Print

ငယ်ရွယ်စဉ် လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် အူလမ်းကြောင်း အားကောင်းစေပြီး...

  13-Dec-2019
Preview Image

ငယ်ရွယ်စဉ် လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် အူလမ်းကြောင်းရှိ သေးငယ်သော ပိုးမွှားများကို အပြောင်းအလဲ ဖြစ်စေနိုင်သောကြောင့် ဦးနှောက်ပိုကောင်းပြီး တစ်သက်တာအတွင်း ခန္ဓာကိုယ်ဇီဝဖြစ်ပျက်မှုကို အားကောင်းစေနိုင်ကြောင်း ကော်လိုရာဒို-ဘိုလ်ဒါတက္ကသိုလ်မှ သုတေသီများ လေ့လာတွေ့ရှိခဲ့သည်။

လူသားများ၏ အူလမ်းကြောင်းထဲတွင် သေးငယ်သော ပိုးမွှားများ ၁၀၀ ထရီလီယံကျော်ရှိပြီး ယင်းပိုးမွှားများအနက် အများအပြားသည် မွေးဖွားပြီး အချိန်တိုအတွင်း လူတို့၏ အူလမ်းကြောင်း၌ ဖြစ်ပေါ်လာကြသည်။ ယင်းသေးငယ်သော ပိုးမွှားများသည် ကိုယ်ခံအားစနစ် ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါပြီး တစ်ကိုယ်လုံးရှိ မျိုးဗီဇများသို့ မျိုးဗီဇငါးသန်းအထိ ထပ်တိုးဖြစ်ပေါ်လာစေနိုင်သည်။

အူလမ်းကြောင်းထဲရှိ သာမန်မျက်စိဖြင့် မမြင်နိုင်သော ဘက်တီးရီးယားများက သဘာဝအလျောက် အကာအကွယ်ဖြစ်ပေါ်စေပြီး ရောဂါပိုးဝင်ရောက်မှုလျော့ပါးအောင် လုပ်ဆောင်ပေးကာ အစာချေဖျက်မှုဆိုင်ရာ အင်ဇိုင်းများ လုပ်ဆောင်ချက်ပိုမိုအားကောင်း လာစေနိုင်သည်။ ထို့အပြင် အချို့သော အူလမ်းကြောင်းဆိုင်ရာ ဘက်တီးရီးများက အာဟာရဓာတ်စုပ်ယူမှုပိုများအောင် လုပ်ဆောင်ပေးပြီး ဇီဝဖြစ်ပျက်မှုနှင့် အူများနှင့် ဆက်စပ်သော အာရုံကြောစနစ်ဖွံ့ဖြိုး တိုးတက်မှုကို အားကောင်းအောင် လုပ်ဆောင်ပေးသည်။

လူများ၏ အူလမ်းကြောင်းဆိုင်ရာ အာရုံကြောစနစ်က ဦးနှောက်နှင့် ပြန်လည် ဆက်သွယ်သောကြောင့် စိတ်ခံစားချက်ဆိုင်ရာ ပြောင်းလဲမှုများပင် ဖြစ်ပေါ်စေနိုင်သည်။ မိခင်ဝမ်းတွင် သန္ဓေစတည်ချိန်၌ သန္ဓေသား၏ တစ်ဖက်တွင် စအိုစတင်ဖြစ်ပေါ်ပြီးနောက်မှ ပါးစပ်ဖြစ်ပေါ်သည်။ ထို့ကြောင့်စတင်ဖြစ်ပေါ်သော ပထမဆုံး အဓိက စနစ်များအနက် တစ်ခုမှာ ပါးစပ်ပေါက်နှင့် စအိုကို ဆက်သွယ်ထားသော အစာလမ်းကြောင်းဖြစ်သည်။ ယင်းကြောင့် လူသား၏ အလုံးစုံကျန်းမာရေးအတွက် အူလမ်းကြောင်းအရေးပါခြင်းမှာ အံ့ဩစရာမဟုတ်ပေ။

လေ့လာတွေ့ရှိချက်အရ လူသားများ၏ ဘဝတွင် စောလျင်စွာလေ့ကျင့်ခန်းလုပ်လေ အူလမ်းကြောင်းဆိုင်ရာ အကျိုးကျေးဇူးများ လေဖြစ်ပြီး ဇီဝဖြစ်စဉ်နှင့်စိတ်ကျန်းမာရေးနှစ်ခုအတွက် အကျိုးကျေးဇူးများကြောင်း သိရသည်။

Credit : 7 Day Daily Journal

 သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18