Print

နေပြင်းပြင်းမှာ သွေးတိုးပြီး ခေါင်းမူးလာပါက ချက်ချင်းသက်သာစေမယ့် နည်းလ...

  07-Jul-2019
Preview Image

သွေးတိုးရောဂါရှိသူများ သွေးတိုးပြီး ခေါင်းမူးလာပါက အောက်ပါသဘာဝနည်းများဖြင့် သွေးတိုးရောဂါ သက်သာသွားအောင် ပြုလုုပ်နိုင်ကြပါတယ်။

 

(၁) ဒန့်သလွန်ရွက်ကို ရေစင်အောင်ဆေးပြီး ထောင်းလိုက်ပါ။ အရည်ညစ်ယူပြီး လက်ဖက်ရည်ဇွန်း ၂ ဇွန်းခန့်ကို သောက်လိုက်ပါ။ သွေးတိုးချက်ချင်း သက်သာသွားစေပါသည်။

 

(၂) သံပုရာသီးကို ခွဲလိုုက်ပါ။ အထဲမှာ အစေ့များကို ၅ စေ့ခန့် ဝါးစားလိုက်ပါ။ သွေးတိုးချက်ချင်း သက်သာပါလိမ့်မည်။

(၃) သံပုရာသီး ချက်ချင်းမရနိုင်ပါက သံပုရာပင်၏အခေါက်ကို ဆေးကြောပြီး ရေနဲ့သွေးပြီး သောက်ပေးနိုင်ပါသည်။

(၄) ဗန်ဒါရွက်အနု ၃၊ ၄ ရွက်ခန့်ကို ရေစင်အောင်ဆေးပြီး ၅ မိနစ်ခန့်ပြုတ်ပြီး သောက်ပေးပါ။ တစ်နေ့ကို လက်ဖက်ရည်ခွက် ၃ ခွက်ခန့် သောက်ပေးပါ။ ၅ ရက်နဲ့ ၁ ပတ်အတွင်း သွေးတိုးရောဂါ သက်သာသွားပါမည်။
၎င်းဆေးနည်းများသည် မြန်မာ့ရိုးရာဆေးမြီးတို နည်းများဖြစ်ပါသည်။

 

(သတိပြုရန်) ဗန်ဒါရွက်ပြုတ်ရည်ကို အလွန်အကျွံသောက်ပါက ဝမ်းချုပ်တတ်ပါသည်။ သွေးတိုးရောဂါ ဝေဒနာရှင်များအတွက် ဇီဝိတဒါနအဖြစ် မည်သူမဆို Share ပေးနိုင်ကြပါသည်။

 

Credit : စောနွဲ့နေဆိုင် (ပူတာအို)

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18