Print

ကောင်းကျိုးမပေးသည့် ဆေးလိပ်ကြောင့် နောက်ဆက်တွဲ ဖြစ်တတ်သောရောဂါများ

  14-Sep-2019
Preview Image

(၁) ဆေးလိပ်နှင့် အစာအိမ်နာ

ဆေးလိပ်သောက်သုံးသူတွေမှာ အစာအိမ်နာဖြစ်သွားမှု့ဟာ နှစ်ဆသာတယ်လို့ ဆိုပါတယ်။ လေ့လာချက်အတော်များများအရ ဆေးလိပ်ကို နှစ်ရှည်လများ သောက်သုံးခြင်းဟာ အစာအိမ်ရဲ့နံရံ၊ သွေးစီးဆင်းမှုကို ပြောင်းးလဲစေပြီး အစာအိမ်ယောင်ယမ်းမှုကို
ဖြစ်စေတယ်လို့သိရပါတယ်။ အဲဒီအပြင်ကို ဆေးလိပ်သောက်သုံးခြင်းဟာ အစာအိမ်နာရဲ့ နောက်ဆက်တွဲ ဆိုးကျိုးများဖြစ်တဲ့ အစာအိမ်ပေါက်ခြင်း၊ အစာအိမ်သွေးယိုခြင်းတို့ကိုလည်း ဖြစ်စေပြီး အနာကျက်မှု့ကိုလည်းနှောင့်နှေးစေပါတယ်။

(၂) ကင်ဆာရောဂါ ဖြစ်နိုင်ချေများ

ဆေးလိပ်သောက်သုံးသူတွေဟာ အခြားသူတွေထက် ကင်ဆာဖြစ်နိုင်ချေ အရမ်းများပါတယ်။ ကင်ဆာထဲမှာမှ အဆုတ်ကင်ဆာ (Lung Cancer)၊ လည်ချောင်းကင်ဆာ (Throat Cancer)၊ နှင့် ခံတွင်းကင်ဆာ (Oral Cancer) များ အဖြစ်များပါတယ်။ ထို့ပြင်
ကျောက်ကပ်ကင်ဆာ (Kidney Cancer)၊ အစာရေကင်ဆာ ( Oesophagus Cancer) ၊ ဆီးအိမ်ကင်ဆာ (Bladder Cancer)၊ ပန်ကရိယကင်ဆာ (Pancreas Cancer) ၊ သားအိမ်ခေါင်းကင်ဆာ (Cervical Cancer) တို့ ဖြစ်ပွားမှုနဲ့ပါ ဆက်စပ်လျက် ရှိပါတယ်။ ဆေးလိပ်သောက်သုံးတဲ့ နှစ်ရှည်လေလေ သောက်သုံးတဲ့ အရေအတွက် များလာလေလေ ကင်ဆာဖြစ်နိုင်ချေနှုန်း ပိုပိုများလာလေလေပါဘဲ။

(၃) သွေးကြောကျဉ်းမည်

နီကိုတင်းကြောင့် ကိုလက်စတရော (Cholesterol) နဲ့ သွေးတွင်း အဆီဓါတ်တွေ များလာပြီး နှစ်ကြာလာတဲ့အခါမှာ သွေးကြောနံရံတွေ ထူလာပြီး သွေးကြောတွပေါ ကျဉ်းလာစေတယ်။ သွေးကြောတွေ ကျဉ်းလာတဲ့အခါမှာ သွေးများဟာ ကောင်းစွာမစီးဆင်းတော့ဘဲ သွေးခဲမှုတွေဖြစ်စေကာ သွေးကြောတစ်ခုလုံးကို ပိတ်စေပါတယ်။ နှလုံးမှာရှိတဲ့ သွေးကြောများ ပိတ်သွားပါက နှလုံးသို့ သွေးရောက်အောင် မပို့နိုင်တော့ဘဲ Heart Attack ဖြင့် သေဆုံးသည်ထိ ဖြစ်နိုင်ပါတယ်။ ဦးနှောက်အတွင်းရှိ သွေးကြောများ ပိတ်ပါက လေတခြမ်းဖြတ်ခြင်းနှင့် လေဖြန်းခြင်းများ ဖြစ်စေနိုင်ပါတယ်။ ကျောက်ကပ်အတွင်းရှိ သွေးကြောများ ပိတ်သွားပါက ကျောက်ကပ်ကိုပါ ထိခိုက်ပျက်စီးစေနိုင်ပါတယ်။
ခြေထောက်မှာရှိတဲ့ သွေးကြောများ ပိတ်သွားပါက သွေးမလျောက် နိုင်တော့ဘဲ ပုပ်သွားကာ ခြေထောက် ဖြတ်ပစ်ရသည်ထိ ဖြစ်တတ်ပါတယ်။ ဆေးလိပ်ဟာ ကိုယ်တွင်းက အဓိက အင်္ဂါတွေ အကုန်လုံးကို တိုက်ရိုက်ဆိုးကျိုးတွေ ပေးပါတယ်။

