Print

Facebookပေါ်တွင် စိတ်ကျန်းမာရေး မထိခိုက်အောင် ရှောင်ကြဉ်ခြင်း

  05-Oct-2019
Preview Image

စိတ်အနှောင့်အယှက်တွေ၊ စိတ်ထိခိုက်မှုတွေ မရှိဘဲ နေ့တစ်နေ့ကိုဖြတ်သန်းဖို့
တော်တော်ခက်ပါတယ်။ ယခုလို ဖေ့စ်ဘုတ်တို့၊ twitterတို့လို လူမှုမီဒီယာတွေရှိလာချိန်
မှာတော့ လူတွေနဲ့ ဆက်သွယ်နိုင်တဲ့အခွင့်အရေးတွေ ပိုမိုရရှိလာသလို လူတွေရဲ့ လျစ်လျူ
ရှုမှုကြောင့် စိတ်ထိခိုက်ရတာတွေဟာလည်း ပိုမိုများပြားလာခဲ့ပါတယ်။ကျွန်တော်တို့ရဲ့
သူငယ်ချင်းတွေ၊ကျွန်တော်တို့နဲ့ရင်းနှီးတဲ့လူတွေဟာ ကျွန်တော်တို့တင်တဲ့ပို့စ်တွေ့ကို Like မလုပ်လိုက်မိတဲ့အခါလေးမှာတောင် စိတ်မကောင်းဖြစ်ရပါတယ်။ comment မရေးတဲ့အခါမှာ စိတ်ထိခိုက်ရပါတယ်။ ကျွန်တော်တို့ကို မတုံ့ပြန်ကြတဲ့အခါ နာနာ
ကျင်ကျင်ဖြစ်ရပါတယ်။ တုံပြန်မှုမရဘဲ ဝိုင်းကျဉ်ခံထားရတယ်ဆိုတဲ့ခံစားချက်မျိုးကိုလည်း ကျွန်တော်တို့ မကြာခဏကို ကြုံရလေ့ရှိပါတယ်။ ဒီလိုဝိုင်းကျဉ်တယ်ဆိုတာ ကလည်း ဟိုးအရင်ကတည်းက လူ့သမိုင်းမှာသုံးလာတဲ့ လူမှုရေးအရအပြစ်ပေးမှုပါ။ဖေ့စ်ဘုတ်မှာ
လစ်လျူရှုခံရတာအချို့ကတော့ တော်တော်လည်းဆိုးပါတယ်။ ပြင်းလည်းပြင်းထန်လွန်းပါတယ်။ ဥပမာ ကိုယ့်ရဲ့ရည်စားဟောင်း ဒါမှမဟုတ် ခင်ပွန်းဟောင်းက (တကယ်ပဲဖြစ်ဖြစ်၊ ကတောက်ကဆဖြစ်လို့ပဲဖြစ်ဖြစ်) သူတို့ရဲ့profile ကို single(တစ်ယောက်တည်းသမား) အဖြစ် ပြောင်းလိုက်တဲ့အခါမှာတော့ ကွဲကွာမှုကို တရားဝင် ကြေငြာခံရရုံတင်မကဘူး နဂိုကတည်းက ခံစားနေရတာကို အရှက်ရမှုတွေ၊ ခံရခက်မှုတွေပါ ထပ်ပိလာပါတော့တယ်။

