Print

ဒီအင်အေ(DNA)

  28-Dec-2019
Preview Image

    DNA ဖွဲ့စည်းတည်ဆောက်မှုကို သိပ္ပံလောကနှင့် သိပ္ပံပညာရှင်များအကြားသို့ ဆောင်းပါးဖြင့်တင်ပြလာပြီး နောက်ထပ်သုတေသနဖော်ထုတ်ချက်၊ တွေ့ရှိချက်များကြောင့် JAMES WATSON, FRANCIS CRICK နှင့် မောရစ်ဝလ်ကင်း (MAURICE WILKINS) တို့အား ဆေးသိပ္ပံ သို့မဟုတ် ဇီဝကမ္မဗေဒဆိုင်ရာ နိုဘယ်လ်ဆု (NOBEL PRIZE FOR MEDICINE) ကို ၁၉၆၂ ခုနှစ်က ချီးမြှင့်ခဲ့ပါသည်။

၁၉၅၃ ဧပြီလ ၂၅ ရက်ထုတ် သိပ္ပံဘာသာဆိုင်ရာ NATURE ဂျာနယ်မှာ DNA နှင့်စပ်လျဉ်းသော ပညာရပ်ဆိုင်ရာဆောင်းပါး သုံးပုဒ်ပါဝင်ခဲ့သည်။ WASTON နှင့် CRICK တို့၏ DNA ဆိုင်ရာ ကနဦး အဓိက ဆောင်းပါးအပြင် DNA နှင့် စပ်လျဉ်းသော သိပ္ပံဆိုင်ရာ ဆောင်းပါးနှစ်ပုဒ်ကိုလည်း ဖော်ပြထားသည်။ ဒုတိယဆောင်းပါးမှာ အမျိုးသမီးသိပ္ပံပညာရှင် ရိုဇလင်ဖရန်ကလင် (ROSLAND FRANKLIN) (၂၅ ဇူလိုင်လ ၁၉၂၀ ပြည့်နှစ်မွေး - ၁၆ ဧပြီလ ၁၉၅၈ ခုနှစ်သေဆုံး) နှင့် သိပ္ပံပညာရှင် ရေမွန်ဂေါ(စ်)လင်း(RAYMOND GOSLING) တို့၏ ဆောင်းပါးဖြစ်ကာ တတိယဆောင်းပါးမှာ သိပ္ပံပညာရှင် မောရစ်ဝိလ်ကင်း(MAURICE WILKINS) နှင့် အခြားသိပ္ပံပညာရှင်နှစ်ဦး ပူးတွဲရေးခဲ့သည့် သိပ္ပံဆောင်းပါးများဖြစ်သည်။

DNA ၏ အရှည်မှာ DEOXYRIBO NUCLEIC ACID ဖြစ်ပါသည်။


ဒီအင်အေနှင့် ဆေးပညာ

          ယေဘုယျအားဖြင့် DNA စစ်ဆေးမှုကို ကြိုတင်ပြုလုပ်နိုင်သဖြင့် အချို့သောရောဂါများ ဖြစ်တန်ခြေ၊ ဖြစ်နိုင်ခြေကို ကြိုတင်သိနိုင်ခြင်း၊ မိခင်ကိုယ်ဝန်ဆောင်နေစဉ်မှာပင် အချို့သော အခြေအနေများမှာ မွေးဖွားလာမည့်ကလေးများ၏ သန္ဓေသားကို စစ်ဆေးကြည့်ရှုလေ့လာပြီး အချို့သော မွေးရာပါရောဂါများ (CONGENITAL DISEASES) ဖြစ်တန်ခြေ၊ ဖြစ်နိုင်ခြေတို့ကို ကြိုတင်ခန့်မှန်းတွက်ချက်နိုင်ခြင်း၊ ဒီအင်အေကို စစ်ဆေးကြည့်ရှုခြင်းဖြင့် ပါကင်ဆန်ရောဂါ (PARKINSON DISEASE) ၊ သိပ္ပံပညာရှင် စတီဖင်ဟော့ကင်း အသက် ၂၀ ကျော်အရွယ်က စတင်ဖြစ်ပွားခဲ့သော MOTOR NEURONE DISEASE ဖြစ်နိုင်မဖြစ်နိုင်ကို ကြိုတင်တွက်ချက် ခန့်မှန်းနိုင်ခြင်းတို့ ဖြစ်သည်။ အချို့ရောဂါများကို အသက်အရွယ်ငယ်စဉ်က မခန့်မှန်းနိုင်သော်လည်း အသက်အရွယ်ကြီးလာမှ သိရှိနိုင်သော အခြေအနေများသည် ဒီအင်အေအဖွဲ့အစည်းကို တွေ့ရှိဖော်ထုတ်မှုနှင့် ဆက်နွယ်သော ဖြစ်စဉ်ဖြစ်ရပ်များ (DEVELOPMENTS RELATING TO THE DISCOVERY OF DNA) ကြောင့်ဖြစ်သည်။

