Print

အကြောဆေးနှင့် အကြောတက်ခြင်း

  01-Jul-2019
Preview Image

               အကြောတက်ခြင်းသည် အာရုံကြောများ အားနည်းမှုကြောင့်ဖြစ်နိုင်သည်။ အခြားအကြောင်း အမျိုးမျိုးကြောင့် ဖြစ်နိုင်သည်။ သွေးတိုးသည့်အခါ လူနာများ “ ဇက်ကြောတက်တယ် အကြောတက်တယ်” ဟု ပြောတတ်သည်။ ခန္ဓာကိုယ်သွေးတွင်း ဓာတ်ပြောင်းလဲမှုကြောင့်လည်း ဖြစ်နိုင်သည်။ ဆေးဝါးများထုတ်လုပ်ရာတွင် လိမ်းဆေး၊ သောက်ဆေး၊ ထိုးဆေး၊ ရှူဆေး၊ ဖျန်းဆေးစသည်ဖြင့် ပုံစံအမျိုးမျိုးဖြင့် ထုတ်လုပ်ကြသည်။ ထိုးဆေးမှာပင် အရေပြားအတွင်းထိုးဆေး၊ အရေပြားအောက်ထိုးဆေး၊ ကြွက်သားထုအတွင်း ထိုးဆေး၊ သွေးပြန်ကြောအတွင်းထိုးဆေး၊ အဆစ်ကြားထိုးဆေးစသည်ဖြင့် များစွာရှိပါသည်။

ဆေးဝါးတစ်မျိုးတည်းကိုပင် ပုံစံအမျိုးမျိုးဖြင့် ထုတ်လုပ်ထားသည်။ အသားဆေး ( ကြွက်သားထု အတွင်းထိုးဆေး ) ရှိသည်။ သွေးပြန်ကြောအတွင်းထိုးဆေး (အကြောဆေး) ရှိသည်။ အကြောတက်လျှင် အကိုက်အခဲပျောက်ဆေးဖြင့် သက်သာအောင် ဆောင်ရွက်နိုင်သည်။ စားရုံနှင့် သက်သာနိုင်သည်။ အသားဆေးထိုးလျှင်လည်းရသည်။ အကြောဆေးသည် အသားဆေးဖြင့်နှိုင်းယှဉ်လျှင် အချိန်တိုအတွင်း ဝေဒနာသက်သာနိုင်သည်။ လျင်မြန်စွာ ဝေဒနာသက်သာစေသည်။ သို့သော် ဓာတ်မတည့်မှုမျိုး ဖြစ်ပေါ်ပါက အန္တရာယ်ပိုကြီးသည်။ အကြောဆေးသည် အသားဆေးထက်၊ အားဆေးသည် သောက်ဆေးထက် ဝေဒနာကို လျင်မြန်စွာ သက်သာမှုပေးနိုင်သည်ဟု အကြမ်းသဘောပြောနိုင်ပါသည်။

အပြန်အလှန်သဘောအားဖြင့် သောက်ဆေးထက် အသားထိုးဆေးသည်၊ အသားထိုးဆေးထက် အကြောဆေးသည် အန္တရာယ်ပိုနိုင်သည်။ ထို့ကြောင့် အကြောတက်သက်သာစေလို၍ အကြောဆေးထိုးပေးပါဟူသော တောင်းဆိုမှုမျိုး မပြုလုပ်သင့်ပေ။ ဆေးဝါးများသုံးစွဲရာတွင် မည်သည့်နည်းကို သုံးသည်ဆိုခြင်းကို ဆရာဝန်ကသာ ရွေးချယ်သင့်ပါသည်။ ဤအချက်ကို လူနာများက တောင်းဆိုမှု၊ ရွေးချယ်မှု မပြုသင့်ကြပေ။


Ref:
ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)
ကျန်းမာရေးနှင့် ပတ်သက်သော အယူအဆအမှားများနှင့် သိမှတ်ဖွယ်ရာများ စာအုပ်မှ ကောက်နှုတ်ထားပါသည်။

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18