Print

ဆရာဝန် ညွှန်ကြားထားသောဆေးများ ရပ်တန့်ပစ်ခြင်း

  19-Oct-2019
Preview Image

နာတာရှည်ရောဂါလူနာများ (ဥပမာ-သွေးတိုးရောဂါ၊ သွေးချိုရောဂါလူနာများ) အား ဆရာဝန်များက နေ့စဉ်မပြတ်သောက်ရန် ညွှန်ကြားလေ့ရှိသည်။ အဆိုပါ လူနာများ သည် ဆေးခန်းသို့ လာရောက်ပြသကြသောအခါ သွေးအလွန်အကျွံတက်နေခြင်း၊ သို့မဟုတ် သွေးသကြားဓာတ် အဆမတန် များပြားနေခြင်းတို့ တွေ့ရတတ်သည်။ ကုသပေးနေသော ဆရာဝန်များက သွေးကျဆေးများ၊ သွေးချိုဆီးချိုရောဂါ ကုသေဆေး များ ပေးထားလျက် မည်သည့်အတွက် ထိုသို့ဖြစ်ရသည်ကို အမျိုးမျိုးတွေးတော စဉ်းစားရတော့သည်။

လူနာများအား ညွှန်ကြားထားသောဆေးဝါးများ မှန်မှန်သောက်ပါရဲ့လားဟု မေးမြန်းရာ
တွင် လူနာများမှာ ဆေးဝါးများကို မိမိဘာသာ ရပ်နားထားကြောင်း တွေ့ရသည်။
သွေးပေါင်ချိန်ကြည့်ရာတွင် ပုံမှန်ဖြစ်နေသောကြောင့် အရမ်းကျသွားမည်စိုး၍ ရပ်တန့်ခြင်း ဖြစ်သည်ဟု ဆိုပါသည်။ သွေးချိုဆီးချိုလူနာ တချို့ကလည်း သွေးမှာ သကြားဓာတ် တိုင်းကြည့်ရာ ပုံမှန်ဖြစ်နေလို့၊ တစ်ခါတစ်ရံ နည်းနေ၍ ရပ်ထားခြင်း
ဖြစ်ကြောင်း ပြောပါသည်။

သွေးတိုးရောဂါနှင့် သွေးချိုဆီးချိုရောဂါ လူနာများမှာ သွေးဖိအားမှန်နေခြင်း၊ သွေး၌ သကြားဓာတ် ပုံမှန်ရှိနေခြင်းတို့မှာ ဆေးမှန်မှန် မှီဝဲသုံးစွဲနေခြင်း တို့ကြောင့်ဖြစ်သည်။
ဆေးရပ်တန့်ပစ်လိုက်လျှင် သွေးပြန်တိုးမည်။ သွေး၌ သကြားဓာတ် ပြန်တက်မည်သာ
ဖြစ်သည်။ ဆေးရပ်တန့်ပစ်၍ မရပေ။ အကယ်၍ မိမိအနေနဲ့ စိုးရိမ်၍ ဆေးရပ်တန့်လိုလျှင် မိမိဘာသာ မိမိဆန္ဒဖြင့် မရပ်သင့်ပေ။ ဆေးညွှန်ကြားပေးထားသော ဆရာဝန်ထံ သွားရောက်၍ မေးမြန်းတင်ပြရန် လိုပါသည်။

ဆရာဝန်က နေ့စဉ်မှန်မှန် အဆက်မပြတ်သောက်ရန် ညွှန်ကြားထားသော ဆေးများကို ရပ်တန့်ခြင်းသည် အန္တရာယ်ရှိပါသည်။ သွေးအလွန်အကျွံတက်ခြင်းကြောင့် လေဖြတ်ခြင်း
ကြုံရတတ်သည်။ သွေး၌ သကြားဓာတ် အလွန်အကျွံများမှုကြောင့် နောက်ဆက်တွဲ အရှုပ်အထွေးဆိုးကျိုးများ ဖြစ်လာနိုင်သည်။

Credit : ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)


 သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18