လေ့ကျင့်ခန်းပုံမှန်လုပ်သည့် ကင်ဆာဝေဒနာရှင်များ အသက်သေဆုံးနိုင်ခြေ ထက်ဝ...
30-Jul-2019
ကင်ဆာရှိမှန်း စောစောစီးစီး သိရှိပြီး ကုသမှုခံယူခဲ့ရင် အသက်ရှည်နိုင်တယ်လို့
သိရှိထားကြပြီး ဖြစ်ပါတယ်။ အခုတဖန် သိပ္ပံပညာရှင်တွေက ကာယလေ့ကျင့်ခန်းပြုလုပ်တာကြောင့်
ကင်ဆာဝေဒနာရှင်တွေရဲ့ အသက်ရှင်နှုန်းကို သိသိသာသာ ဆွဲဆန့်နိုင်တယ်လို့
ဖော်ထုတ်လိုက်ပါတယ်။ တစ်ပတ်ကို ကယ်လိုရီ ၁၂၆ဝဝ ကျော်
လောင်ကျွမ်းအောင် လေ့ကျင့်ခန်းပြုလုပ်နိုင်ရင် ကင်ဆာကြောင့် သေဆုံးနိုင်ခြေ
ထက်ဝက်ခန့် လျော့နည်းနိုင်တယ်လို့ လေ့လာမှုအသစ်အရ တွေ့ရှိထားပါတယ်။
လိုရိုလာ ချီကာဂိုဆေးတက္ကသိုလ်မှ သိပ္ပံပညာရှင်တွေက ကင်ဆာရောဂါရှိတဲ့ ပျမ်းမျှအသက်
၇၁ နှစ်အရွယ် အမျိုးသားပေါင်း ၁ဝ၂၁ ယောက်ကို လေ့လာခဲ့ပါတယ်။ တစ်ပတ်ကို ကယ်လိုရီ
၁၂၆ဝဝ ကျော် လောင်ကျွမ်းအောင် လေ့ကျင့်ခန်းပြုလုပ်တဲ့ အမျိုးသားတွေက တစ်ပတ်ကို
ကယ်လိုရီ ၂၁ဝဝ ထက်နည်းပြီး လောင်ကျွမ်းသူတွေ
ထက် သေဆုံးနိုင်ခြေ ၄၈ ရာခိုင်နှုန်း လျော့နည်းတယ်လို့ တွေ့ရှိခဲ့ပါတယ်။ ယခင်လေ့လာမှုတွေအရလည်း
ကာယလှုပ်ရှားမှု အတက်ကြွဆုံးရှိတဲ့ ကင်ဆာရောဂါ ဝေဒနာရှင်တွေက ရောဂါပြန်ထလာရင်လည်း
သေဆုံးနိုင်ခြေ ၃၈ ရာခိုင်နှုန်း လျော့နည်းကြောင်း တွေ့ရှိထားတယ်လို့ သိရပါတယ်။
Credit : Arogyam Magazine
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

