Print

Alice in Wonderland Syndrome

  23-Oct-2019
Preview Image

Alice in Wonderland Syndrome (AIWS) ကို တခြားနာမည်တွေအနေနဲ့ Todd's syndrome, Lilliputian hallucinations စသဖြင့်လည်း ခေါ်ဝေါ်ကြပါတယ်... ဒီဝေဒနာ
ခံစားရသူတွေဟာ လက်တွေ့ဘဝနဲ့ သွေဖီပြီး လောကနဲ့ ပတ်ဝန်းကျင်ကို အမြင်တမျိုးနဲ့
မြင်တတ်ကြသူတွေဖြစ်ပါတယ်... ကိုယ့်ပတ်ဝန်းကျင်က အရာဝတ္ထုတွေ သေးငယ်
သွားတာ၊ ကြီးမားလာတာ၊ အဝေးက အရာဝတ္ထုတစ်ခုကို ကိုယ်နဲ့ နီးနီးလေးလို့ ထင်တာ၊ နီးတဲ့ အရာဝတ္ထုကို အဝေးကြီးမှာလို့ ထင်တာ စသဖြင့် လက်တွေ့ဘဝနဲ့ သွေဖီတဲ့ အထင်အမြင်တွေ ရှိတတ်ကြတာမျိုးပါ... များသောအားဖြင့် Migraine ခေါင်းကိုက်ခဲခြင်း၊ ဦးဏှောက် အကျိတ်နဲ့ စိတ်ရောဂါအတွက် သောက်သုံးရတဲ့ ဆေးတွေနဲ့ ဒီဝေဒနာဟာ ဆက်စပ်လို့ နေပါတယ်... Epstein-Barr Virus (Mononucleosis) ရောဂါမှာ စတွေ့ရတတ်တဲ့ လက္ခဏာ တစ်ခုလည်း ဖြစ်ပါတယ်...

လေ့လာမှုများအရ ဒီရောဂါရဲ့ လက္ခဏာတွေကို ကလေးငယ်တွေမှာ အတွေ့ရများပြီး တချို့ကတော့ ဆယ်ကျော်သက်အရွယ်ထိ ဆက်တွေ့ရတတ်ပါတယ်... ဒီဝေဒနာဟာ အိပ်ခြင်းနဲ့ ပတ်သက်မှုရှိပြီး အိပ်ရေးအပျက်များတဲ့အခါ ဖြစ်ပေါ်လာတယ်လို့ ယူဆကြ
ပါတယ်... ပုံမှန်မဟုတ်တဲ့ လျှပ်စီးကြောင်းတွေကြောင့် ဦးဏှောက်ထဲက အမြင်အာရုံခွဲခြမ်း
စိတ်ဖြာပေးတဲ့ အစိတ်အပိုင်းကို ထောက်ပံ့ပေးတဲ့ သွေးစီးကြောင်းတွေ ကမောက်ကမဖြစ်
မှုကြောင့် ဒီဝေဒနာ ဖြစ်တတ်တယ်လို့လည်း ဆိုပါတယ်...

ရောဂါလက္ခဏာများ

အဓိကအားဖြင့် တွေ့ရတဲ့ လက္ခဏာကတော့ ဦးခေါင်း ပြင်းထန်စွာ ကိုက်ခဲခြင်း
Migraine ပဲ ဖြစ်ပါတယ်... ဒီလို ခေါင်းကိုက်ခဲမှု ရောဂါရှိသူတွေမှာ AIWS ကိုတစိတ်တဒေ
သအဖြစ် တွေ့ရတတ်ပါတယ်... AIWS ဝေဒနာ ခံစားရသူတွေမှာ အမြင်အာရုံ၊ အထိအတွေ့အာရုံ၊ အကြားအာရုံ၊ ခံစားမှုအာရုံ စတဲ့ အာရုံခံစားမှုတွေမူမမှန်ခြင်း
ဖြစ်ကြတာကိုတွေ့ရပါတယ်... ဒါကြောင့် ပတ်ဝန်းကျင်က အရာဝတ္ထုပစ္စည်းတွေကို ကြီးတယ်ထင်တာ၊ သေးငယ်တယ်ထင်တာ စသဖြင့် ခံစားရတတ်ပါတယ်...ဒါ့အပြင်
မိမိရဲ့ ကိုယ်ခန္ဓာတစ်ခုလုံး ဒါမှမဟုတ် အစိတ်အပိုင်းတစ်ခုခုကိုပါ ကြီးတယ်၊ သေးသွား
တယ် စသဖြင့် ထင်မှတ်မှားမှုမျိုးလည်း ရှိတတ်ပါတယ်...