          ဗိုင်းရပ် (Virus) ရောဂါအမျိုးမျိုးတို့ကို ကုသနည်းများ၊ ကင်ဆာရောဂါဖြစ်ပွားနိုင်သော ဆဲလ်ပွား၊ ဆဲလ်ကွဲများ (MUTUATIONS)၊ ကုသမှုဆေးဝါးများ (MEDICATIONS)၊ ပိုမိုထိရောက်သော ဆေးဝါးများထုတ်လုပ်ရေးတွင် အသုံးဝင်နေသည်။ ထို့အပြင် ရာဇဝတ်မှုခင်းများ စုံစမ်းထောက်လှမ်းရေး၊ လောင်စာစွမ်းအင်ဆိုင်ရာ အသုံးပြုမှုများ၊ စိုက်ပျိုးရေးတိရစ္ဆာန်မွေးမြူရေး၊ မနုဿဗေဒ စသောပညာရပ်များနှင့် လူ့လုပ်ငန်းဆောင်တာများတွင် အကျိုးသက်ရောက်မှုများရှိခဲ့သည်ဟု ကနဦးစတင်ခဲ့သူများနှင့် အကဲဖြတ်သူများက ဆိုပါသည်။


HUMAN GENOME PROJECT

          ဒီအင်အေကို ဖွဲ့စည်းတည်ဆောက်ထားသော NUCLEOTIDE BASE PAIRS တို့ကို အစဉ်အလိုက် စီစဉ်ပေးနိုင်ရန် အပြည်ပြည်ဆိုင်ရာစီမံကိန်းတစ်ရပ်ကို အမေရိကန်ပြည်ထောင်စု ယူနိုက်တက်ကင်းဒမ်းနိုင်ငံ၊ ဂျပန်၊ ပြင်သစ်၊ ဂျာမနီ၊ စပိန်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ တက္ကသိုလ်နှင့် သုတေသနဌာနများက ၁၅ နှစ်ကြာပြုလုပ်ခဲ့ရာတွင် ၂၀၀၃ ခုနှစ်တွင် ပြီးစီးခဲ့ပြီး ၂၀၀၄ ခုနှစ်ထုတ် စာစောင်အမှတ် (၆၉၉၀) တွင် သိပ္ပံပညာရှင် ၂၅ ဦးခန့် စုပေါင်းပြုစုရေးသားသည့် QUALITY ASSESSMENT OF THE HUMAN GENOME SEQUENCE ဆိုသော သိပ္ပံပညာရပ်ဆောင်းပါးကို ပုံနှိပ်ထုတ်ဝေခဲ့သည်။


