Print

အရက်နာကျခြင်း(Hangovers)

  12-Sep-2019
Preview Image

အရက်နာကျခြင်း

အရက်နာတစ်ကြိမ်ကျပြီးလျှင် နောက်တစ်ကြိမ်ကြုံရမှာကို တွန့်သွားလိမ့်မည်။ သို့သော် အလုပ်ပြီးသော ညနေခင်း အပေါင်းအသင်းများနှင့် ဆုံရတတ်သောကိစ္စရှိသဖြင့် သောက်တတ်သူအဖို့ ရှောင်နိုင်၊ ဖြတ်နိုင်ဖို့ ခက်ခဲလေသည်။ “သိသာထင်ရှားတဲ့ လက္ခဏာကတော့ အရက်နာကျခြင်းရဲ့ အဓိကအကြောင်းဟာ အရက်ကိုလိုချင်လို့၊ တောင့်တနေတာပါပဲ“။

ဖြည်းဖြည်းသောက်ပါ

ဖြည်းဖြည်းသောက်ခြင်းကြောင့် ဦးနှောက်သို့ အရက်အရောက်နည်းမည်။ အကြောင်းမှာ သောက်သုံးနေစဉ် ခန္ဓာကိုယ်ကလည်း အချိန်တစ်နာရီခန့်အတွင်း အရက်တစ်အောင်စနူန်း ချက်ပေးနေသောကြောင့် ဦးနှောက်နှင့် သွေးထဲသို့ အရောက်နည်းသွားမည်ဖြစ်သည်။

ဝမ်းဗိုက်ဖြည့်ပြီးမှ သောက်ပါ

အရက်ကို လျှော့သောက်ရာလည်း ရောက်စေရန် ဝမ်ူဖြည့်၍သောက်လျှင် အရက်နာကျသော်လည်း ပို၍ သက်သာမည်။ အစာရှိနေခြင်းကြောင့် ကိုယ်တွင်းသို့ အရက်စုပ်ယူမှု နှေးသွားမည်။ ဦးနှောက်တွင်းသို့ အရက်ရောက်ရှိမှုလည်း နည်းသွားမည်။ ဝမ်းဗိုက်ထဲ၌ ဘာစားထားသည်ဟူသည်မှာ အရေးမကြီးဟု ဆိုသည်။

အရက်အမျိုးအစားပေါ်မူတည်သည်

ကိုယ်သောက်သုံးသော အရက်အမျိုးအစားပေါ် မူတည်၍ နောက်တစ်နေ့နံနက်တွင် ခံစားရမှုကွဲပြားနိုင်သည်။ “အဓိကလက်သည်ကတော့ Congeners တွေပါပဲ။ အီသာနော (Ethanol) က သောက်သူကို မူးယစ်စေတယ်။ ကွန်ဂျီနာတွေက အရက်အမျိုးမျိုးထဲမှာ ပါတာတွေ့ရပါတယ်။ သူတို့ကြောင့် အရက်နာကျတဲ့ ဝေဒနာ အပြင်းအပျော့ ကွာပါတယ်“။ “အန္တရာယ်အနည်းဆုံးကတော့ ဗော့ဒကာ (Vodka) အရက်ပဲ။ အဆိုးဆုံးထဲမှာ ပါတာက ကွန်းညက်၊ ဘရန်ဒီ၊ ဝီစကီနဲ့ ရှန်ပိန်အမျိုးမျိုးပေါ့။ ပြီးတော့ ဝိုင်အရက်နီလည်း ထိခိုက်ပါတယ်။ သူကတော့ တိုင်ရာမင်း (Tyramine) လို့ခေါ်တဲ့ ဓာတ်တစ်မျိုးကြောင့် ဖြစ်တာပါ”။

ပလုံစီထသော ယမကာကိုသတိ

ပလုံစီထသည့် ယမကာဟုဆိုသဖြင့် ရှိန်ပိန်အရက်တစ်မျိုးတည်းကို မဆိုလိုပေ။ ရမ်အရက်နှင့် ကိုကာကိုလာတို့ကို စပ်၍သောက်လျှင်လည်း ထိုအတိုင်းဖြစ်မည်ဟု ဒေါက်တာ ဘလန်းနှင့် ဒေါက်တာ မစ်ချယ်တို့က မှတ်ချက်ပေးသည်။ ပလုံစီအမြှုပ်များသည် သွေးကြောတွင်းသို့ အရောက်မြန်စေသဖြင့် အသည်းက လိုက်၍ မရှင်းနိုင်။ ထိုအခါ ပိုလျှံသော အရက်များသည် သွေးကြောတွင်းသို့ သာသာထိုးထိုး ရောက်ရပြန်သည်။

Credit : မောင်ဆုရှင် 

 သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18