Print

စိတ်ဝေဒနာရှင်များတွင် ကုထုံးအတွက်ပြင်ဆင်စရာများ

  29-Dec-2019
Preview Image

ရောဂါကုထုံးအတွက် ပြင်ဆင်ရာတွင် ပြဿသနာစာရင်းများမှ မည်သည်ကို ဦးစားပေးသင့်သည်ကို ဂရုပြုရွေးချယ်ရမည်။ တစ်ပြိုင်နက် ပြဿနာများအတွက် ဆန်းစစ်မှုပြီးသည်နှင့် ဆေးဖြတ်မှု၊ တည်ငြိမ်မှုရအောင် ထိန်းသိမ်းခြင်း အစရှိသည် ဆေးစွဲမှု ကုထုံးအတွက် ပြင်ဆင်ရမည်။ ထိုအခါတွင် စိတ်ဝေဒနာ လက္ခဏာများ လျော့နည်းသွားလိမ့်မည်။ ကိုယ်ခန္ဓာကျန်းမာရေးနှင့် လူမှုရေးပြဿနာများကို တတ်နိုင်သရွေ့ ဂရုစိုက်ပေးရန် လိုအပ်သည်။ အတွင်းလူနာအဖြစ် ဆေးရုံတက်ကုမှုသည် လိုအပ်သည်။ စိတ်ကျန်းမာရေး ဝန်ဆောင်နေသူများနှင့် ဆေးစွဲမှုအတွက် လုပ်ဆောင်နေသူများသည် တစ်ပြိုင်နက် ပြဿနာမျာ အတွက် လက်တွဲဆောင်ရွက်သင့်သည်။ ဆေးဖြတ်သည့် ကုထုံးများ၏ ရလာဒ်ကို ပထမ ၈ ပါတ်မှ ၁၆ ပါတ်အတွင်း သိလာနိုင်သည်။ သို့သော်လည်း တချို့သော အာရုံကြောနှင့် စိတ်ပိုင်းဆိုင်ရာ သက်သာမှုများ (ဥပမာ အရက်စွဲနေသူများ) အတွက်မှု ၂၄ လ ခန့်အထိ စွဲကျန်နေနိုင်သည်။ ဆေးစွဲမှုကို ထိရောက်စွာကုသပြီးပါက စိတ်ဝေဒနာ အများစုအတွက် ကောင်းသောရလာဘ်ကို တွေ့သိလာရမည်။ ဤသည်မှာ အလွန်အကျိုးရှိသော လုပ်ရပ်တစ်ခုပင်ဖြစ်သည်၊ မှတ်သားသင့်သည်မှာ စိတ်ဝေဒနာရှင်များအတွက် ကုသမှုသည ် ဆေးစွဲသူများ၏ ကုသမှုများနှင့် မတူညီချေ။ ကုသမှုတစ်မျိုးသည် နောက်ကုသမှု တစ်ခုအတွက်အပြန်အလှန် အကျိုးရှိသော်လည်း ပူးပေါင်းဆောင်ရွက်ရန် ဆိုသည်မှာ ကုသမှုနှစ်မျိုးစလုံးအတွက် ကြိုတင်ပြင်ဆင်ခြင်းနှင့် အချိန်တို အတွင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်သည်။ ယခုတင်ပြလိုက်သော အချက်အလက်များသည် အပေါ်ယံသာ ဖြစ်သော်လည်း စိတ်ကျန်းမာရေးအတွက်နှင့် ဆေးစွဲသည့် ပြဿနာများအတွက် သေသေချာချာ သင်တန်းပေး ပို့ချထားပေးသော သူများကသာ ဆောင်ရွက်သင့်သည်။

Credit : WEAVE

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18