Print

ဆံသား ခြောက်သွေ့ခြင်း

  23-Dec-2019
Preview Image

ခြောက်သွေ့တဲ့ ဆံပင်သားပိုင်ရှင်တွေအတွက် ခေါင်းလျှော်နေတဲ့အခါမှာ ဘယ်လိုအချက်တွေကို သတိထားရှောင်ရှားရမလဲ ဆိုတာ လေ့လာမိသလောက် ဝေမျှပေးချင်ပါတယ်။ ညီမလေးအနေနဲ့ အရင်ဆုံးခေါင်းလျှော်တဲ့ Shampoo ကို ရွေးချယ်တဲ့
နေရာမှာ Baby shampoo လိုဟာမျိုး ရွေးချယ်ဝယ်ယူပြီး လျှော်စေချင်ပါတယ်။ ဒီ Shampoo တွေဟာ တခြားသော Shampoo တွေထက် ဆံသားခြောက်သွေ့ခြင်းကို ပိုမိုသက်သာစေပါတယ်။ နောက်ပြီး ခေါင်းလျှော်တဲ့နေရာမှာ နေ့တိုင်း ခေါင်းမလျှော်သင့်ပါဘူး။ တစ်ပတ်ကို နှစ်ကြိမ်လောက် ရက်ခြား လျှော်မယ်ဆိုရင်ပဲ လုံလောက်ပါတယ်။ ဒါဟာလည်း ညီမလေးရဲ့ ဆံပင်ကို သန့်ပြန့်စေဖို့ လုံလောက်ပါတယ်။ ဒီလိုရက်ခြား ခေါင်းလျှော်ခြင်းဟာ ဆံသားမှာရှိတဲ့ သဘာဝအဆီတွေ ဆုံးရှုံးမှုကို နည်းပါးစေပါတယ်။ နောက်တစ်ချက်ကတော့ ရေပူနဲ့ ခေါင်းမလျှော်ပါနဲ့လို့ ပြောချင်ပါတယ်။ ရေပူကဆံပင်သားကို ကာကွယ်ပေးထားတဲ့ သဘာဝအဆီတွေကို ဖယ်ရှားပစ်လိုက်လို့ပါပဲ။ နောက်ပြီးတော့ ညီမလေးအနေနဲ့ Shampoo နဲ့ ခေါင်းလျှော်ပြီး သွားတဲ့အခါမှာ ဆံပင်ကို ရေနဲ့သေသေချာချာ ဆေးကြောသန့်ရှင်းပေးဖို့ လိုအပ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုရင် ဆံပင်သားတွေမှာ Shampoo တွေ ကျန်ရှိနေခဲ့မယ်ဆိုရင် ဆံပင်သားတွေကို ခြောက်သွေ့စေနိုင်လို့ပါ။

Credit : မေဦး (လသာ)


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18