Print

ဝမ်းချုပ်ခြင်းကို သက်သာစေမယ့် သဘာဝ နည်းလမ်းကောင်းများ

  13-Oct-2019
Preview Image

ဝမ်းချုပ်ခြင်းက လူအများစုမှာ ဖြစ်တတ်တဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာ တစ်ရပ် ဖြစ်ပါတယ်။ အကြောင်းရင်းတွေ ကတော့ ဖိုက်ဘာဓာတ်မရှိခြင်း၊ ရေသာက်သုံးမှု နည်းခြင်း၊ တချို့သော ဆေးဝါးများကို သုံးစွဲခြင်း စသည်တို့ ဖြစ်နိုင်ပါတယ်။ ထိုခံရခက်တဲ့ ဝေဒနာကို သက်သာစေနိုင်ဖို့ ဘေးကင်း လွယ်ကူတဲ့ သဘာဝ ဆေးနည်းများစွာက ကုသ ပေးနိုင်ပါလိမ့်မယ်။

၁။ သံလွင်ဆီစစ်က အရသာရှိတဲ့ အဆီတစ်မျိုး ဖြစ်ရုံသာမက ဝမ်းချုပ်ခြင်းကိုပါ သက်သာစေပါတယ်။ ၎င်းက အစာချေဖျက်မှု စနစ်ကု မြှင့်တင်ပေးပါတယ်။

နည်းလမ်းကတော့- မနက်ပိုင်းမှာ သံလွင်ဆီ တစ်ဇွန်း သောက်ပေးပါ။ အစာ မစားရသေးခင် သောက်သုံးရင် ပိုထိရောက်မှု ရှိစေပါတယ်။ အရသာ ပိုကောင်းစေချင်ရင် ရှောက်သီးညှစ်ပြီး သောက်သုံးနိုင်ပါတယ်။(ရှောက်သီးကလည်း ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။)

၂။ လတ်ဆတ်တဲ့ ရှောက်သီး တစ်လုံးက အစာအိမ်ကိုပါ အကျိုးပြုစေနိုင်တယ် ဆိုတာ သိပါသလား။ ရှောက်သီးမှာပါတဲ့ citric acid က အစာချေဖျက်မှုစနစ်ကို လှုံ့ဆော် ပေးနိုင်ပါတယ်။ ဒါ့အပြင် ဝမ်းတွင်း အပူအပုပ်များ၊ မချေဖျက်နိုင်သော အစာများကိုပါ ကူညီရှင်းထုတ် နိုင်ပါတယ်။

နည်းလမ်းကတော့- ရေနွေးတစ်ခွက်ထဲသို့ ရှောက်သီးတစ်လုံးကို ညှစ်ထည့်ပြီး သောက်သုံးပါ။

၃။ တစ်ခါ တစ်ရံမှာတော့ ကော်ဖီက မိတ်ဆွေကောင်း တစ်ယောက် ဖြစ်နေပါတယ်။ ဆိုလိုတာ ကတော့ ကော်ဖီက မွှေးပံျ့လန်းဆန်းစေတဲ့ ရနံ့ကို ပေးစွမ်းနိုင်ရုံ သာမက ၎င်းမှာပါဝင်တဲ့ ကဖင်းဓာတ်က အစာချေဖျက်ခြင်းကို ကူညီပေးပါတယ်။ တစ်ခွက် နှစ်ခွက် သောက်ပေးတာက ပြဿနာ မရှိပေမယ့် အလွန်အကံျွ မသောက်မိဖို့တော့ သတိထားသင့်ပါတယ်။

၄။ သင့်ဝမ်းတွင်းက အစာချေဖျက်မှုကို ပုံမှန်လည်ပတ်စေချင်ရင် သင်ကိုယ်တိုင် ကလည်း ပုံမှန်ကိုယ်လက် လှုပ်ရှားပေးဖို့ လိုအပ်ပါတယ်။ ကိုယ်လက် လေ့ကျင့်ခန်းလုပ်ခြင်းက ဝမ်းချုပ်ခြင်းနဲ့ စပ်ဆက်မှု ရှိမရှိ ဆိုတာကို သိပ္ပံနည်းကျ အတည်မပြု ရသေးသော်လည်း အူမကြီးရဲ့ ကြွက်သားတွေကို ပြေလျော့ပေးတယ်လို့ ယူဆနိုင်ပါတယ်။ တစ်ခု သတိထားရမှာကတော့ ကိုယ်လက် လေ့ကျင့်ခန်းကို အစာစားပြီး တစ်နာရီလောက်ကြာမှသာ လုပ်သင့်တယ် ဆိုတာပါပဲ။

၅။ ဖိုက်ဘာဓာတ်ပါတဲ့ အစားအစာတွေကို များများစားပေးပါ။ ဒီသဘာဝနည်းလမ်းကတော့ အကောင်းဆုံးပါပဲ။ ဖိုက်ဘာဓာတ်က ချေဖျက်လို့ မရတဲ့ ပစ္စည်းဖြစ်ပြီး၊ ၎င်းက ရေမြုပ်ကဲ့သို့ လုပ်ဆောင်ပါတယ်။ ၎င်းကရေကို အပြည့်အဝ စုပ်ယူကာ ဝမ်းတွင်းမှာရှိတဲ့ စွန့်ထုတ်ပစ္စည်းတွေကို ပျော့သွားစေပြီး လွယ်ကူစွာ ထွက်စေပါတယ်။ ဖိုက်ဘာဓာတ် ကြွယ်ဝတဲ့ အစား အစာတွေကတော့ ပဲ၊ တရုတ်ဆီးသီး၊ ဂံျုကြမ်းပေါင်မုန့် ၊ ဘယ်ရီသီး၊ ပန်းဂေါ်ဖီစိမ်း၊ ဆီးသီး၊ သစ်တော်သီး၊ ပန်းသီး၊ သစ်စေ့၊ အာလူး စတာတွေ
ဖြစ်ပါတယ်။

၆။ ရှားစောင်း လက်ပတ်က အသားအရေလှဖို့ တစ်ခုတည်း အတွက် မဟုတ်ပါဘူး၊ ဝမ်းတွင်း အစာလှည့်ပတ်မှုကိုပါ ကောင်းမွန်စေပါတယ်။ ရှားစောင်းလက်ပတ်ကနေ ချက်ချင်း ရယူထားတဲ့ အနှစ်က အကောင်းဆုံး ဖြစ်ပါတယ်။ ဒါပေမယ့် ထိုအနှစ်က
ပြုပြင်ထားတဲ့ ရှားစောင်းလက်ပတ် ဖျော်ရည်ထက် ပါဝင်မှုဓာတ် ပိုများတာကြောင့် နှစ်ဇွန်းထက်ပိုပြီး မသုံးသင့်ပါဘူး။

နည်းလမ်းကတော့- သစ်သီးဖျော်ရည်ထဲမှာ သန့်ရှင်းတဲ့ ရှားစောင်း လက်ပတ်အနှစ် နှစ်ဇွန်းရောစပ်ပြီး မနက်တိုင်း သောက်သုံးပေးပါ။ (သို့) ပြုပြင်ပြီးသား ရှားစောင်း လက်ပတ်ဖျော်ရည် တစ်ခွက်သောက်ပါ။

Credit : ဖိုးသူတော်




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18