Print

လည်ချောင်းနာခြင်းနဲ့ အာသီးယောင်ခြင်း ဝေဒနာတွေကို (၁) ရက်အတွင်း ကုသနိုင...

  20-Aug-2019
Preview Image

တစ်စုံတစ်ခုက ကောင်းမွန်ပြီး အသုံးတည့်ပြီဆိုရင် အဲဒီအရာကို မေ့ပျောက် မသွားတတ်သလိုပဲ ဒီဆေးနည်းကိုလည်း မျိုးဆက်တစ်ခုကနေ နောက်မျိုးဆက်တစ်ခုသို့ လူတွေ လက်ဆင့်ကမ်းခဲ့ကြပါတယ်။ လည်ချောင်းနာခြင်းနဲ့ အာသီးယောင်ခြင်း၊ နာခြင်းတွေအတွက် အလွန်ထိရောက်တဲ့ ဆေးနည်းတစ်မျိုးဖြစ်ပြီး (၁) ရက်အတွင်း လျင်မြန်စွာ ပျောက်ကင်းစေမယ့် ဆေးနည်းကို ပြောပြပေးချင်ပါတယ်။

အမုန့်ကြိတ်ထားသော ဇီရာစေ့ (၈ဝ) ဂရမ်ထဲ ရေ 200ml လောင်းထည့်ပြီး ၁၅ မိနစ်ကြာ ပြုတ်ပေးပါ။ ကော်ဖီအနည်ကဲ့သို့သော ခပ်ပစ်ပစ် ပုံစံလေး ရလာပါလိမ့်မယ်။ ၎င်းကို အရည်စစ်ထုတ်ပြီး ရေ 50ml ထပ်ထည့်ကာ နောက်တစ်ခါ ပြန်ပြုတ်ပေးရပါမယ်။ ပူလာတဲ့အချိန်မှာ မီးဖိုပေါ်မှ အောက်ချပြီး ဘရန်ဒီ (သို့) ကော့ညက်အရက် ထမင်းစားဇွန်း (၁) ဇွန်းထည့်ပါ။

သောက်ပုံသောက်နည်း

မိနစ် (၃ဝ) တစ်ကြိမ် ထမင်းစားဇွန်း (၁) ဇွန်းသောက်ပါ။ နာရီအနည်းကြာလာတဲ့အခါ လည်ချောင်းထဲက နာကျင်မှုတွေ တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပါလိမ့်မယ်။ တစ်ရက်တည်းဖြင့် ပျောက်ကင်းအောင် ကုသနိုင်ပါတယ်။ ဒီနည်းက အအေးပတ်တာ လွယ်တဲ့သူနဲ့ လည်ချောင်းနာခြင်းနဲ့ အာသီးယောင် နာခြင်းစတာတွေ မကြာခဏ ဖြစ်တတ်သူတွေအတွက် အထူးကောင်းမွန်သင့်တော်ပါတယ်။

Credit : လူဗိုလ်


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 

 



Related Articles


Advertisment 18