မှုခင်းဘက်ဆိုင်ရာ ဒီအင်အေ

          မှုခင်းဖြစ်ပွားရာနေရာမှ ကျန်ရှိသော အဝတ်အစား၊ သွေး စသည်တို့ကို လူသားတိုင်းတွင် အတုမရှိ(UNIQUE) ဖြစ်နေသော ဒီအင်အေတို့နှင့် စစ်ဆေးပြီး ရာဇဝတ်မှုကျူးလွန်သူများ မည်သူမည်ဝါဖြစ်ကြောင်း အဆုံးအဖြတ်ပေးနိုင်ပေသည်။ ထို့အပြင် ကျူးလွန်ကြောင်း မှားယွင်းစွာစွပ်စွဲအပြစ်ပေးခံရသူများကို ဒီအင်အေနည်းပညာဖြင့် ပြစ်မှုကျူးလွန်ကြောင်း သက်သေပြနိုင်ပေပြီ။ ဤကဲ့သို့ မှားယွင်းစွာ အပြစ်ပေးခံရသော တရားခံအနည်းငယ်ကို အမေရိကန်ပြည်ထောင်စုအပါအဝင် အနောက်နိုင်ငံများမှာ လွှတ်ပေးနိုင်ခဲ့သည်။


ဒီအင်အေလက်ဗွေများဟူသည် အဘယ်နည်း

          လက်မလက်ဗွေ (THUMB PRINTS) များကို သူခိုးများ၊ လူသတ်သမားများကို ဖော်ထုတ်ရာတွင် အမြဲတမ်းအသုံးပြုခဲ့ပြီးဖြစ်ပေပြီ။ စာမတတ်သူများအတွက် လက်မလက်ဗွေများကို အရာအားလုံးတွင် အရေးကြီးသော လူ့ထိုးမြဲလက်မှတ်အစား အသုံးပြုကြသည်။ အဘယ့်ကြောင့်ဆိုသော် သင်၏လက်မလက်ဗွေသည် သင့်အတွက် အတုမရှိသော အမှတ်အသားဖြစ်သောကြောင့်ဖြစ်သည်။ (သင်သည် ချွတ်စွပ်ဟူသော ဆင်တူအမြွှာတစ်ဦးဖြစ်သည့်တိုင်အောင်)

          သို့သော်သင်သည် လက်မလက်ဗွေမရနိုင်သောအချိန်တွင် လူတစ်ယောက်ကို မည်သို့မည်ပုံ ခွဲခြားဖော်ထုတ်နိုင်ပါမည်နည်း။ မီးလောင်ခြင်း သို့မဟုတ် လေယာဉ်ပျံပျက်ကျခြင်းတို့တွင် လူ့ခန္ဓာကိုယ်များမှာ မမှတ်မိလောက်အောင် မီးလောင်ကျွမ်းထားလျှင်သော်လည်းကောင်း၊ နှစ်ပေါင်းများစွာ မြေမြှုပ်ခဲ့ပြီး ပြန်လည်တူးဖော်ထားသော လူသေအလောင်းများတွင်လည်းကောင်း လက်မလက်ဗွေများကို ရရှိနိုင်ရန် ခဲယဉ်းပါသည်။ နှုင်းယှဉ်ချက်အားဖြင့် နည်းသစ်ဖြစ်သော ဒီအင်အေလက်ပုံနှိပ်ခြင်း (DNA FINGER PRINTING) ကျေးဇူးကြောင့် ကျွန်ုပ်တို့လိုအပ်သောအရာမှာ ဆံပင်တစ်မျှင် သို့မဟုတ် ခြောက်သွေ့နေသော သွေးအဖတ်တစ်ဖတ်ကပင် လူတစ်ယောက်ကို ခွဲခြားဖော်ထုတ်နိုင်သည်။

          သင်၏ ခရိုမိုဇုန်း (CHROMOSOME) များသည် သင်၏ ပုဂ္ဂိုလ်ရေးရာလက္ခဏာများကို ဆုံးဖြတ်ပေးသည့် မျိုးဗီဇများ (GENES) ပါဝင်သည်သာမက သင်မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြားပေးသော ကတ်(Identity Card) နှင့်လည်း တူနေပါသည်။ သင့်ခရိုမိုဇုန်းများ၏ ၉၉ ဒသမ ၉ ရာခိုင်နှုန်းသည် အခြားသူများနှင့် အလားတူနေသော်လည်း ၀ ဒသမ ၁ ရာခိုင်နှုန်းကွဲပြားမှုက အခြားသူများနှင့် ကွဲပြားခြားနားကြောင်း ပြောပြနိုင်ပေသည်။


