Print

နို့ဦးရည်ကို ညှစ်ပစ်ကြခြင်း

  27-Nov-2019
Preview Image


အမျိုးသမီးတစ်ဦး သားသမီးမွေးဖွားပြီး ပထမဦးဆုံးထွက်သော နို့ရည်ကို Colostrum နို့ဦးရည်ဟု ခေါ်ပါသည်။ နို့ဦးရည်မှာ ခပ်ကျဲကျဲဖြစ်ပြီး အရောင်မှာလည်း ဝါကျင့်ကျင့် ထေးထေး ဖြစ်နေတတ်ပါသည်။ ထို့ကြောင့် နို့ဦးရည်သည် မသန့်ရှင်း၊ ကလေးငယ်အတွက် အန္တရာယ်ဖြစ်နိုင်သည်ဟု ယူဆကာ ညှစ်ထုတ်ပစ်တတ်ကြသည်။ ယင်းအယူအဆမှာ အမျိုးသမီးအများစုတွင် လက်ခံထားတတ်ကြဆဲဖြစ်ပါသည်။ အမှန်စင်စစ် နို့ဦးရည်သည် ကလေးငယ်အတွက် အလွန်အရေးကြီးလိုအပ်ပါသည်။ နို့ဦးရည်တွင် အာဟာရဓာတ်များစွာ ပါဝင်သည်။ ရောဂါပိုးမွှားများကို ကာကွယ်တိုက်ဖျက်နိုင်စွမ်းရှိသော ပဋိပစ္စည်း (Antibodies) များ အများအပြားပါဝင်သည်။ နို့ဦးရည်ကို ကလေးငယ်တိုင်းအတွက် တိုက်ကျွေးသင့်သည်။ မိခင်ဝမ်းမှ ကျွတ်လျှင်ကျွတ်ချင်း စောနိုင်သမျှစောစွာ ရင်သွေးငယ်အား နို့တိုက်ကျွေး သင့်ကြောင်း ဆေးပညာရှင်များက အကြံပေးကြပါသည်။ အကြောင်းအမျိုးမျိုးကြောင့် ကလေးငယ်အား မိခင်နို့တိုက်ကျွေးမှု မပြုနိုင်လျှင် နို့ဦးရည်ကို ညှစ်ယူ၍ ကလေးငယ်အား အစက်ချပြွန်ဖြင့် အစက်ချတိုက်ကျွေးသင့်ကြောင်း တင်ပြအပ်ပါသည်။

• နို့သီးရည်ကို ညှစ်မပစ်ပါနှင့်။ ရင်သွေးငယ်အား တိုက်ဖြစ်အောင်တိုက်ပါ။
• နို့ဦးရည်သည် ခုခံစွမ်းအားကို ကောင်းစေသည်။

Ref:
ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)
ကျန်းမာရေးနှင့် ပတ်သက်သော အယူအဆအမှားများနှင့် သိမှတ်ဖွယ်ရာများ စာအုပ်မှကောက်နှုတ်ထားပါသည်။

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



Related Articles


Advertisment 18