Print

ထူးခြားပြီး တွေ့ရခဲသော ကြေက်ရွံ့ခြင်း စိတ်ရောဂါများ (unicode version i...

  17-Jul-2019
Preview Image

Phobia ဆိုတဲ့ ကြောက်ရွံ့ခြင်းစိတ်ရောဂါဟာ စိတ်ထဲအကြောက်အရွံလွန်တဲ့ ရောဂါတစ်မျိုးပါပဲ။ အများသောအားဖြင့် အရာတစ်ခုခုကို ကြောက်ရွံ့လွန်တဲ့အခါမှာဖြစ်ပါတယ်။ သာမန် ကြောက်တာ၊ လန့်တာနဲ့မတူပါဘူး။ ခံစားရသူ ဝေဒနာရှင်ဟာ သူကြောက်တဲ့အရာ (Social Problem တစ်ခုပဲဖြစ်ဖြစ်၊ နေရာတစ်ခုခုပဲဖြစ်ဖြစ်၊ အကောင် အရာဝတ္ထုတစ်ခုခုဖြစ်ဖြစ်) ကို အန္တရာယ်ရှိရှိ မရှိရှိ အတတ်နိုင်ဆုံး ဝေးနိုင်သမျှ ဝေးဝေးရှောင်ပါတယ်။ တကယ်လို့ မရှောင်ရှားနိုင်တဲ့တော့အခါကျလို့ရှိရင် စိတ်ဖိစီးမှုဒဏ်ကို အလူးအလဲခံရတာလိုမျိုး လူမှုရေးပြသနာတွေ ဖြစ်လာတဲ့အထိ ဆိုးဝါးနိုင်ပါတယ်။


Phobia အမျိုးမျိုးရှိပါတယ်။ Arachnophobia ဆိုတဲ့ ပင့်ကူလို Arachnid တွေကိုကြောက်တဲ့ Phobia၊ Katsaridaphobia ဆိုတဲ့ ပိုးဟပ်တွေကိုကြောက်တဲ့ Phobia ။ အဲ့ဒီနှစ်မျိုးကတော့ ပတ်ဝန်းကျင်မှာ တွေ့ရအများဆုံးပါ။ Acrophobia ဆိုရင် အမြင့်ကြောက်ရောဂါ။ Astraphobia (မိုးကြီး လျှပ်စီးကြောက် ) ၊ Trypanophobia (ဆေးထိုးအပ်ကြောက်) တဲ့ရောဂါတွေလဲ တွေ့ရများပါတယ် ။ သင့်ပတ်ဝန်းကျင်မှာများ အဲ့လို တစ်ခုခုကို အသေအလဲကြောက်တဲ့လူရှိရင် ဒါသူတို့ ပိုပြနေတာမဟုတ်ပါဘူး ။ တကယ်ရောဂါတစ်ခုသဖွယ် ခံစားတာဖြစ် လို့ စတာ နောက်တာမျိုး ကို ရှောင်ရှားသင့်ပါတယ်။ အရာရာတိုင်းကို Phobia ဖြစ်နိုင်ပါတယ်။ အပေါ်ကပြောခဲ့တဲ့ Phobiaတွေဟာ အတွေ့များရဆုံးတွေပါ။ မထင်မှတ်ထားတဲ့အရာတွေကိုလဲ ကြောက်ရွံ့တာမျိုး ဖြစ်နိုင်ပါတယ်။ အောက်မှာ ပြထားတာတွေကတော့ တွေ့ရအင်မတန်ခဲယဉ်းတဲ့ ကြောက်ရွံ့ခြင်းရောဂါတွေထဲက တစ်ချို့ပဲဖြစ်ပါတယ်။

Credit : Thaw Zin Htun


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18