Print

ရင်သားကြီးတဲ့ မိန်းကလေးတွေမှာ ဖြစ်တတ်တဲ့ ဝေဒနာဒုက္ခများ

  30-Dec-2019
Preview Image

မိန်းကလေးအများစုမှာ ကိုယ့်ရင်သားကို ရှိရင်းစွဲထက် ကြီးထွားချင်စိတ် အနည်းနဲ့အများတော့ ရှိတတ်ကြပါတယ်။ အနုပညာရှင်တချို့တောင်မှ ရင်သားကြီးထွားအောင် ခွဲစိတ်ပြုပြင်တာတွေ လုပ်ကြသေးတာပဲ။ ဒါပေမဲ့ သဘာဝအတိုင်း ရင်သားကြီးထွားတာတောင်မှပဲ ရောဂါတချို့ ဖြစ်ပွားနိုင်တာနဲ့ နေရထိုင်ရအဆင်မပြေမှုတွေ ဖြစ်စေနိုင်ပါတယ်။ အမျိုးသမီးတွေရဲ့ ရင်သားကြီးထွားခြင်းကို Macromastia လို့ခေါ်ပါတယ်။

 

(၁) ရင်သားနာကျင်မှု

ရင်သားကြီးတဲ့ အမျိုးသမီးတွေ အများဆုံးကြုံတွေ့ရတာကတော့ ရင်သားနာကျင်ခြင်းနဲ့ ခါးနာခြင်းပါပဲ။ ရာသီမလာမီနဲ့ လာနေစဉ်ကာလ အတွင်းမှာ ရင်သားနာကျင်မှုတွေဟာ သာမန်ထက်ပိုပြီး ဖြစ်နိုင်ချေများပါတယ်။ နောက်ပြီး ရင်သားရဲ့အလေးချိန်ကြောင့် ပင်မကျောရိုးမှာ ပုံမှန်ထက်ဖိအားတွေ ပိုဖြစ်စေတဲ့အတွက်ကြောင့် ခါးလည်းနာပါတယ်။ ခါးအပြင် ဂုတ်နဲ့ ပုခုံးတို့ကလည်း ကူပြီး ဝန်ထမ်းထားတာဖြစ်တာတဲ့အတွက် အဲဒီနေရာတွေမှာလည်း တစ်ခါတစ်ခါ နာကျင်စေမှုတွေ ဖြစ်ပေါ်တတ်ပါတယ်။ အိမ်အလုပ်တို့ လေ့ကျင့်ခန်းတို့လို ကုန်းလိုက် ပြန်မတ်လိုက်လုပ်ရတဲ့ အလုပ်တွေကြောင့် ရင်သားနာကျင်မှုတွေ ဖြစ်စေနိုင်ပါသေးတယ်။

 

(၂) အာရုံကြောပြဿနာများ

ရင်သာကြီးခြင်းကြောင့်ပဲ နာဗ့်ကြောပြဿနာတွေလည်း ဖြစ်လာနိုင်ပါတယ်။ ရင်သားအလေးချိန်ဟာ ပုခုံးမှာသွားပြီး သက်ရောက်မှုရှိနေတဲ့အတွက် တခါတရံလက်မှာ ထုံကျင်မှုတွေ နေ့ညမရွေး ဖြစ်ပေါ်နိုင်ပါတယ်။

 

(၃) အသက်ရှုပြဿနာ

နောက်ပြဿနာတစ်ခုကတော့ အသက်ရှုရခက်တာပါ။ ရင်သားရဲ့အလေးချိန်က ရင်ဘတ်ကို ဖိထားသလို ဖြစ်နေတဲ့အတွက်ကြောင့် သာမန်လူတွေကို ပေါ့ပေါ့ပါးပါး အသက်ရှုဖို့လည်း ခက်ခဲပါတယ်။

 

(၄) စိတ်အဆင်မပြေစေမှုများ

ရင်သားကြီးတာက ခန္ဓာကိုယ်မှာပဲ ဝေဒနာသက်ရောက်မှု ရှိနိုင်တာမဟုတ်ပါဘူး။ စိတ်ဒုက္ခလည်း ရောက်နိုင်ပါသေးတယ်။ ကိုယ့်ရင်သားအရွယ်အစားကြောင့် ယုံကြည်မှုမရှိတာတွေ၊ လုံခြုံမှုမရှိတာတွေ ခံစားရတတ်တဲ့အပြင် အဝတ်အစားရွေးချယ်တဲ့ အပိုင်းတွေမှာလည်း ပြဿနာရှိလို့ စိတ်ညစ်ရတာမျိုးတွေလည်း ဖြစ်ပါသေးတယ်။ ရင်သားအလေးချိန်ကြောင့် ဘရာချွတ်လိုက်တဲ့အခါမျိုးမှာလည်း နာကျင်မှုတွေ ခံစားတတ်ကြပါတယ်တဲ့။ရင်သားက သဘာဝအလျောက် ကြီးတယ်ဆိုပေမယ့် အဆမတန်အရွယ်အစား ဖြစ်လာတာမျိုးတွေ ဒါမှမဟုတ် နာကျင်တာတွေ မခံမရပ်နိုင်ဖြစ်လာတဲ့အခါမျိုးတွေကျ သိကျွမ်းတဲ့ဆရာဝန်နဲ့ သေချာပြကြည့်ဖို့ အကြံပေးပါရစေ။


Credit : Penny


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18