Print

ခံရခက်တဲ့ နောက်ကျောတက်ရောဂါ

  26-Aug-2019
Preview Image

နောက်ကျောတက်ခြင်းဟာ ကျားမ မရွေး၊ အရွယ်မရွေး၊ ရာသီဥတုမရွေး၊ အချိန်ခါမရွေးဖြစ်လေ့ရှိကြပြီး ဇက်ကြောတက် (ဝါ) ဇက်ကြောထိုးတယ်လို့လဲ ပြောလေ့ရှိကြပါတယ်။ နောက်ကျောတက်ရတဲ့ အဓိကအကြောင်းရင်းကတော့ “ပင်ပန်းလို့” ပါဘဲ။ ဥပမာ အကြာကြီးြငိမ်၍ တရားထိုင်ရတဲ့ ရဟန်းသံဃာတော်များ၊ အာရုံစူးစိုက်ခေါင်းငုံ့၍ အလုပ်လုပ်ကြသော စာရေးစာချီဝန်ထမ်း များ၊ ဇာထိုးပန်းထိုး စက်ချုပ်သမများ၊ ပန်းထိမ်ဆရာများ၊ ပန်းချီဆရာများ၊ ဆရာဆရာမနှင့် ကျောင်းသားကျောင်းသူများအဖြစ် များကြပါတယ်။
အချိန်ကြာလာတာနဲ့အမျှ ခေါင်းကိုက်၊ ပခုံးနာ၊ လည်ပင်းနာပါ ဖြစ်လာတတ်ပါတယ်။ အသက်အန္တရာယ်မရှိဟု ဆိုနိုင်သော်လည်း နေရထိုင်ရ ခက်ခဲပါတယ်။

(၁) ဆင်ခြင်သုံးသပ်ပါ။


အထက်ဖော်ပြပါ မလွဲမရှောင်သာတဲ့ အလုပ်များအပြင် စိတ်အာရုံနောက်ကျိခြင်း၊ အအိပ်အထိုင်ပုံစံမကျခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ မျက်မှန်ပါဝါ ဒီဂရီမကိုက်ခြင်း၊ စာရေးစာဖတ်များခြင်း၊ လက်နှိပ်စက် (သို့) ကွန်ပြူတာကို တရစပ်ရိုက်မိခြင်း၊ ရုပ်ရှင်၊ တီဗီ၊ ဗီဒီယို၊ ကွန်ပြူတာဂိမ်း၊ အင်တာနက်တွေ အကြည့်များခြင်း၊ စိတ်မချမ်းမြေ့စရာကြုံတွေ့ခြင်း၊ သွေးတိုးခြင်းတို့ကလည်းနောက်ကျော တက်ခြင်းကိုဖြစ်စေပါတယ်။ ဒါကြောင့် မိမိကိုယ်ကို ဆင်ခြင်သုံးသပ်၍လိုတိုး ပိုလျော့ပြုပြင်ပါ။

(၂) အနားယူပါ။

နောက်ကျောတက်ခြင်းအတွက် အဓိကအိမ်တွင်းကုထုံးကတော့ စိတ်ရောလူပါ အိပ်စက်အနားယူခြင်းပါဘဲ။ အိပ်ယာပေါ်မှာ ခြေပစ်လက်ပစ် လှဲချပါ။ ခေါင်းအုံးထူထူကြီးပေါ် အိပ်စက်ခြင်းက လည်ပင်းရိုးနှင့် လည်ပင်းကြွက်သားတွေကိုပို၍ ဒဏ်ဖြစ်စေနိုင်တာကြောင့် မိမိအတွက် သက်တောင့်သက်သာဖြစ်စေမယ့် ခေါင်းအုံးကိုသာသုံးပါ။

(၃) ရေခဲအိတ် (သို့မဟုတ်) ရေနွေးအိတ်ကပ်ပါ။


ပလပ်စတစ်အိတ်ထဲသို့ရေခဲတုံးလေးတွေခွဲထဲ့၍ နောက်ကျောပေါ်သို့ကပ်ပေးပါ။ စဦးပိုင်းမှာ အေးစက်နာကျင်သလို ခံစားရသော်လဲ တဖြည်းဖြည်းဇက်ကြောတက်၍ လည်ပင်းတွေ နာကျင်မှုကို သက်သာပြေလျော့သွားစေပါတယ်။ အကယ်၍ ဆောင်းရာ သီလိုအေးမြတဲ့အခါများမှာ ရေနွေးအိတ်လေးဖြင့်ကပ်ပေးပါ။ ဒီနည်းက သွေးကြောတွေ ပွင့်လာပြီး သွေးလည်ပတ်မှုကို အထောက်အကူဖြစ်စေတဲ့အတွက် နောက်ကျောတက် ဇက်ကြောထိုးခြင်းကို သက်သာစေပြီး စိတ်အာရုံလန်းဆန်းသွားစေပါလိမ့်မယ်။

