Print

Oligohydramnios ရေမြွှာရည်နည်းခြင်း

  03-Jul-2019
Preview Image

Amniotic fluid ရေမြွှာရည် ပုံမှန်ထက် နည်းနေတာကို Oligohydramniosလို့ ခေါ်တယ်။ ကိုယ်ဝန် ၁၂ ပတ်မှာ Amniotic sac ရေမြွာအိတ်ဖြစ်လာတဲ့နောက် Amniotic fluid ရေမြွာရည်လဲ ဖြစ်လာတယ်။ အစပိုင်းမှာ မအေဆီကနေ ရတဲ့ရေကနေ ရေမြွှာရည်ဖြစ်လာတယ်။ ကိုယ်ဝန် ၂ဝ ပတ်နောက်ပိုင်းမှာ ကလေးရဲ့ ဆီးပါရောလာတယ်။ ပုံမှန်ကိုယ်ဝန်မှာ ရေမြွာရည်ဟာ ၈ဝဝ စီစီကနေ ၁ဝဝဝ အထိရှိတယ်။ ၃၆ ပတ်နောက် မွေးကာနီးရင် နည်းလာတယ်။ ကိုယ်ဝန် ၃၂-၃၆ ပတ်မှာ အရည်ထုထည် 500 စီစီထက် နည်းနေတာကို ရေမြွှာရည်နည်းတယ်လို့ ခေါ်တယ်။ ကိုယ်ဝန် ၈% မှာ ရေမြွာရည် နည်းနေတတ်ပြီး၊ ၄% က Oligohydramnios အထိရောက်တယ်။ ကိုယ်ဝန် နောက်ဆုံး ၃ လမှာ အဖြစ်များတယ်။ ၁၂% က ရက်နောက်ကျပြီးမှ မွေးကြတယ်။ ကိုယ်ဝန်လစေ့ဆိုတာ ၃၉ ပတ်ကနေ ၄၁ ပတ်အထိကို ခေါ်တယ်။ ၄၂ ပတ်ကျော်သွားတာကို ရက်နောက်ကျမှ မွေးတာလို့ ခေါ်တယ်။

 

- ဗိုက်စမ်းကြည့်ရင် သားအိမ်အမြင့်က ရှိသင့်တာထက် နိမ့်နေမယ်။
- အထဲကကလေး အနေအထားတစ်မျိုး ဖြစ်ချင်ဖြစ်နေမယ်။
- အပြင်ကနေစမ်းရင် ကလေးရဲ့ ခြေ-လက်စတာတွေက ပိုပြီးသိသာနေမယ်။
- (အာလ်ထွာဆောင်း) ရိုက်ပြီး Amniotic fluid index (AFI) တိုင်းရင် 5 to 6 cm ထက်နည်းနေမယ်။
- Maximum vertical pocket (MPV) ကိုလဲ တိုင်းမယ်။ MPV ဆိုတာ သားအိမ်ထဲက အနက်ဆုံးနေရာမှာ ရေမြွှာရည်တိုင်းတယ်။ 2 cm ထက်နည်းနေရင် ဒီရောဂါဘဲ။

 

ဘာလို့ဖြစ်သလဲ

မသိတာကများတယ်။ များသောအားဖြင့် အထဲကကလေးရဲ့ ဆီးလမ်းကြောင်းစနစ် ချို့ယွင်းနေတာမို့ ဖြစ်တယ်။ ဥပမာ Bilateral renal agenesis (Potter's syndrome), Polycystic kidneys, Genitourinary obstruction တခုခု ဖြစ်နေနိုင်တယ်။ Uteroplacental insufficiency ကြောင့်လဲဖြစ်နိုင်တယ်။ မိခင်လောင်းက ရေဓါတ် နည်းနေလို့လဲ ဖြစ်နိုင်တယ်။ Angiotensin converting enzymeinhibitors ဆေးသောက်ရလို့လဲ ဖြစ်နိုင်တယ်။ မိခင်မှာ သွေးတိုးနဲ့ ကိုယ်ဝန်မဆောင်ခင်ကတည်းက ဆီးချိုရှိနေတာ၊ PET ကိုယ်ဝန်သွေးဆိပ်တက်တာ၊ သွေးတိုကျဆေး တချို့ကြောင့်လဲ ဖြစ်နိုင်တယ်။ PROM ရေမြွာစောပေါက်မယ်ဆိုရင် နည်းနေတော့မယ်။

 

ရေမြွာရည်နည်းတာကို ကိုယ်ဝန် ပဌမတဝက်မှာဖြစ်ရင်

1. Birth defects မွေးရာပါချို့ယွင်းတာတွေ ဖြစ်လာနိုင်တယ်။ Facial distortion, Clubfoot, Pulmonary hypoplasia နဲ့ Amnion nodosum တခုခုဖြစ်လာစေနိုင်တယ်။ Potter syndrome ခေါ်တာဖြစ်မယ်။
2. Miscarriage ကိုယ်ဝန်ပျက်ဘို့ Stillbirth ကလေး အသေမွေးဘို့ အခွင့်အလမ်း ပိုများတယ်။

ရေမြွာရည်နည်းတာကို ကိုယ်ဝန် ဒုတိယတဝက်မှာဖြစ်ရင်

1. Intrauterine Growth Restriction (IUGR) ကလေးဖွံ့ထွားမှု နည်းတာ၊
2. Preterm birth ကလေးစောမွေးတာ
3. Cord compression ချက်ကြိုးဖိခံရတာ၊
4. Meconium stained fluid ရေမြွာရည်နောက်ကျိတာ နဲ့
5. Cesarean delivery ဗိုက်ခွဲမွေးရတာတွေ ကြုံရတတ်တယ်။

ဘယ်လိုကုသမလဲ
- ကိုယ်ဝန်နုသေးရင် စောင်ကြည့်စစ်ဆေးတာကိုသာ လုပ်မယ်။
- ကိုယ်ဝန် တတိယပတ်ထဲရောက်မှ ဖြစ်တာဆိုရင် ကလေးဖွံ့ထွားမှု နှေးနိုင်တယ်။
- စောစောကတည်းကဆိုရင် မိခင်လောင်းကို ရေဓါတ်၊ ဆားဓါတ် ဖြည့်ပေးမယ်။ ရေ-အရည် များများ သောက်စေရမယ်။
- မွေးကာနီးဆိုရင် Amniocentesis လုပ်ပြီး Injection of fluid ဆားရည်သွင်းပေးနိုင်တယ်။
- ကလေး ဖွါးနေတုံးမှာ ဆိုရင် ချက်ကြိုးကို အညှစ်ခံရလို့ ကလေးမှာ အောက်စီဂျင် အလုံအလောက်မရ ဖြစ်မယ်။ Intrauterine catheter ပိုက်ငယ်လေးနဲ့ Amnio-infusion ဆားရည် သွင်းပေးနိုင်တယ်။ စိတ်ချရမှုကိုတော့ ငြင်းခုံနေဆဲဖြစ်တယ်။
- စောမွေးပေးရတာလဲ ရှိတတ်တယ်။
- ဗိုက်ခွဲမွေးရလမ်း ရှိတယ်။


Credit : ဒေါက်တာ တင့်ဆွေ

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18