Print

အင်းဆက်ကိုက်ခြင်း

  13-Oct-2019
Preview Image

အင်းဆက်တွေက ပူတဲ့ အချိန်တွေမှာ ပိုပေါတတ်ပါတယ်။ အင်းဆက် အကိုက်ခံရရင် လူအများစုမှာ သေးငယ်ပြီး ယားယံတဲ့ အဖုသေးတစ်ခု ထွက်လာ တတ်ပါတယ်။အင်းဆက်
ကိုက်တာက မပြင်းထန်ဘူးဆိုရင် ဒဏ်ရာပေါ် ရေခဲဝတ်ကပ်ပေးရုံနဲ့ ရောင်ရမ်းနာကျင်မှု
လျော့ကျစေနိုင်ပါတယ်။ ဟစ်စတာမင်းဆန့် ကျင်ဆေး (Anti-histamine pill)ကို
သောက်ရင် ယားယံတာ သက်သာပြီး အိပ်မောကျသွားပါလိမ့်မယ်။ အင်းဆက် နဲ့ ဓာတ်မတည့်မှု ဖြစ်တတ်တဲ့သူတွေ အင်းဆက်အကိုက်ခံရရင် ပိုဆိုးစေနိုင်ပါတယ်။ လက္ခဏာအနေနဲ့ ပူတာ၊ မျက်နှာရဲတာ၊ အသက်ရှူရခက်တာ၊ ရင်ဘတ်ထဲတင်းကျပ်
နေတာ စတဲ့ လက္ခဏာတွေ ခံစားရတတ်ပါတယ်။ ဒါဆိုရင်တော့ နီးစပ်ရာ ဆေးရုံ၊
ဆေးခန်းကို အမြန်ဆုံးသွားပြသင့်ပါတယ်။

Credit : Mingalar

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18