Print

ကွန်ဒုံးမသုံးဘဲ အပျော်အပါးလိုက်စားမိလျှင်

  27-Dec-2019
Preview Image

တစ်ကြိမ်တစ်ခါ အသိတရား ကင်းလွတ်သွားတာနဲ့ သင့်ခန္ဓာကိုယ်ထဲကို ရောဂါပိုးဝင်ရောက် သွားနိုင်ပါတယ်။ တကယ်လို့ သင်ဟာ အပျော်အပါးလိုက်စားရင် အကာအကွယ်ကွန်ဒုံးကို မသုံးဘူးဆိုရင်ပေါ့။ “တစ်ခါတည်းပါ” ဆိုတဲ့အမှားကြောင့်ဖြစ်တတ်တဲ့ ရောဂါပိုးတွေကတော့ အများကြီး ရှိပါတယ်။

ကလိုင်မိုင်ဒီးယား ကာလသားရောဂါ


ကုသလို့ရတဲ့ ဘက်တီးရီးယားပိုး ကူးစက်မှုပါ။ မကုသဘဲ နေရင်တော့ ဘဝအဖော်ထံ ကူးစက်နိုင်ပါတယ်။

ကာကွယ်မှု

- ကွန်ဒုံးသုံးပါ
- တစ်လင် တစ်မယားစနစ် ကျင့်သုံးတာက အကောင်းဆုံး ကာကွယ်မှုပါ။
- အပျော်အပါး လိုက်စားမိရင် နှစ်စဉ်ရောဂါစစ်ဆေးပါ။

ရောဂါလက္ခဏာ

- ဆီးသွားတဲ့အခါ ပူစပ်ပူလောင်ဖြစ်ခြင်း
- ဆီးနဲ့သုက်ရည် မဟုတ်တဲ့ ပုံမမှန်အရည်ထွက်ခြင်း
- မကုသဘဲနေရင် နာကျင်မှု၊ ဖျားခြင်းစတာတွေ ခံစားရတတ်ပါတယ်။

ကုသမှု

- ပဋိဇီဝပိုးသတ်ဆေးသောက်ဆေး

ဂနိုဆီးပူညောင်းကျရောဂါ

ဂနိုပိုးကြောင့် ဖြစ်ပြီး ရောဂါကို အလွယ်တကူ ကုသ နိုင်ပါတယ်။

ကာကွယ်မှု

- ကွန်ဒုံးသုံးပါ (ဂနိုပိုးဟာ သုက်ရည်နဲ့ မိန်းမကိုယ်က ထွက်တဲ့ အရည်ကတစ်ဆင့် အဓိကကူးစက်နိုင်ပါတယ်)
- ရောဂါမဖြစ်အောင် တစ်လင်တစ်မယားစနစ် ကျင့်သုံးပါ။

ရောဂါလက္ခဏာ

- ရောဂါပိုး ကူးစက်ခံရပြီး ၁ဝ ရက်အတွင်း ရောဂါဖြစ်နိုင်ပါတယ်။
- ဆီးပြွန်ချောင်းတဝိုက် နီရဲပြီး ပုံမမှန် အရည်ထွက် တတ်ပါတယ်။
- မကြာခဏ ဆီးသွားတတ်ပါတယ်။
- ဆီးသွားရင်း နာကျင်မှုနဲ့ မသက်မသာ ဖြစ်မှုတို့ ခံစားရ တတ်ပါတယ်။

ကုသမှု

- ပဋိဇီဝ ပိုးသတ်ဆေးသောက်ဆေး

ဆစ်ဖလစ်ကာလသားရောဂါ

- ဆစ်ဖလစ် ကာလသား ရောဂါဟာလည်း ဘက်တီးရီးယား ပိုးကြောင့်ဖြစ်တာပါ။

ကာကွယ်မှု

- ဆစ်ဖလစ်ပိုးဟာ ကွန်ဒုံးသုံးရင်တောင် အပြည့်အဝ ကာကွယ်မှု မပေးနိုင်ပါ။
- တစ်လင် တစ်မယားစနစ် ကျင့်သုံးတာက အကောင်းဆုံး ကာကွယ်မှုပါ။