(၄) ခဏခဏချောင်းဆိုးမည်


ဆေးလိပ် သောက်သူတွဟော ချောင်းခဏခဏ ဆိုးတတ်ကြပါတယ်။ ဘာကြောင့်ဆိုတော့ ဆေးလိပ်ကြောင့် အဆုတ်အတွင်းရှိ လေအိတ်ငယ်လေးတွေပျက်စီးပြီး လေပြွန်ကိုလဲ ယောင်ယမ်းစေကာ လေပြွန်ကြော တလျောက်လုံးကိုပါ ကျဉ်းမြောင်းစေပါတယ်။ ဒါကြောင့် ချောင်းခဏခဏဆိုးခြင်းနှင့် အသက်ရှုမဝခြင်း တို့ကိုပါ ဖြစ်စေပါတယ်။ ဆေးလိပ်ဟာ သွားတွေကို ဝါစေပြီး ခံတွင်းနံ့ဆိုးခြင်း တို့ကိုဖြစ်စေပြီး ခံတွင်းကျန်းမာရေးကိုပါ ထိခိုက်စေပါတယ်။ ဆေးလိပ်ကြောင့် သွေးကြောနံရံတွေ ပျက်စီးပြီး သွေးတိုးရောဂါကိုလည်း ဖြစ်စေပါတယ်။ သွေးတိုးရောဂါဟာလည်း နှလုံးရောဂါနှင့် လေဖြတ်ခြင်း တို့ကိုဖြစ်စေဖို ့ တွန်းအားတစ်ခုပါဘဲ။ ဆေးလိပ်မှာပါတဲ့ နီကိုတင်းဟာ အမျိုးသားတွရဲ့ လိင်အင်္ဂါမှာရှိတဲ့ သွေးကြောတွေကိုပါ ကျဉ်းစေပါတယ်။ သွေးကြောကျဉ်းပြီး သွေးကောင်းစွာ မစီးဆင်မှုကြောင့် လိင်င်္ဂါရဲ့ မျိုးပွားခြင်းဆိုင်ရာ လုပ်ငန်းကိုထိခိုက်ပြီး (Erectile Dysfunction) ဖြစ်စေပါတယ်။ အသက် ၃ဝ မှ ၄ဝ ကြား ဆေးလိပ်သောက်သုံးတဲ့ အမျိုးသားများရဲ့ ၅၀% ဟာ Erectile Dysfunction ကို ခံစားရ တတ်ပါတယ်။ ဆေးလိပ်သောက်တဲ့ မိခင်တွေမှာ ကလေးမွေးဖွားပါက လမစေ့ဘဲ မွေးခြင်းနှင့် ပေါင်မပြည့်ခြင်း တို့ကိုပါ ဖြစ်စေပါတယ်။ မိဘတစ်ဦးဦးက ဆေးလိပ်သောက်သုံးသူ ဖြစ်နေပါက အတူနေထိုင်တဲ့ ကလေးငယ်မှာ ပန်းနာရင်ကျပ်နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများဖြစ်စေဖို့ အခွင့်အလမ်း များပါတယ်။ ဒါကြောင့် မိမိအတွက် ကောင်းကျိုးများမရှိ ဘေးအတိဒုက္ခများကိုသာပေးနေသော ဆေးလိပ်သောက်ခြင်းကို သင်တတ်နိုင်သမျှလျှော့ပြီး အလျင်အမြန်
သောက်သုံးခြင်း မပြုကြပါရန် တိုက်တွန်းလိုက်ရပါတော့သည်။

ဆေးလိပ်ကင်းဝေး၍ အသက်ရာကျော်ရှည်ပါစေ ……….
မြင်အောင်ကြည့် သိအောင်ဖတ် ဖြတ်နိုင်အောင် ကြိုးစား.....

Credit : Mg Mandalay

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18