Print

Allergic rhinitis ဖြစ်ဖို့ အခွင့်အရေးရှိတဲ့ သူတွေ

  06-Oct-2019
Preview Image

အခြားအရာတွေမှာ Allergy ရှိတဲ့သူတွေ ( ဥပမာ။ ။ food allergy ရှိတဲ့သူ တွေ) ဆေးလိပ်မီးခိုးငွေ့ရှုနေရတဲ့သူတွေ ဒါကြောင့် ပတ်ဝန်းကျင်အခြေအနေဟာ ဓာတ်မတည့်မှု ဖြစ်စေနိုင်ပါတယ်။ Allergic ဖြစ်မှုဟာ မျိုးရိုး ဗီဇနဲ့လည်း သက်ဆိုင်မှုရှိပါတယ်။ Allergic Rhinitis ရဲ့ လက္ခဏာတွေကတော့
- ချောင်းဆိုးခြင်း
- ခေါင်းကိုက်ခြင်း
- ယားယံခြင်း (နှာခေါင်း၊ ပါးစပ်၊ လည်ပင်း၊ မျက်လုံး ၊ အရေပြား စသဖြင့်)
- နှာရည်ကျခြင်း
- အနံ့ကောင်းမွန်စွာမရခြင်း
- နှာပိတ်ခြင်း
- မျက်ရည်ကျခြင်း
- လည်ပင်းနာခြင်း
- အသက်ရှူ ကြပ်ခြင်း
- အိပ်သည့်အခါ အဆင်မပြေဖြစ်ခြင်း
- နေထိုင်၍ မကောင်းခြင်း
- မျက်လုံး အောက်မှာ ညို နေတတ်ခြင်းတို့ဖြစ်ပါတယ်။

Allergic Rhinitis ရဲ့ ကုသမှုတွေမှာ

Corticosteroid ပါဝင်တဲ့ Nasal Spray ( နှာခေါင်း ထဲကို ဖြန်းရတဲ့ ဆေး) တွေက အကောင်းဆုံးလို့ ဆိုပါတယ်။ ဒီဆေးကို မှန်မှန်နဲ့ ကြာကြာ သုံးတဲ့အခါမှာ ရလဒ်ကောင်းကောင်း ရနိုင်တယ်လို့ဆိုပါတယ်။ ဒီဆေးဟာ လူကြီးကော ကလေးအတွက်ပါ စိတ်ချရတယ်လို့လဲ ဆိုထားပါတယ်။ ဆေးဖြစ်တဲ့ အတွက်ကြောင့် ဘေးထွက်ဆိုးကျိုး (Side effect ) ကတော့ အနည်းငယ်တော့ ရှိပါတယ်။

Credit : ဒေါက်တာစိုင်းဝေအောင်

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18