Print

ပခုံးနှင့် ဇက်ကြော နာကျင်ရသည့် အကြောင်းရင်း

  24-Nov-2019
Preview Image


သင့်ပခုံးနဲ့ ဇက်ကြောနေရာမှာ နာကျင်မှုကို ခံစားနေရတယ်ဆိုရင် အောက်ပါအကြောင်း အချက်တွေကြောင့် ဖြစ်နိုင်ပါတယ်။

သင့်လုပ်ငန်းခွင်ကြောင့်
သင့်လုပ်ခွင်ထဲမှာ ကွန်ပျူတာအသုံးပြုချိန်များတာ၊ ကွန်ပျူတာမျက်နှာမျက်နှာပြင်က သင့်ခန္ဓာကိုယ် အနေအထားနဲ့ ဟန်ချက်မညီတာမျိုးတွေ ကြောင့်ဖြစ်နိုင်ပါတယ်။ လုပ်ငန်းခွင်မှာ ဖြစ်ပေါ်တတ်တဲ့ စိတ်ဖိစီးမှုတွေကြောင့်လည်း ပခုံးနဲ့ ဇက်ကြောနာကျင်ကာ ခေါင်းကိုက်တာမျိုး ဖြစ်စေနိုင်ပါတယ်။

သင့်ဆံပင်ကြောင့်
ဆံပင်ကို တင်းတင်းကျပ်ကျပ် စည်းနှောင်ထားတာကြောင့် သင့်ကုပ်ပိုးများက တစ်သျှူးတွေကို ဆွဲတင်းထားသလိုဖြစ်စေပြီး ဦးရေပြားတင်းနေကာ ပခုံးနေရာက ကြွက်သားတွေ တင်းအားဖြစ်စေပြီး ခေါင်းကိုက်တာမျိုးတောင် ဖြစ်နိုင်ပါတယ်။

သင့်အိပ်စက်မှုပုံစံကြောင့်

သင်အိပ်စက်ချိန်မှာ သင့်ဝမ်းဗိုက်ကို မွေ့ရာနှင့်ထိပြီး မှောက်လျက် အိပ်လေ့ရှိပါသလား။ ဒါဆိုရင်တော့ သင့်လည်ပင်းနေရာကို ဆွဲလှည့်ထားသလိုဖြစ်နေစေပြီး အိပ်ရာက နိုးထလာချိန်မှာ ပခုံးနဲ့ဇက်ကြောနေရာ
နာကျင်လာနိုင်ပါတယ်။

သင့်ကားမောင်းမှုပုံစံကြောင့်

သင်က အချိန်ကြာကြာကားမောင်းချိန်မှာ ထိုင်တဲ့ခုံက ပုံစံမကျရင် အာရုံစိုက်ပြီး ကားမောင်းရတာကြောင့် ပခုံးနဲ့ ဇက်ကြောတွေ နာကျင်လာနိုင်ပါတယ်။

သင့်လေ့ကျင့်ခန်းကြောင့်

အလေးမ လေ့ကျင့်ခန်းတွေကို ပြုလုပ်ချိန်မှာ လိုအပ်တာထက်ပိုပြီး အကြိမ်ကြိမ် အလေးမတတ်တဲ့ သူတွေမှာ ပခုံးနဲ့ ဇက်ကြောနာကျင်မှုတွေ ဖြစ်နိုင်ပါတယ်။

Ref:
သဲသဲ
Good Health Jarnal

 သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18