Print

သင့်ကလေး မိတ်ပေါက်နေသလား

  10-Oct-2019
Preview Image

ပူပြင်းတဲ့ နွေရာသီမှာ နုနယ်တဲ့ ကလေးအသားအရေတွေက မိတ်ပေါက်လွယ်
တတ်ပါတယ်။ယေဘုယျအားဖြင့် မိတ်ပေါက်တာက အန္တရာယ်မရှိပါဘူး။ ရာသီဥတု
ပူပြီး ချွေးထွက်များရာက ကလေးတွေ မှာ မိတ်ပေါက်လေ့ရှိပါတယ်။

လေထုစိုထိုင်းစေသော စက်တပ်ဆင်ပါ။

ရာသီဥတုက ပူတဲ့အပြင် ပတ်ဝန်းကျင်လေထုထဲမှာ ရေငွေ့မရှိဘဲ ခြောက်သွေ့နေရင် အရေပြားကို ကာကွယ်ထားတဲ့ သဘာဝအဆီဓာတ်တွေက ကွာကျသွားပါတယ်။ ဒါကြောင့် အယားဖု လေးတွေနဲ့ မိတ်ဖုလေးတွေ ပေါက်လာတာဖြစ်ပါတယ်။ ဒါကြောင့် အယားဖုလေးတွေ နဲ့မိတ်ဖုလေးတွေ ပေါက်တာဖြစ် ပါတယ်။ ဒါကြောင့် ကလေးရှိတဲ့ ဝန်းကျင်မှာ
လေထုစိုထိုင်းနေအောင် Humidifier လို့ခေါ်တဲ့ လေထုစို ထိုင်းစက်ကို ဖွင့်ထားပေးပါ။

ပေါ့ပါးသော ချည်သားဝတ်စုံများဝတ်ပေးပါ။

အပူရှိန်မြင့်မားချိန်မှာ ခန္ဓာကိုယ်က ပြန်လည်အငွေ့မပျံ နိုင်ရင် မိတ်ပေါက်နိုင်ခြေပို
များပါတယ်။ ဒါကြောင့်ချွေးထွက်တိုင်း အငွေ့ပျံလွယ်တဲ့ ပေါ့ပါးတဲ့ အဝတ်အစားတွေ
ကို ကလေးကို ဝတ်ဆင်ပေးသင့် ပါတယ်။ ထူထဲတဲ့ အဝတ်အစားတွေကို လုံးဝမဝတ်ပေး
သင့်ပါ။

အရေပြားကို လိုးရှင်းပေးပါ။

ကလေးရဲ့ အရေပြားက စိုပြည်နေရင် အယားဖုတွေနဲ့ မိတ်ဖုတွေအလွယ်တကူ
မပေါက်နိုင်ပါဘူး။ ဒါကြောင့် ကလေးရဲ့ အရေပြားကို ခြောက်သွေ့မှု မရှိအောင် ထိန်းသိမ်း
ပါ။

ကလေး လက်သည်းများကို ညှပ်ပေးပါ။

မကြာခဏ လက်ဆေးပေးပါ။ မိတ်ပေါက်တာက ယားတာကလွဲလို့ အန္တရာယ်
မရှိပေမယ့် ယားတဲ့အခါ ကလေးတွေက မသန့်ရှင်းတဲ့ လက် နဲ့ ကုတ်ခြစ်မိတတ်ကြ
ပါတယ်။ အဲဒီအခါ မိတ်ဖုကနေ ယားနာအဖြစ် ကူးပြောင်းသွားတတ်တာကြောင့် ကလေးရဲ့
လက်သည်းတွေကို တိုအောင် စနစ်တကျ ညှပ်ပေးပြီးလက်တွေကိုလည်း မကြာခဏ
ဆေးကြောပေးရပါမယ်။

ယားယံမှု သက်သာစေရန် ဆေးလိမ်းပါ

မိတ်ပေါက်နေတဲ့ ကလေးငယ်ရဲ့ အရေပြားကို ခြောက်သွေ့အောင် မထားသင့်
တဲ့အပြင် ယားယံမှု သက်သာစေဖို့ပေါင်ဒါ၊ ဆေးပေါင်ဒါ၊ Calamine လိုးရှင်း၊ Caladryl လိုးရှင်းတွေ လိမ်းပေးနိုင်ပါတယ်။

Credit: ငွေစုစံ

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18