(၄) အသာအယာနှိပ်နယ်ပေးပါ။

ဦးစွာရေချိုးပြီးနောက် ခုံတစ်လုံးပေါ်မတ်မတ်ထိုင်၍ မိမိဖာသာ ဦးခေါင်းကိုဖြည်းဖြည်းချင်း အောက်ဘက်သို့ ငုံ့နိုင်သမျှငုံ့ပါ။ ပြီးရင် မိုးကောင်းကင်ပေါ်သို ့ မော့နိုင်သမျှမော့ကြည့်ပါ။ ထိုလေ့ကျင့်ခဏ်းကို အချိန် ၁ဝ-မိနစ်ကြာမှ ဖြည်းဖြည်းမှန်မှန် လုပ်ပေးပါ။ (နောက်တစ်နည်း) ကိုယ်တွင်းမှာ အပူခဲအအေးခဲခြင်းကလည်း နောက်ကျောထိုးခြင်း
ကိုဖြစ်စေနိုင်ပါတယ်။ (နောက်တနည်း) ဇက်ကြော၊ ဇက်ပိုး၊ ပုခုံး၊ လည်ပင်း၊ ပင်မကျောရိုးတစ်လျှောက်ကို ရေနွေးအဝတ်ဖြင့် ကြပ်ထုပ်ထိုးပေးပါ။ ထို ေ့နာက် မုန်ညင်း ဆီလူးပေးပါ။

(၅) အိမ်တွင်းကုထုံးမှီဝဲပါ။

(က) သံပုရည်သောက်ပါ၊ သံပုရာခွံရှုပါ(သို့)သံပုရာသီးအလုံးလိုက်ကိုလက်သည်းဖြင့် ဆိတ်၍ ထွက်လာသော သံပုရာခွံ၏ အစေးကို နားထင်နှင့် ဇက်ကြောတွေပေါ်ပွတ်လှိမ့်ပေးပါ။

(ခ) ချင်းကို ပါးပါးလွှာလွှာကလေးများဖြစ်အောင်လှီးပြီးမီးဖြင့် အနည်း ငယ်ပြပါ၊ ပြီးရင် ဇက်ကြောထိုးသည့် တက်သည့်နေရာများပေါ်ကို ကပ်ပေးထားခြင်းဖြင့် သက်သာပျောက်ကင်းသွားပါလိမ့်မယ်။

(ဂ)ကြောင်ပန်းရွက်ကို ကြိတ်၍ရလာသော သတ္တုရည်ကို သောက်ပေးခြင်းဖြင့် အကြောတက် အကြောကိုက် ရောဂါများကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။ အကယ်၍ ကြောင်ပန်းရွက်သတ္တုရည်ကို သောက်ရန် ဝန်လေးနေပါက ဟင်းချက်စားရုံမျှဖြင့်သက်သာပျောက်ကင်းစေပါတယ်။

(ဃ) ပတဲကောပင်၏အမြစ်ကို တူးဖော်၍ ရေသန့်သန့်ဆေးပြီးနောက် နေပူပူတွင် အခြောက်လှန်းပါ (နေပူရှိန်အလွန်ပြင်းထန်ပါက တစ်နေ့သာလှမ်းပါ၊ ရေဓာတ်အသင့်အတင့် ကျန်ရှိနေမှသာ ဆေးစွမ်းအာနိသင် ပိုမိုထက်မြက်စေမှာပါ၊ဒါကြောင့် မစိုမခြောက်အနေအထား ဖြစ်ရပါမယ်) နေလှန်း၍ရလာသော ပတဲကောမြစ်ကို
ကျောက်ပျဉ်ပေါ်၌ ရေနှင့် ခပ်ပျစ်ပျစ်သွေးပါ၊ ဆေးရည်ကိုသိမ်းထားပြီး ဟင်းသောက် ဇွန်းတစ်ဇွန်းစာကို မနက်တစ်ကြိမ်၊ ညအိပ်ယာဝင်ချိန်တစ်ကြိမ် သောက်သုံးပေးပါ။

(င) ရှောက်သီးတစ်လုံးကို အလယ်တည့်တည့်ကခွဲ၍ အရည်ညှစ်ယူပါ၊ ပြီးရင် အစေ့၊ အခွံ၊ အရည် သုံးမျိုးလုံး ကိုကြွေခရား (သို့) ကြွေရည်သုတ်ဇလုံထဲမှာထည့်ပါ ဆားသင့်ရုံဖြင့် ပွက်ပွက်ဆူနေသောရေနွေးဖြူကို ကြွေခရားတစ်လုံးခန့် ထည့်လိုက်ပါ၊ အေးလာပါက နံနက်တစ်ကြိမ်၊ညအိပ်ရာဝင်ခါနီးတစ်ကြိမ် သောက်ပေးခြင်းဖြင့်
အကြောတက်ရောဂါတွေ တစ်ပတ် အတွင်းသိသိသာသာပျောက်ကင်းစေပါတယ်။

(စ) နနွင်းတက်ခြောက်ကို မီးရှို့၍ ရှုပေးပါ။ (ဆ) အဘထရှုဆေးရှုပါ။

Credit : ပေါက်ပေါက်


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18