ရောဂါလက္ခဏာ

- ပိုးဝင်တဲ့နေရာမှာ အနာဖြစ်ခြင်း
- ပြင်းထန်လာပါက လက်၊ ခြေထောက်မှာ အရေပြား အနီကွက်ဖြစ်ခြင်း
- ပါးစပ်ထဲအနာအဖြူကွက်ပေါက်ခြင်း
- လက်ဖဝါး၊ ခြေဖဝါးမှာ အနီစက်ပေါ်ခြင်း
- ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ အစာစားချင်စိတ် နည်းခြင်း၊ ကိုယ်အလေးချိန်ကျခြင်း

ကုသမှု

- ပင်နီဆီလင်

ရေယုန်

- ရေယုန်ကတော့ ရေယုန်ဗိုင်းရပ်စ်ပိုး(Herpes Simplex Virus)ကြောင့် ဖြစ်တာပါ။

ကာကွယ်မှု

- ကွန်ဒုံးသုံးရင် ကူးစက်မှု လျော့နည်းပေမယ့် အရေပြားချင်း ထိတွေ့မှုကြောင့်လည်း ရေယုန်ကူးတတ်ပါတယ်။
- တစ်လင်တစ်မယား စနစ်ကျင့်သုံးပါ။

ရောဂါလက္ခဏာ

- ဗိုင်းရပ်စ်ပိုးဝင်ပြီး နှစ်ပတ်အတွင်း ဖြစ်လေ့ရှိပါတယ်။
- လိင်အင်္ဂါ တစ်လျှောက် ယားယံခြင်း၊ ပူစပ်ခြင်း၊ နာကျင်ခြင်းခံစားရကာ အရည်ကြည်ဖု အသေးတွေ ပေါက်လေ့ ရှိပါတယ်။
- ရေယုန်ကို ဆီးနဲ့ထိတွေ့မိရင် နာကျင်တတ်ပါတယ်။
- ခေါင်းကိုက်ခြင်း၊ ဖျားခြင်း ခံစားရတတ်ပါတယ်။

ကုသမှု

- ဗိုင်းရပ်တားဆေး


HIV


Human Immunodeficiency ဗိုင်းရပ်စ်ကြောင့်ဖြစ်ပြီး လူ့ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို အားနည်းစေပါတယ်။

ကာကွယ်မှု

- လိင်ဆက်ဆံမှုနဲ့ Oral Sex အတွက် ကွန်ဒုံးသုံးပါ။
- တစ်လင် တစ်မယားစနစ် ကျင့်သုံးတာက အထိရောက်ဆုံး ကာကွယ်မှုပါ။

ရောဂါလက္ခဏာ

- အစောပိုင်းအဆင့်မှာ တုပ်ကွေးလို ဖျားနာမှု ခံစားရခြင်း
- CD4 ဆဲလ်ပမာဏဟာ ပုံမှန်အောက် ကျသွားတဲ့အခါ သားငံရည်ကျိတ် ရောင်ရမ်းခြင်း၊ အရေပြား ပြဿနာနဲ့ ပါးစပ် အနာပေါက်ခြင်းတို့ ဖြစ်ပေါ်တတ်ပါတယ်။
- CD4 ဆဲလ် ထပ်မံ ကျသွားတဲ့အခါ ရေယုန်နဲ့ ခါးပတ်ရေယုန်လို အရေပြားပြဿနာ ဖြစ်လာ တတ်ပါတယ်။
- CD4 ဆဲလ် အလွန်အမင်း ကျသွားတဲ့အခါ AIDS ရောဂါ ဖြစ်သွားပါတယ်။

ကုသမှု

- HAART (Highly active antiretroviral therapy)

Credit : Good Health

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18