ဒီလိုလစ်လျူရှုခံရတဲ့အခါ အလွန်နာကျင်ရတဲ့ အကြောင်းကတော့ ခန္ဓာကိုယ်နာကျင်
မှုရသလိုပဲ ဦးနှောက်ထဲက နေရာတစ်ချို့မှာ လှုံ့ဆော်မှုတွေ ဖြစ်လာတာကြောင့်ပါ။ ဒီလိုမျိုး အလွန်အကျွံခံစားရတာကြောင့် ကျွန်တော်တို့ဟာ တကယ့်အရှုံးသမားကြီးတွေ
လို၊ တကယ်ပဲ အထိအခိုက် မခံတဲ့လူတွေလို ဖြစ်လာနိုင်ပါတယ်။ အမှန်တော့ ကျွန်တော်တို့ဟာ ဒီလိုလူမျိုးတွေ မဟုတ်ပါဘူး။ အလွန်နာကျင်တာကြောင့် ဖေ့စ်ဘုတ်ပေါ်
မှာ လစ်လျူရှုခံရာမှာကို စိုးရိမ်နေတာပါ။ ခင်ဗျား invite လုပ်တာတွေကို သူတို့က တုံ့ပြန်
ချင်မှ တုံ့ပြန်မှာပါ။ ခင်ဗျား invite လုပ်တဲ့လူက ဖေ့စ်ဘုတ်ကို Newsfeed ဖတ်ရုံလောက် သုံးတဲ့လူဖြစ်ပြီး သူ့အလုပ်တွေ၊ကျောင်းတွေမှာ အလုပ်များနေနိုင်ပါတယ်။ တချို့ကတော့ သူတို့ကို tag လုပ်တဲ့ပို့စ်တွေကိုသာ သေသေချာချာဖတ်ပြီး comment
သုံးလေးခု ပေးတတ်ကြပါတယ်။ သာမန်ဆိုရင်တော့ သာမန်သာဖတ်ပြီး like လုပ်
ဖို့တောင် မေ့သွားကြပါတယ်။ သွားစိတ်ဆိုးလို့မရပါဘူး။ ဖေ့ဘုတ်ကို အလုပ်သဘော
ဆန်ဆန် အလုပ်ကြီးတစ်ခုလို သူတို့က သဘောထားကြတာပါ။ ဒီဖေ့စ်ဘုတ်ကို ခင်ဗျား
ထက်တောင် ခံစားတတ်လို့ သူတို့က ဒီလိုသတ်မှတ်ထားကြတာပါ။ပြောရမယ်ဆိုရင်
တော့ ဖေ့စ်ဘုတ်ပေါ်မှာ ငါတော့ လစ်လျူရှုခံရပြီလို့ ထင်နိုင်တဲ့ နည်းလမ်းတွေအများကြီး
ရှိပါတယ်။ သေချာစဉ်းစားကြည့်ရင် ၁၀၀၀မှာ ၉၉၉ ခုလောက်ဟာ ပုဂ္ဂိုလ်ရေးပိုင်းနဲ့ ဘာမှမဆိုင်ပါဘူး။ ဒါတွေကို ကိုယ်က ဆိုးဆိုးဝါးဝါးသွားခံစားနေရင် ခင်ဗျားပဲစိတ်ထိ
ခိုက်ရမှာပါ။ သူငယ်ချင်းတွေနဲ့ ဆက်ဆံရေးမှာလည်း မကောင်းမြင်မှုတွေဖြစ်လာပြီး မဖြစ်သင့်တဲ့ပြဿ နာတွေ ဖြစ်လာနိုင်ပါတယ်။ဖေ့စ်ဘုတ်ဆက်ဆံရေးမှာ ခင်ဗျားသိထား
ရမယ့် အရေးကြီးဆုံး အချက်ကတော့ တစ်ဖက်လူ ဘာတွေဖြစ်နေတယ်ဆိုတာကို ခင်ဗျား
စေ့စေ့စပ်စပ် မသိဘူးဆိုတာပါပဲ။ ခင်ဗျားအနေနဲ သံသယရှိတယ်ဆိုရင် “ဟေ့ သူငယ်ချင်း
ဘာတွေဖြစ်နေလဲ” လို့ အဲ့လူကို တိုက်ရိုက်မက်ဆေ့ဂျ်ပို့လို့ရပါတယ်။ ခင်ဗျားနဲ့ သူ့ကြားမှာ
ဘာပြဿနာမှ မရှိဘူးဆိုတာကတော့ သူပြန်ပြောတဲ့အပေါ် မူတည်ပါလိမ့်မယ်။

Credit : ဖိုးသူတော်

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18