Print

အာသီးရောင်ခြင်းနှင့် အာသီးဖြတ်သင့်၊ မဖြတ်သင့်

  02-Jul-2019
Preview Image

အာသီးရောင်ခြင်းဆိုတာ လည်ချောင်းအတွင်းမှာရှိတဲ့ Tonsil လို့ခေါ်တဲ့ ဂလင်း ရောင်ရမ်းလာတာဖြစ်ပါတယ်။

ဘာတွေကြောင့်ဖြစ်ပွားနိုင်လဲ။
ဘက်တီးရီးယား၊ ဗိုင်းရပ်စ်ပိုးများကြောင့် ဖြစ်ပွားနိုင်ပါတယ်။ ဘက်တီးရီးယားထဲမှာ Streptococcus လို့ခေါ်တဲ့ ရောဂါပိုးကြောင့် အဖြစ်များပါတယ်။

ဘယ်လိုကူးစက်နိုင်လဲ။
အသက်ရှူလမ်းကြောင်းမှတဆင့် (ချောင်းဆိုးနှာချေခြင်းမှတဆင့်) ကူးစက်နိုင်ပါတယ်။

ဘယ်လိုရောဂါလက္ခဏာမျိုး ခံစားရနိုင်သလဲ။
- ဖျားလာမယ်၊ နှာစေး၊ ချောင်းဆိုးခြင်း
- လည်ချောင်းနာခြင်း (ဘာမှမစားနိုင်တဲ့အထိနာလာနိုင်ပါတယ်။)
- အသံသြလာခြင်း
- လည်ပင်းမှာရှိတဲ့ အကျိတ်တွေ ကြီးလာခြင်း
- နား၊ နှာခေါင်း၊ လည်ချောင်း ဆက်စပ်နေတဲ့အတွက်ကြောင့် နားနာခြင်း
- မျက်လုံးနီရဲလာခြင်းတို့ ဖြစ်ပေါ်နိုင်ပါတယ်။

ရောဂါရှိမှန်း ဘယ်လိုသိနိုင်လဲ။
Throat swab (အာခေါင်ထဲမှ ပိုးရှိ၊မရှိ စစ်ဆေးခြင်း)၊ သွေးစစ်ဆေးခြင်းတို့ပြုလုပ်နိုင်ပါတယ်။ ကုသမှုအနေနှင့်ကတော့ ဘက်တီးရီးယားကြောင့်ဖြစ်ရင် ပိုးသတ်ဆေးသောက်သုံးရပါမယ်။ ဗိုင်းရပ်စ်ကြောင့်ဖြစ်ရင် များသောအားဖြင့် ဆေးသောက်ဖို့မလိုပါဘူး။ ခန္ဓာကိုယ်အတွင်းကနေ ခုခံနိုင်တဲ့ အရာတွေက ပြန်လည်တိုက်ခိုက်ပေးတာကြောင့် အချိန်ကာလတစ်ခုအရောက်မှာ ပြန်လည်ကောင်းမွန် သွားတတ်ကြပါတယ်။ (အများစု အာသီးရောင်ခြင်းမှာလည်း ဗိုင်းရပ်စ်ကြောင့် အဖြစ်များပါတယ်။) ရောဂါအရှင်းမသက်သာခင် အရမ်းနာပါက ဆားရည်ငုံပေးခြင်း၊ အရည်များများသောက်ပေးခြင်းဖြင့်သက်သာနိုင်ပါတယ်။

ဘယ်လိုလူမျိုးတွေမှာ အာသီးဖြတ်ဖို့ လိုအပ်နိုင်မလဲ?
- အဆမတန် ကြီးလာသော အာသီးကြောင့် အလွန်ကျယ်လောင်စွာ ဟောက်လျှင်၊
- အသက်ရှူလမ်းကြောင်းပိတ်နိုင်သည်အထိ ဆိုးရွားလျှင်၊
- အာခေါင်ပတ်လည်တွင် ပြည်များ စုလာလျှင်၊
- ပိုးဝင်ခြင်းကြောင့် အဖျားကြီးပြီးတက်လျှင်၊
- တစ်နှစ်တွင် ၅ ကြိမ်နှင့်အထက် ဖြစ်လျှင် ခွဲစိတ်ဖြတ်ထုတ်ဖို့ရန် လိုအပ်ပါတယ်။

အာသီးဖြတ်ခြင်းရဲ့ ရာဇဝင်
1950 နှောင်းပိုင်းမှ စတင်ပြီး အာသီးဖြတ်ခြင်းဟာ ကောင်းမွန်တဲ့ ထုထုံးအဖြစ် 1970 ပြည့်နှစ်အထိ ခေတ်စားလာခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ဆိုးကျိုးများလည်း ရှိတဲ့အတွက် သိပ်မလုပ်ဖြစ်ကြတော့ပါဘူး။ ကလေးတွေမှာ စောင့်ကြည့်ကုသခြင်းဟာ အာသီးဖြတ်ခြင်းထက် ပိုကောင်းမွန်တာကို တွေ့ရှိလာကြပါတယ်။

ဘာတွေဆက်ဖြစ်နိုင်လဲ?
Strepthcoccus ဘက်တီးရီးယားကြောင့် အာသီးရောင်ရုံသာမက အဆစ်ရောင်ခြင်း၊ နှလုံးထိခိုက်ခြင်း၊ ကျောက်ကပ်ရောင်ခြင်းကို အထိဖြစ်နိုင်ပါတယ်။

ကာကွယ်ခြင်း
- လက်ကို သန့်ရှင်းစင်ကြယ်စွာ ဆေးကြောပါ။
- အာသီးယောင်ရောဂါ ရှိနေသူများနှင့် စကားပြောလျှင် သတိထားပါ။
- လေဝင်လေထွက်ကောင်းသော နေရာတွင်နေထိုင်ပါ။
- လူဦးရေထူထပ်သော နေရာများကို ရှောင်ကြဉ်ပါ။

ပျော်ရွှင်ကျန်းမာကြပါစေ။
DR. hp (Healthcare.com.mm)
Ref:
eMedicine health

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18