Print

အရေပြားခြောက်သွေ့ခြင်းပြဿနာ

  28-Dec-2019
Preview Image

(၁) အရေပြားခြောက်သွေ့ခြင်းရဲ့လက္ခဏာတွေက ဘာတွေလဲ

• ရေချိုးပြီးချိန် (သို့) ရေကူးပြီးချိန်မှာ အရေပြားတင်းသလိုခံစားရခြင်း

• အသားအရေကြမ်းတမ်းခြင်း၊ ယားယံခြင်း

• အရေပြားကွာခြင်း၊ အက်ကွဲခြင်း

• အသားအရေနီခြင်း

• ကွဲအက်နေသောအရေပြားနေရာမှ သွေးထွက်ခြင်း

 

 (၂) ဘာကြောင့် အရေပြားခြောက်သွေ့တာလဲ

• ရာသီဥတု - အထူးသဖြင့်ဆောင်းတွင်းကာလဟာ အသားအရေအခြောက်သွေ့ဆုံးအချိန် ဖြစ်တတ်တယ်။

• ရေနွေးနဲ့ ရေချိုးတာ အချိန်ကာလကြာပြီဆိုရင်လည်း အသားအရေခြောက်သွေ့တယ်။

• တချို့သော ဆပ်ပြာတွေ၊ ခေါင်းလျှော်ရည်တွေကလည်း အသားအရေရဲ့ စိုထိုင်းစကို နည်းပါးစေပြီး ခြောက်သွေ့စေတယ်။

• နဂိုကတည်းက အရေပြားပြဿနာ အခံရှိတဲ့သူဆိုရင်လည်း အသားအရေခြောက်သွေ့ဖို့ပိုလွယ်တယ်။

 

 ဘယ်လိုကာကွယ်လို့ရလဲ

• အသားအရေကို အစိုဓာတ်ရှိနေအောင် စိုထိုင်းစဖြည့်ပေးသော Lotion (moisturizer) သုံးခြင်း

• ရေနွေးနွေးနဲ့ ရေချိုးတတ်တဲ့ အလေ့အထရှိရင် တတ်နိုင်သလောက် လျှော့ပစ်ပြီး သာမန်ရေနှင့် ရေချိုးခြင်း

• စိုထိုင်းစ (moisturizer) ပါသော မျက်နှာသစ်ကရင်မ်၊ ရေချိုးဆပ်ပြာတို့ကိုသုံးခြင်း

• ပန်းကန်ဆေး၊ အဝတ်လျှော်တဲ့အချိန်တွေမှာ ရာဘာလက်အိတ်ရှည်ဝတ်ခြင်း

• ရေနှင့်ထိတွေ့တဲ့အချိန်ကို လျှော့ချခြင်း

 

 ဥပမာ ရေချိုးတဲ့ကြာချိန်ကို ၁၀ မိနစ်ထက် မပိုစေခြင်း

• ခန္ဓာကိုယ်မှာလည်း ရေဓာတ်ကြွယ်ဝနေစေဖို့ ရေများများသောက်ခြင်း၊ အရည်ရွှမ်းသော သစ်သီးများစားသုံးခြင်း

 

စတဲ့အချက်တွေကို လုပ်ဆောင်ပေးခြင်းအားဖြင့် အသားအရေခြောက်သွေ့ခြင်းကို လျော့ပါးသက်သာစေမှာဘဲ ဖြစ်ပါတယ်။

 

Credit : Dr. Hsu


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18