Print

Smart Phone များ၏ ဘေးထွက်ဆိုးကျိုးများ

  07-Dec-2019
Preview Image

ဟန်းဖုန်းနဲ့ ပတ်သက်တဲ့ ကျွန်တော့်အမြင်တွေကို ပြောနေရုံနဲ့တော့ ပြီးမှာ မဟုတ်ပါဘူး။ ဟန်းဖုန်းစွဲလန်းမှုရဲ ့ နောက်ကွယ်က ပေးလာမယ့် အကျိုးဆက်တွေကိုလည်း တစ်လှည့်နေရာပေးဦးမှပါ။ တကယ်တော့ ဖုန်းစွဲလမ်းမှုဟာ ဂိမ်းစွဲလမ်းမှု၊ Internet တို့၊ Facebook တို့ စွဲလမ်းမှုနဲ့ သိပ်တော့ ကွာလှတာ မဟုတ်ပါဘူး။ အဲဒါတွေကြောင့်ဘဲ ဖုန်းကိုစွဲလမ်းနေကြတာလည်း ဖြစ်နိုင်ပါတယ်။ 


စွဲလမ်းမှုနဲ့ ပတ်သက်လို့ WHO (ကမ္ဘာ့ကျန်းမာရေးအဖွဲ့) ကြီးက စနစ်တကျ သုတေသနပြုထားတဲ့ Data Base တွေကို အမြည်းသဘော ဖောက်သည်ချချင်ပါတယ်။ WHO က Smart ဖုန်းကို အကြိမ်ပေါင်း ၁၀၀၀ အထက် အသုံးပြုပြီးသူများကို စနစ်တကျ သုတေသနပြုခဲ့တဲ့အခါ ကျန်းမာရေးနှင့် ပတ်သက်တဲ့ အောက်ပါအချက်လေးချက်ကို တွေ့ခဲ့ရပါတယ်တဲ့။ အဲဒါက _
(၁) ကင်ဆာ
(၂) တခြား ကျန်းမာရေးပြဿနာ
(၃) Electromagnetic တွေရဲ့ သက်ရောက်မှုနဲ့
(၄) ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ပါပဲ။

ကင်ဆာ

ဒါကို ကမ္ဘာလုံးဆိုင်ရာ ကင်ဆာသုတေသနဌာနက တာဝန်ယူ စစ်တမ်းကောက်ခဲ့တာဖြစ်ပြီး တစ်နေ့ကို ဟန်းဖုန်းအကြိမ်များစွာ အသုံးပြုသူ အုပ်စုနှင့် ရံဖန်ရံခါသုံးတဲ့ အုပ်စုဆိုတဲ့ အုပ်စုနှစ်ခုခွဲပြီး လေ့လာရာမှာ ဟန်းဖုန်းအကြိမ်များစွာ သုံးစွဲသူတွေမှာ ဦးနှောက်နဲ့ ဆက်စပ်တဲ့ ကင်ဆာဖြစ်နိုင်ခြေဟာ တစ်ဖက်အုပ်စုထက် ရာခိုင်နှုန်း ၇၀ နီးပါး ပိုများနေတာကို တွေ့ခဲ့ရပါတာပါ။

Other Health Effects


ဒါကိုတော့ သိပ္ပံသုတေသနဌာနက Report လုပ်ခဲ့တာပါ။ ဖုန်းကို အကြိမ်များစွာ အသုံးပြုသူတွေဟာ ဦးနှောက်ရဲ့ စွမ်းဆောင်ရည် ကျဆင်းလာတယ် (သတိမေ့တာ၊ မှတ်သားနိုင်မှု လျော့ကျတာ)၊ အိပ်စက်မှုမမှန်တာ၊ မျက်စိအဝေးမှုန်လာတာနဲ့ ပေါင်းသင်းဆက်ဆံရေး ထိခိုက်လာတာတွေပါ။ ဆက်ပြီးလည်း သုတေသနလုပ်နေပြီး အသစ်တွေ့ ရှိချက်တွေလည်း အများကြီးမို့ Confirm လုပ်နိုင်ဖို့ ကြိုးစားနေပါတယ်တဲ့။

Electromagnetic effects

ကျွန်တော်တို့ ဘယ်လိုအချိန်တွေမှာ ဖုန်းကို ပိတ်တတ်ကြသလဲ။ ခေါင်းတွေကိုက်၊ မျက်ရိုးတွေ ကိုက်လာရင် ပိတ်ပစ်တတ်ကြပါတယ်။ ဖုန်းကို အင်္ကျ ီအိတ်ထဲ ထည့်ထား တာကြာရင် နှလုံးခုန်မြန်လာတာ၊ နှလုံးအောင့်လာတာမျိုးကိုတော့ ကြုံဖူးလား။ ဒါတွေဟာ Electromagnetic တွေရဲ့ ရိုက်ခတ်မှုတွေကြောင့်ပါပဲ။ ဒီပြဿနာကို ကျွန်တော်တို့ လှိုင်းအနိမ့်ကိုသုံးတဲ့ 2G ဖုန်းတွေမှာထက် လှိုင်းကြိမ်နှုန်းမြင့်တဲ့ 3G ဖုန်းတွေ သုံးချိန်မှာ ပိုသိသိသာသာ ခံစားရတာကိုရော သတိထားမိကြမလား မသိဘူး။ ဟုတ်ပါတယ်။ 3G ဖုန်းတွေဟာ Electromagnetic ပိုထွက်တဲ့အတွက် ပိုပြီး သိသိသာသာ ခံစားရတာပဲ ဖြစ်ပါတယ်။ မြန်မာပြည်မှာတော့ 4G ဖုန်းတွေ မသုံးသေးတော့ 3G ရဲ့ဒဏ်ပဲ ခံရဦးမှာပါ။ 4G ကို တွင်တွင်ကျယ်ကျယ် သုံးနေပြီဖြစ်တဲ့ ကိုးရီးယားတို့၊ ဗြိတိန်တို့မှာတော့ Electromagnetic တွေ နှောင့်ယှက်လို့ တီဗီတောင် တစ်ခါတလေ လိုင်းမမိတော့ဘူးလို့ သိရပါတယ်။

Credit : ပြည့်နိုင်

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18