Print

မိခင်လောင်းများနှင့် ရင်သွေးငယ်လေးများအတွက်

  27-Sep-2019
Preview Image

လူ့ခန္ဓာကိုယ်ဟာ ဆဲလ်တစ်ခုတည်းကနေ ၉ လသားအရွယ်မှာတော့ လူသားလေးတစ်ယောက် ဖြစ်လာပါတယ်။ ကိုယ်ဝန် ဒုတိယ သုံးလမှာတော့ ပထမ ၃ လက အခြေပြုခဲ့တဲ့ အစိတ်အပိုင်းတွေ ပုံဖော်ပါတော့တယ်။ နေအိမ်တစ်ခုရဲ့ အခင်းအမိုးအကာတွေကို စနစ်တကျ တည်ဆောက်တဲ့ သင်္ဘောပေါ့။ နောက်ဆုံး ၃ လကတော့ အင်္ဂါတွေရဲ့ အသေးစိတ် နေရာတွေကို တည်ဆောက်ပြီး လူသားတစ်ယောက် ပီပိပြင်ပြင်ဖြစ်ဖို့ တည်ဆောက်ရပါတယ်။

ဒီ ၃ လတွေထဲမှာ အခြေခံအကျဆုံးနဲ့ အရေးကြီးဆုံးက ကိုယ်ဝန်ပထမ ၃ လဖြစ်တယ်ဆိုတာ သတိပြုသင့်ပါတယ်။ ဒီအချိန်မှာလိုအပ်တဲ့ အစာအာဟာရတွေ ပြည့်စုံအောင် ဖြည့်ဆည်းပေးရပါမယ်။ Folic acid ဆိုရင် ဦးနှောက်တည်ဆောက်မှုအတွက် အရေးကြီးပါတယ်။ Netural tube defects ဆိုတဲ့ ဦးနှောက်အာရုံကြော
ဖွဲ့စည်းမှု မပြည့်ဝဘဲ မွေးရာပါ ချို့ယွင်းမှုတွေ မဖြစ်ဖို့ Folic acid ကို လုံလောက်စွာ ဖြည့်ဆည်းပေးရပါမယ်။ Vitamin B6, B12 တွေကတော့ ပေးပါတယ်။ ဒီဓာတ်တွေများနေရင် လမစေ့ဘဲမွေးတာ၊ ပေါင်မပြည့်တဲ့ ကလေးလေး မွေးတာတွေ၊ မွေးရာပါနှလုံးရောဂါတွေ ကာကွယ်ပေးပါတယ်။ ဒါကြောင့် Vitamin B6, B12 တို့ကိုလည်း အထူးလိုအပ်ပါတယ်။ သံဓာတ် Iron ကတော့ ကိုယ်ဝန်ဆောင်တွေအတွက် မရှိမဖြစ် လိုအပ်ချက်ပါ။ အထွေထွေသော ကျန်းမာရေးများအတွက်သာမက သန္ဓေသားလေးရဲ့ ကျောရိုးအာရုံကြောမကြီး Spinal cord တည်ဆောက်ရန်လိုပါတယ်။ သံဓာတ်နဲ့ အိုင်အိုဒင်း lodine ဓာတ်တွေဟာ သန္ဓေသားလေးရဲ့ ဉာဏ်ရည်ကောင်းစေတာမို့ အရေးကြီးလှပါတယ်။ Calcium ဟာ သန္ဓေသားလေးရဲ့ သွားများနဲ့ အရိုးများ တည်ဆောက်ဖို့ အဓိကလိုအပ်ပါတယ်။ ကိုယ်ဝန် ပထမ ၃ လမှာသွားများ တည်ဆောက်ခြင်း Dentation လုပ်နေပြီမို့ Calcium အထူးလိုအပ်ပါတယ်။ Calcium စုပ်ယူဖို့အတွက် Vitamin D ကိုလည်း မဖြစ်မနေလိုအပ်တာမို့ Calcium နဲ့Vitamin D တို့ကို လိုအပ်ပါတယ်။

တခြားလိုအပ်ချက်များထဲမှာ Vitamin A & C, D ဗီတာမင်တွေက ကလေးရောမိခင်တွေရဲ့ ကိုယ်ခံအားများ ကောင်းနေစေဖို့ လိုအပ်ပါတယ်။ အမြင်အာရုံနှင့် အရေပြားများ ကြံ့ခိုင်စေနိုင်ပါတယ်။ ဗီတာမင်ဘီ အုပ်စုဆိုရင် သန္ဓေသားလေးရဲ့ အသက်ရှူလမ်းကြောင်း အစာချေအဖွဲ့ သွေးလှည့်ပတ်မှုတွေအတွက် အကျိုးပြုပါတယ်။ Vitamin B1, B2, B6, B12, Nicotinamide စသည်တို့ ဖြစ်ပါတယ်။ ဒီလိုဗီတာမင်ဓာတ်များကို နေ့စဉ်ပုံမှန်ရရှိနိုင်ရန် အာဟာရပြည့်ဝသော အစားအစာများကို စားသုံးသင့်သည့်အပြင် ကိုယ်ဝန်ဆောင်အား ဆေးကိုလည်း နေ့စဉ်မှီဝဲသုံးစွဲ သင့်ပါတယ်။

Credit : ဒေါက်တာမြင့်သန်း (ညောင်လေးပင်)

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 

 

 



Related Articles


Advertisment 18