှာ ဖိအားအဆမတန် ကျရောက်စေပါတယ်။ အရိုးအဆစ် ခိုင်ခံ့မှုလည်း လျော့ရဲစေနိုင်ပါတယ်။

ကိုယ်ဟန်အနေအထား ထိန်းပေးသော ကြွက်သားများသာမက ဟန်ချက်ညီမျှမှုပါ နှောင့်နှေးကြန့်ကြာစေပါသေးတယ်လို့ ဆိုပါတယ်။ ကလေးတွေကို ခြေထောက် ကန့်လန့်ထားထိုင်ခြင်း၊ ခြေထောက်ကို အလျားလိုက် ထားထိုင်ခြင်း စတဲ့ ပုံမှန် အနေအထားနဲ့ ထိုင်စေဖို့ အကြံပြုထားပြီး 'W' ပုံစံဖြင့် ထိုင်သည့် အလေ့အကျင့်ရှိပါက ပိုမိုကောင်းမွန်တဲ့ အနေအထားတစ်ခုကို ညွန်ပေးဖို့လည်း တိုက်တွန်းထားပါတယ်။

Credit : Trend Myanmar

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18