Print

အိုစာတဲ့ရုပ်သွင်

  23-Jan-2020
Preview Image

ရေရှည်စိတ်ဖိစီးရင် အရေပြားဟာ စောစောစီးစီး အိုမင်းသွားရှာပါတယ်။ အရေပြားကလာပ်စည်းတွေ အချိန်မတန်ဘဲ ပျက်စီးသွားတာတော့ အရေပြားလည်း အိုစာတဲ့ ရုပ်သွင်းပေါက်သွားတာပါ။ တိတိကျကျပြောရရင် ကလာပ်စည်းတွေမှာ DNA ဆိုတဲ့ ပင်မပရိုတိန်းရှိတယ်။ အဲဒီပရိုတင်းကို ထပ်ပြီး စိစစ်လိုက်ရင် တီလီမီရီ (စ်) (Telemeres) လို့ခေါ်တဲ့ အမျှင်ရှည်တွေနဲ့ ဖွဲ့စည်းထားတာပါ။ စိတ်ဖိစီးမှုကြာရှည်လာရင် အဲဒီအမျှင်တွေဟာ ပုံမှန်ထက် တိုသွားတယ်ဆိုပြီး ၂၀၁၂ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုက ထောက်ပြပါတယ်။

အကျိုးဆက်ကတော့ အရေပြားတွေက ခြောက်၊ အရေးအကြောင်းတွေက ပေါ်၊ ပါးရေနားရေတွေက သိသိသာသာတွဲကျနဲ့ အပူရုပ်ပေါ့။ ပျော်ရွှင်မှုကင်းမဲ့တဲ့အခါ အရေပြားလည်း အချိန်မကျသေးဘဲ ဇရာထဲဝင်သွားတာမျိုးပါ။ တကယ်တော့
စိတ်ဖိစီးရင် အရေပြားတင်မကပါဘူး၊ ကိုယ်တွင်းအင်္ဂါတွေလည်း ထိတာပါ။ အဓိကကတော့ နှလုံးပေါ့။

Credit : ဒေါက်တာကျော်ကျော်


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။




Related Articles


Advertisment 18