Print

ပျော်ပျော်နေတတ်သူများ အသက်ကြီးလာချိန် ကျန်းမာရေးပိုကောင်း

  07-Jan-2020
Preview Image

လန်ဒန်မြို့တက္ကသိုလ် ကောလိပ်သုတေသနဌာနကနေ အသက် ၆၀ ကျော် အမျိုးသား၊ အမျိုးသမီးများကို သုတေသနပြုလုပ်ခဲ့ပြီး ၈ နှစ်တာ ကာလအတွင်း စိတ်ခံစားမှုများနှင့် ခန္ဓာကိုယ်ကျန်းမာရေးရဲ့ ဆက်နွယ်မှုများကို လေ့လာခဲ့ကြပါတယ်။ ပါဝင်သူများကို အသက် ၆၀ မှ ၆၉ တစ်ခု၊ ၇၀ မှ ၇၉ အုပ်စုနဲ့ ၈၀ ကျော်များဆိုပြီး အုပ်စုသုံးစု ခွဲကာ ဘဝနေထိုင်မှုအပေါ် ခံစားချက်များကို မေးမြန်းစစ်တမ်းကောက်ယူခဲ့ပါတယ်။

သုတေသနပညာရှင်များဟာ ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံမေးမြန်းပြီး သက်ကြီးရွယ်အိုများရဲ့ နေ့စဉ်လှုပ်ရှားမှုများဖြစ်သော အိပ်ရာထခြင်း၊ အဝတ်အစားလှဲခြင်း၊ ရေချိုးခြင်း၊ အိမ်သာတက်ခြင်းများ ပြုလုပ်ရာမှာ အခက်အခဲရှိမရှိ စစ်မေးခဲ့ကြပါတယ်။ လမ်းလျှောက်ခြင်းနှင့် ခြေလှမ်းခြင်းများအတွက်လည်း စစ်ဆေးပြုလုပ်ခဲ့ပါတယ်။

လေ့လာမှုကို ဦးဆောင်သူ ဒေါက်တာအန်ဒရူးစတက်တို့က ပျော်ရွှင်စွာ နေထိုင်တတ်သူ သက်ကြီးများဟာ ရေချိုးခြင်း၊ အိပ်ရာထခြင်းစသော လုပ်ဆောင်မှုများ အခက်အခဲ အနည်းငယ်သာရှိပြီး အိမ်ထောင်သည်ဖြစ်ပါက ပိုမိုစိတ်ပျော်ရွှင်မှုရှိကြောင်း တွေ့ရပါတယ်။ ပညာတတ်ဖြစ်ခြင်း၊ အလုပ်လုပ်နေခြင်းနှင့် လူမှုစီးပွားရေး အဆင့်ရှိသူများဟာ ပိုမိုကျန်းမာကြံ့ခိုင်ကြောင်း တွေ့ရတယ်လို့ ဆိုပါတယ်။ ဘဝကို ကျေနပ်မှုရှိခြင်းကြောင့် ပျော်ပျော်နေသေခဲ ဆိုတဲ့အတိုင်း စိတ်မပျော်ရွှင်သူများထက် အဘက်ဘက်ကနေ ကျန်းမာရေးပိုကောင်းကြောင်း တွေ့ရတယ်လို့ သိရှိရပါတယ်။

Credit : ဝေယံမိုး


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



Related Articles


Advertisment 18