Print

ကလေးငယ်များ နှာစေးလျှင်၊ နှာပိတ်လျှင်

  10-Dec-2019
Preview Image

ရောဂါလက္ခဏာများ
- နှာခေါင်းပိတ်ခြင်း၊
- နှာခေါင်းမှအရည်ကြည်များထွက်ခြင်း၊
- အထူးသဖြင့် ညအခါချောင်းဆိုးခြင်း၊
- ကလေးငယ်များတွင် အစားမစားနိုင်ခြင်း၊ နို့မစို့နိုင်ခြင်း၊
- အကျိအချွဲများ ပါးစပ်ထဲ ဝင်ရောက်လာပါကအန်ခြင်း၊

သင်ပထမဆုံးဘာလုပ်ပေးသင့်သလဲ


၁။ ကလေးကို နှာခေါင်းပေါက်တစ်ဖက်ချင်းဖွင့်၍ နှာမှုတ်စေခြင်းကို မကြာခဏ လုပ်ဆောင်ခိုင်းပါ။ ရိုးရိုးနှာစေးခြင်း ပြဿနာကို ဒီနည်းနဲ့ကုသခြင်းတစ်မျိုးတည်းဖြင့် လုံလောက်ပါတယ်။

၂။ ကလေးအသက်ရှူကျပ်နေရင် ရင်ဘတ်ကိုပရုတ်ပါတဲ့ လိမ်းဆေး လိမ်းပေးခြင်း၊ ခေါင်းအုံးမှာ ပရုတ်ပါတဲ့ အဆီဆွတ်ထားပေးခြင်းကို ညအိပ်ရာဝင်တဲ့အခါ လုပ်ဆောင်ပေးပါ။ အသက် ၁ဝ နှစ်ကျော်ပြီဖြစ်တဲ့ ကလေးများ ဆိုရင်တော့ ရေနွေးပူမှာ ပရုတ်ထည့်ပြီး အငွေ့ရှူခိုင်းခြင်းဟာလည်း အသက်ရှူကျပ်ခြင်းကို သက်သာစေပါတယ်။

၃။ ညဘက်ချောင်းဆိုးနေရင် ခေါင်းအုံးမြင့်မြင့်ခံပြီး ခေါင်းပိုင်းမြှင့်ထားပေးခြင်း (သို့) အိပ်ရာခြေရင်းပိုင်း မြှင့်ထားပေးခြင်းဖြင့် ချွဲသလိပ်များ လည်ပင်းအောက်ပိုင်း လည်ချောင်းထဲ မဝင်သွားစေရန် ကာကွယ်ပေးနိုင်ပါသည်။

၄။ ဆရာဝန် ညွှန်ကြားချက်မရှိဘဲ နှာခေါင်းထဲသို့ ဆေးရည်မထည့်ပါနဲ့။

ဆရာဝန်ထံ ပြသဖို့လိုပါသလား

ကလေးအစားမစားနိုင်လောက်အောင် ဆိုးရွားနေလျှင် သော်လည်းကောင်း၊ တစ်စုံတစ်ခုနှင့် မတည့်တဲ့ လက္ခဏာများနဲ့အတူတွဲကာ နှာစေးခြင်းဖြစ်ပွားလျှင်သော် လည်းကောင်း၊ အကြောင်းရှာမရဘဲ ကြာရှည်စွာ နှာစေးနေလျှင်သော်လည်းကောင်း ဆရာဝန်ထံ အမြန်ပြသဖို့ လိုအပ်ပါတယ်။

Credit : ဒေါက်တာမာမာဆွေ

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။


 



Related Articles


Advertisment 18