ဒီလိုဆိုလျှင် ကျွန်တော့မိဘအရင်းများလား။

          လူတိုင်းက သင်သည် သင်၏ ဖခင်အစိတ်အပိုင်းတစ်ခုနှင့် သင်၏မိခင်အစိတ်အပိုင်းတစ်ခုဟု ပြောကြားကြသည်။ ဤသည်မှာ သင်၏ ဒီအင်အေလက်ဗွေ၏ ဖြစ်နိုင်ခြေဖြစ်ပြီး သင့်ရုပ်ပုံလွှာနှင့် မဆိုင်ပေ။

          ကလေးငယ်နှင့် ၎င်း၏မိဘဒီအင်အေလက်ဗွေကို နှိုင်းယှဉ်ကြည့်ပါ။ ကလေးငယ်၏ လက်ဗွေတွင် ပါသောအရစ်များကို သင်တွေ့မြင်ပါသလား။ ဖခင်ထံမှမလာသောအရာကို မခင်ထံမှ လာသောအရစ်တွင် တွေ့နိုင်ပါသလား။

          ဤနည်းဖြင့် ဖခင်နှင့် မိခင်တို့သည် ကလေးငယ်၏ တကယ့်မိဘများဖြစ်ကြောင်း ကျွန်ုပ်တို့ အတည်ပြုနိုင်ပေသည်။


ဒီအင်အေနှင့် ကင်ဆာရောဂါ

          ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့က ကျင်းပသော ၁၇ ကြိမ်မြောက် မန္တလေးဆေးပညာနှီးနှောဖလှယ်ပွဲတွင် “ဒီအင်အေနှင့် ကင်ဆာရောဂါ”  အကြောင်းကို စာရေးသူ နားထောင်မှတ်သားခွင့် ရခဲ့ပါသည်။ ဟောပြောပို့ချသော ပညာရှင်မှာ စင်ကာပူနိုင်ငံရှိ အမျိုးသားကင်ဆာဌာနမှ ဆေးဘက်ဆိုင်ရာ ကင်ဆာကုသရေးပညာရှင် (ONCOLOGIST) ဖြစ်သူ DR IAIN TAN BEE HUAIT ဖြစ်ပြီး ၎င်းက LIQUID BIOPSY ဟူသောခေါင်းစဉ်ဖြင့် ဟောပြောခြင်းဖြစ်ပါသည်။ ယင်းဟောပြောမှုများတွင် CELL FREE DNA(CFDNA) အကြောင်းနှင့် CIRCULATING TUMOUR DNA (CTDNA) တို့ပါဝင်ပါသည်။ အဆင့်မြင့်နည်းပညာများ နောက်ဆုံးပေါ်ဆေးပညာအကြောင်းတို့ကို ဟောပြောသွားရာ ဗဟုသုတများစွာ ရခဲ့ပါသည်။

          CELL FREE DNA ကို ၁၉၄၈ ခုနှစ်တွင်ပထမဆုံးဖော်ထုတ်ခဲ့ကြောင်း ၊ TOMOUADNA ကို သွေးထဲတွင် ရှာဖွေနိုင်ပုံအကြောင်း၊ CT DNA ကို ကင်ဆာရောဂါ စောစောသိရှိအောင် ရှာဖွေရာတွင် အသုံးပြုနိုင်ကြောင်း၊ CT DNA သည် ကင်ဆာရှိမရှိ သိနိုင်သော အထူးသီးသန့် မာကာ (SPECIFIC MARKER) ဖြစ်ကြောင်း၊ ကုသမှုဖြစ်စဉ် CT DNA ကို ရှာဖွေနိုင်ကြောင်း ဟောပြောခဲ့ပါသည်။ CT DNA ကိုခွဲခြမ်းစိတ်ဖြာနိုင်သော နည်းပညာ (TECHNOLOGY PLATFORMS FOR CTDNA ANALYSIS) ကိုလည်း ရှင်းပြပါသည်။

Credit: ဒေါက်တာလှဖေ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18