Print

ကျောက်ဖရုံသီး (Wax Gourd)

  30-Sep-2019
Preview Image

ကျောက်ဖရုံသီးကို တရုတ်လူမျိုးတွေက အဖြူသီးလို့လည်း ခေါ်ကြတယ်။ အကြောင်းကတော့ ကျောက်ဖရုံသီးအခွံမှာ အဖြူရောင်ပေါင်ခါမှုန့် လိမ်းထားသလိုဖြစ်လို့ရယ်၊ အစေ့တွေက လိမ်းထား သလိုဖြစ်လို့ရယ်၊ ကျောက်ဖရုံသီးက ရှည်ရှည်မျောမျောဖြစ်ပြီး တချို့လည်း ခါးလယ်က နည်းနည်း သိမ်တော့ ရှေးတုန်းက သုံးတဲ့ခေါင်းအုံး
ပုံဖြစ်နေတဲ့အတွက် ခေါင်းအုံးလို့လည်း ခေါ်ခဲ့တယ်။ ရှေးတရုတ်ဆေးကျမ်းတစ်စောင်မှာ “ ကိုယ်ခန္ဓာကိုယ်သေးသွယ်ပေါ့ပါး ကျန်းမာချင်ရင် ကျောက်ဖရုံသီးအမြဲစား၊ ဝချင်ရင်တော့ မစားနဲ့ပေါ့” လို့ အကြံပြုခဲ့ပါတယ်။ အခုခေတ် ဆေးသိပ္ပံ ပညာရဲ့ သုသေတနပြုမှုအရ သိရှိရတာကတော့ ကျောက်ဖရုံသီးဟာ အခြားဟင်းသီးဟင်းရွက်တွေနှင့် ခြားနားမှုက ကျောက်ဖရုံသီးမှာ အဆီဓာတ် လုံးဝကင်းတယ်။ ဆိုဒီယမ် (ဆား) ဓာတ်နိမ့်ပါးတယ် ဖောဖောသီသီ ဆီးသွားစေတဲ့ အကျိုးအာနိသင်ရှိတယ်။ ဒါကြောင့်
ကျောက်ဖရုံသီးဟာ ဝတဲ့လူတွေ အမြဲစားပေးရင် အဆီကျစေတဲ့ အကျိုးသက်ရောက်မှု ရရှိစေတယ်။ ကျောက်ကပ်ရောင်ရမ်းပြီး ဖောရောင်တဲ့လူတွေ ကျောက်ဖရုံသီးစားရင် အဖောကျစေတယ်။ သွေးချိုဆီးချိုရောဂါရှိသူများနဲ့ သွေးတိုးရောဂါရှိသူများအတွက် အလွန်သင့်တော်တဲ့ ဟင်းလျာဖြစ်တယ်လို့ဆိုပါတယ်။

ကျောက်ဖရုံသီးမှာ ရေဓာတ်များ ပါဝင်တဲ့အပြင် တန်ဖိုးမြင့်မားတဲ့ အာဟာရ များပါဝင်တယ်။ ကျောက်ဖရုံသီး ( ဂရမ် ၁ဝဝ = ၆.၂) တိုင်းမှာ ပရိုတင်း ဝ.၄ ဂရမ်၊ ကစီဓာတ် (ကာဘိုဟိုက်ဒရိတ်) ၂.၄ ဂရမ်၊ ထုံးဓာတ် ၁၉ မီလီဂရမ်၊ မီးစုန်းဓာတ် (Phosphorus) ၁၂ မီလီဂရမ်၊ သံဓာတ် ဝ.၃ မီလီဂရမ၊ ဖောလစ် အက်ဆစ် ၂၉.၇ မိုက်ခရိုဂရမ်တို့နဲ့တကွ ဗီတာမင်မျိုးစုံ၊ အထူးသဖြင့် ဗီတာမင်စီများများစားစား ပါဝင်တယ်။ ခရမ်းချဉ်သီးထက် နှစ်ဆကျော်ပါရှိတယ်။ ခရမ်းချဉ်သီး ၁ဝဝ ဂရမ်မှာ ၇.၆ မီလီဂရမ်သာပါရှိတယ်။ ဒါတွေတင်မက ကျောက်ဖရုံသီးထဲမှာ ပါဝင်သေးတဲ့ “ အရက်ပါဝင်တဲ့ အက်ဆစ် (Alcoholic Acid ) တစ်မျိုးကြောင့် ခန္ဓာကိုယ်ကို မဝစေဘူး ဝတာကိုလျော့ကျစေတယ်လို့ သိရပါသည်။ ကျောက်ဖရုံသီးက အေးတဲ့သတ္တိရှိတယ်။ ကျောက်ဖရုံသီးရဲ့အသားနဲ့ အူတိုင်တို့ဟာ ဆီရွှင်စေတယ်။

 

အပူကင်းစေတယ်။ သလိပ်ကြေစေတယ်။ ရေဖျဉ်းရေဖော၊ ဗိုက်ကယ်၊ အနာမီ၊ လိပ်ခေါင်းတို့ကို သက်သာ
ပျောက်ကင်းစေနိုင်ပါသည်။ အခွံပါတဲ့ ကျောက်ဖရုံသီးနဲ့ ဟင်းချိုပြုတ်သောက်ရင် နွေရာသီမှာ အပူကင်းစေပြီး၊ ဆီးရွှင်အဖောအရောင်ကျစေပါတယ်။ ကျောက်ဖရုံသီး ၆၅ ကျပ်သား၊ ငါးကြင်းဖြစ်ဖြစ်၊ ငါးသိုင်းဖြစ်ဖြစ်တစ်ကောင်ကို ရေထည့်၊ဟင်းချိုချက်သောက်ရင် နာတာရှည် ကျောက်ကပ်ရောင်တာ သက်သာပျောက်ကင်းစေနိုင်ပါသည်။
ကျောက်ဖရုံစေ့တစ်ကျပ်ခွဲသားကနေ နှစ်ကျပ်သားကို ရေသုံးဖန်ခွက်နှင့် တစ်ဖန်ခွက်ကျန် ပြုတ်သောက်ရင်၊ နာတာရှည်အစာအိမ်ရောင်နာ (Chronic Gastritis ) ပျောက်ကင်းတယ်၊ ဆောင်းတွင်းမှာပေါ်တဲ့ ကျောက်ဖရုံသီးအခွံ ၁ဝ ကျပ်သားနဲ့ ပျားရည်တစ်ဇွန်းကို ရေသုံးဖန်ခွက်နှင့် တစ်ဖန်ခွက်ကျန် ပြုတ်သောက်ရင် ချောင်းဆိုး
ရောဂါ ပျောက်ကင်းတယ်။

Credit : မောင်မောင်လှိုင်

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18