Print

ကိုယ့်အိမ်မှာ ချက်စားတာက အပြင်မှာ စားတာထက် ကျန်းမာရေးနှင့် ပိုညီညွတ်

  12-Sep-2019
Preview Image

အသင့်စား အစားအစာများ ရောင်းချသော စားသောက်ဆိုင်များမှ အစားအစားများ၊ နာမည်ကျော် စားသောက်ဆိုင်များမှ အစားအစာများသည် ကိုယ့်အိမ်မှာ ချက်သော အစား အစာများလောက် ကျန်းမာရေးနှင့် ညီညွတ်မှု မရှိကြောင်း အမေရိကန် ပြည်ထောင်စုတွင် ပြုလုပ်ခဲ့သည့် လေ့လာမှုတစ်ခုတွင် ဖော်ပြထားသည်။

ကယ်လိုရီ၊ အဆီ၊ သကြားနှင့် အခြားအာဟာရများ ဝင်ရောက်မှု ပမာဏကို ထိန်းချုပ်နိုင်ရေးတွင် အကောင်းဆုံး နည်းလမ်းမှာ ကိုယ့်အိမ်မှာပင် အစားအစာများကို ချက်ပြုတ်စားသောက်ခြင်းသာ ဖြစ်ကြောင်း လေ့လာမှုတွင် ဖော်ပြထားသည်။ လူများသည် အသင့်စား အစားအစာများအား သွားရေစာများနှင့် ယခင်ကတည်းက တစ်တန်းတည်းထားခဲ့သော်လည်း စားသောက်ဆိုင်ကြီးများမှ ဝန်ဆောင်မှုပေးသော အစားအစာများ၏ ကျန်းမာရေးနှင့် ညီညွတ်မှုကို အိမ်မှာ ချက်ပြုတ်သော အစားအစာများ၏ ကျန်းမာရေးနှင့် ညီညွတ်မှုတို့ကိုမူ နှိုင်းယှဉ်ခြင်း မရှိခဲ့ကြောင်း အီလီနွိုက်စ် တက္ကသိုလ်မှ ပတ်ဝန်းကျင် ကျန်းမာရေးပါမောက္ခ ရူပန်အန်းက ပြောဆိုခဲ့သည်။

အမေရိကန်နိုင်ငံသားများ စားသောက်မှုပုံစံများနှင့် ပတ်သက်ပြီး သတင်း အချက်အလက်များ စုဆောင်းနေသည့် အမျိုးသား ကျန်းမာရေးနှင့် အာဟာရလေ့လာရေးစစ်တမ်း (NHANES) ၏ မှတ်တမ်းများကို အန်က လေ့လာခဲ့ပြီးနောက်
ပညာရပ်ဆိုင်ရာ စာတမ်းရေးသားခဲ့ခြင်း ဖြစ်သည်။ နှစ်ရက်တာ အချိန်အတွင်း စားသောက်ခဲ့ပုံများနှင့် ပတ်သက်ပြီး လူကြီး (၁၈ဝဝဝ) ကျော်တို့က ဖြေဆိုခဲ့ကြသည်။ ဖြေဆိုသူ သုံးပုံတစ်ပုံတို့က နှစ်ရက်စလုံ းသို့မဟုတ် နှစ်ရက်အနက် တစ်ရက်တွင် အသင့် စားအစားအစာများကို စားသုံးခဲ့ပြီး လေးပုံတစ်ပုံက နှစ်ရက်အနက် တစ်ရက်တွင် ဝန်ဆောင်မှု အပြည့်ပါသော စားသောက်ဆိုင်၌ စားသောက်ခဲ့ကြောင်း ပြောဆိုခဲ့သည်။

အိမ်တွင်ပြင်ဆင်သော အစားအစာ များကို စားသုံးသူများနှင့် နှိုင်းယှဉ်လျှင် အသင့်စား အစားအစာဆိုင်များ၌ အစားစာများသည် တစ်ရက်လျှင် ကယ်လိုရီ (၁၉ဝ) ကျော်၊ အဆီ (၁၁)ဂရမ်တို့ကို စားသုံးနေခဲ့သည်။ ဝန်ဆောင်မှုအပြည့်ပါသော စားသောက်ဆိုင်များ၌ စားသုံးသူများသည် တစ်ရက်လျှင် ကယ်လိုရီ (၁၈၇)ခန့်၊ အဆီ (၁ဝ) ဂရမ်ခန့်စားသုံးနေသည်။ အဝလွန် သူများသည် ဝန်ဆောင်မှု အပြည့်ပါသော စားသောက်ဆိုင်များတွင် ပိုစားနိုင်ခြေ များနေကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။

Credit : messenger news journal

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18