Print

ဇီကာဗိုင်းရပ်စ်ပိုးက နမ်းရှိုက်ရာမှ တစ်ဆင့်ကူးစက်နိုင်

  08-Dec-2019
Preview Image

ဇီကာဗိုင်းရပ်စိပိုးကို တံတွေးနဲ့ ဆီးနမူနာထဲမှာ တွေ့ရှိခဲ့တဲ့အတွက် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ အနေနဲ့နမ်းရပ်တာ၊ ရောဂရှိသူတွေနဲ့ ထမင်းတစ်ပန်းကန်တည်း အတူတူစားတာ၊ ဟင်းရည်ဇွန်း အတူသုံးစွဲတာ၊ ရေခွက်အတူတူသုံးစွဲတာတွေ မပြုလုပ်သင့်လို့ ဘရာဇီးမှ ကျန်းမာရေးအရာရှိတွေက အကြံပေးလိုက်ပါတယ်။

ဇီကာဗိုင်းရပ်စ်ဟာ သွေးထဲမှာ အဓီက ပေါက်ဖွားတာ ဖြစ်ပေမယ့် တစ်ခါတစ်ရံ ဆီးနဲ့ တံတွေးလိုမျိုး ခန္ဓာကိုယ်ရဲ့ အရည်တွေထဲမှာလဲ တွေ့ရှိနိုင်ပြီး တံတွေးကတစ်ဆင့် ကူးစက်နိုင်တာမို့ ကျန်းမာရေးအရာရှိတွေက အဲဒီလို သတိပေးလိုက်တာ ဖြစ်ပါတယ်။


ဇီကာဗိုင်းရပ်စ် ရောဂါလက္ခဏာသည် သွေးလွန်တုပ်ကွေး ရောဂါလက္ခဏာနှင့် ဆင်တူကြောင်း၊ ဖျားနာ၍ အပူရှိန်ကြီးခြင်း၊ အဖုအပိမ့်များထွက်ခြင်း၊ မျက်စိများနီရဲလာခြင်း စသည့်ရောဂါလက္ခဏာများ တွေ့ကြောင်း၊ ကူးစက်ခံရသူ ၈၁ ရာခိုင်နှုန်းမှာ ရောဂါလက္ခဏာ မပြသေးကြောင်း၊ ခြင်ကိုက်ခံရပြီး ကိုယ်ဝန်ဆောင်မိခင်မှ မွေးဖွားလောသော ကလေးငယ်သည် ဦးခေါင်းများ သာမန်ထက် သေးငယ်ပြီး ဉာဏ်ရည်ဖွံ့ဖြိုးမှုအားနည်းကြောင်း၊ ဦးနှောက်နှင့် အာရုံကြော ချို့ယွင်းချို့တဲ့ကြောင်း သိရပါတယ်။

များသောအားဖြင့် ကလေးငယ်မွေးဖွားပြီး သေဆုံးမှုများသော်လည်း မသေကျန်ရှိမွေးဖွားလာပါက ရာသက်ပန် ဒုက္ခိတလူစဉ်မမီ ဖြစ်စေပါသည်။ ယခုအခါ အင်ဒိုနီးရှား၊ ထိုင်း စသည့် အရှေ့တောင်အာရှ နိုင်ငံများတွင်လည်း တွေ့ရှိနေရသည်ဟု သိရပါသည်။မြန်မာနိုင်ငံအနေဖြင့်လည်း အထူးသတိပြု ကြိုတင်ကာကွယ်ရန် သင့်ပါသည်။

ဆေးလည်းမရှိသေး၊ ကုထုံးလည်း မသိသေးသည့် ဇီကာဗိုင်းရပ်စ်ရောဂါကို ရင်ဆိုင်ရန်မှာ လတ်တလောအားဖြင့် ကြိုတင်ကာကွယ်ခြင်းနည်းလမ်းသာလျှင် အကောင်းဆုံးဖြစ်ပါသည်။ထိုသည်မှာ ခြင်ကိုက်မခံရန် ကာကွယ်ခြင်း၊ ခြင်များမပေါက်ဖွားရန် ရေစီးရေလာကောင်းစေရန် ရေမြောင်းများ ဖောက်ခြင်း၊ ရေဝပ်နေရာများဖို့ခြင်း၊ ပတ်ဝန်းကျင်အမှိုက်သရိုက်မရှိရန် ရှင်းလင်းခြင်း၊ ရေစည်ရေအိုးဖုံးအုပ်ထားခြင်း၊ ညောင်ရေအိုး၊ ပန်းအိုးများ ရေမကြာ
ခဏလဲပေးခြင်း၊ ခြင်လောက်လမ်းများ မပေါက်စေခြင်း၊ ခြင်ကျားကာကွယ်ခြင်း လုပ်ငန်းများအတိုင်း လုပ်ဆောင်ပေးခြင်း၊ ခြင်ကိုက်မခံစေရန် ကာကွယ်ခြင်းစသည်တို့ လုပ်ဆောင်ရပါသည်။

Credit : စောအောင်မိုး (ဆေးဝါးတက္ကသိုလ်)


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18