ဒီလို အရာဝတ္ထုတွေရဲ့ အရွယ်အစားနဲ့ ပတ်သက်ပြီး အမြင်ထင်ယောင်မှားမှုကို "Lilliputian" လို့ခေါ်ပါတယ်... အဓိပ္ပါယ်ကတော့ ပုံမှန်ရှိနေတာကို ကြီးတယ်၊ သေးတယ် ထင်မှတ်မှားတာလို့ ဆိုလိုပါတယ်...ဒီဝေဒနာဟာ မျက်စိကြောင့် အမြင်မှားခြင်းမဟုတ်ဘဲ
မျက်လုံးကနေ ပေးပို့တဲ့ ပုံရိပ်ကို သိမြင်ပေးရတဲ့ ဦးဏှောက်က အမြင်လွဲမှားစွာ သုံးသပ်
မိတာကြောင့် ဖြစ်ရတာ ဖြစ်ပါတယ်...

ဒါ့အပြင် ဝေဒနာရှင်တွေဟာ အချိန်ကာလမှတ်သားမှုမှာလည်း ကမောက်ကမ ဖြစ်တတ်
ကြပါသေးတယ်... ဥပမာအားဖြင့် အချိန်က ထင်တာထက် အရမ်းပိုကြာနေတာ၊ အချိန်
ကာလ မရှိဘူးလို့ ထင်မှတ်မိတာ စသဖြင့် ခံစားရတာမျိုးပါ... Hallucination ခေါ် မရှိတာ
ကို ရှိတယ်ထင်တတ်တဲ့ လက္ခဏာလည်း တွေ့ရတတ်တဲ့အပြင် ခြေလက်တွေလှုပ်မရတာ၊
မှတ်ဉာဏ် ချို့ယွင်းတာ စတာတွေကိုလည်း ရှားရှားပါးပါး တွေ့ရတတ်ပါတယ်...

နောက်ဆက်တွဲ ပြဿနာများ

ရောဂါကိုယ်တိုင်ကတော့ ဘာပြဿနာမှ မပေးနိုင်ပေမယ့် အမြင်အာရုံ ထင်မှတ်မှားမှုကြောင့်
ဝေဒနာရှင်တွေဟာ ကြောက်ရွံ့တာ၊ သံသယဝင်တတ်တာ၊ မိမိကိုယ်ကို ဒါမှမဟုတ် ပတ်ဝန်းကျင်က သူတွေကို တိုက်ခိုက်တတ်တာတွေ ရှိတတ်ပါတယ်... များသော အားဖြင့် အသက် ၆ နှစ်လောက်ကနေ စဖြစ်တတ်ပြီး အသက် ၂၀ ဝန်းကျင်လောက်မှာ ပျောက်သွား
တတ်ပါတယ်...

ကုသခြင်း

AIWS အတွက် တိတိပပ ကုထုံးရယ်လို့တော့ မရှိသေးပါဘူး... အစားအစာနဲ့ နေထိုင်
မှုပုံစံ ပြောင်းလဲခြင်းတွေက AIWS ကိုဖြစ်စေတဲ့ Migraine ဖြစ်ပေါ်မှုကို အတန်အသင့် တားဆီးပေးနိုင်ပါတယ်... ဥပမာ အားဖြင့် ချောကလက်၊ ဝိုင်အနီနဲ့ Cheese တွေကို
ရှောင်ရှားသင့်တယ်လို့ ပညာရှင်များက ဆိုကြပါတယ်...

Credit : ကြယ်မင်းတာယာ

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 

 



Related Articles


Advertisment 18