Print

အိပ်မပျော်သောရောဂါအတွက် ကုသမှုဓာတ်စာ

  06-Oct-2019
Preview Image

အစာအာဟာရ ကုထုံးဓာတ်စာသည် အိပ်မပျော်သောရောဂါအတွက် ကုသမှုဓာတ်စာအဖြစ် ပဲစောင်းလျားသီးကို စားပေးခြင်းဖြင့် သက်သာပျောက်ကင်းစေနိုင်ပါသည်။ သို့မဟုတ် ကင်ပွန်းချဉ်ရွက်ကို ငါးခူနှင့်ဖြစ်စေ၊ ငါးရံ့နှင့်ဖြစ်စေ၊ ငါးကျည်းနှင့်ဖြစ်စေ၊ ငါးကြင်းနှင့်ဖြစ်စေ၊ ငါးဘတ်နှင့်ဖြစ်စေ၊ ရရာငါးများတစ်မျိုးမျိုးနှင့် ချက်စားပေးခြင်းဖြင့်လည်း ကောင်းမွန် နှစ်ခြိုက်စွာ အိပ်ပျော်စေနိုင်ပေသည်။ သို့မဟုတ် ငါးဖရုံမီးကင်ပြီးသားကို ကြိတ်မှန်ရွက်နှင့် သုတ်စားပေးခြင်းဖြင့် အိပ်မပျော်သောရောဂါတွင် အိပ်ပျော်စေနိုင်ပါသည်။ သို့မဟုတ် အိပ်မပျော်သော ရောဂါအတွက် ကုထုံးအာဟာရဓာတ်စာအဖြစ် ကြိတ်မှန်ရွက်စိမ်း ကို ပတဲကောအနည်းငယ်ထည့်၍ ကြက်သွန်နီ၊ နှမ်း၊ သံပုရာရည်ညှစ်၍ မကြာခဏ သုံးစားပေးခြင်း ဖြင့် အိပ်မပျော်သောရောဂါကို ပျောက်ကင်းစေနိုင်ပါသည်။
သို့မဟုတ် ချဉ်ပေါင်ကြီးကို ငါးမြင်းသားနှင့် ချက်စားပေးခြင်းဖြင့် အိပ်မပျော်သောရောဂါ အတွက် ကုထုံးဓာတ်စာအဖြစ် အသုံးဝင်သော ဆေးဖက်ဝင် ဟင်းလျာတစ်ခွက်လည်း ဖြစ်ပေသည်။

ကုထုံးစာ


ခွေးတောက်ရွက်ကို ငါးသလောက်နှင့် ဟင်းချိုသောက်ပေးခြင်းဖြင့် အစားပျက်၍ အိပ်မပျော် သောရောဂါအတွက် ဆေးဖက်ဝင်ဟင်းလျာ တစ်ခွက်ဖြစ်ပြီး အစာအာဟာရ ကုထုံးဓာတ်စာအဖြစ် အသုံးပြုနိုင်ပါသည်။

Credit : ကျော်တင့်ဆွေ


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18