Print

အပူလေသင်တုန်း (Heat Stroke) မိရင် အရေးပေါ် ကယ်ဆယ်နည်း

  01-Jul-2019
Preview Image

အပူကြောင့် ကြွက်တက်တာ အားကုန်ခန်းနွမ်းလျတာတွေမှတဆင့် ပိုဆိုးတဲ့လက္ခဏာ (104°F) အထက် ဂနာမငြိမ်ဖြစ်ခြင်း၊ ခေါင်းမူးဝေစိတ်ရှုပ်ထွေးခြင်း၊ အရေပြားခြောင်ကပ် ပူလောင်နီရဲခြင်း၊ အသက်ရှုမြန်ခြင်း၊ သွေးခုန်နှုန်းမြင့်ခြင်း၊ သတိလစ်မေ့မျောခြင်းတို့ဖြစ်တတ်ပါတယ်။ လူနာကိုအေးတဲ့နေရာထား၍ ခြေထောက်ကို ၁ ပေအမြင့်တွင်မြှောက်ထားပါ။ အေးတဲ့အဝတ်နဲ့ တစ်ကိုယ်လုံးရေပတ်တိုက်ပြီး လေရအောင်ထားပေးပါ။ ဓာတ်ဆားရည်ကို ၁၅ မိနစ်လျှင် ဖန်ခွက်တစ်ခွက်ဝင်အောင်တိုက်ပေးပါ။ ကြွက်တက်ခြင်းပြေလျော့အောင် ဖြည်းညှင်းစွာ နှိပ်နယ်ပေးပါ။ ဆေး အရက်
ကဖင်း ပါဝင်သော အရည်များ မတိုက်ရ။

အော့အန်ပါက ပါးစပ်မှမတိုက်ပါနှင့်။ လူနာတောက်လျှောက်သတိလစ်လျှင် အပူချိန် ၁၀၂ °F အောက်မကျလျှင် ရှေးဦးပြုစုနည်းများဖြင့် မထူးခြားလျှင် အရေးပေါ်ဆေးရုံသို့ချက်ချင်းပို့ပါ။ ပူပိုက်သောရာသီမှာ အဝတ်ပွပွ အရောင်ဖျော့ဖျော့ဝတ်ပါ။ အရိပ်ထဲနေပါ။ ကိုယ်လက်လှုပ်ရှား ပြင်းပြင်းထန်ထန်မလုပ်သင့်။ အရည်များများသောက်ပါ။ နေပူထဲရပ်ထားသော ကားထဲရုတ်တရပ်မဝင်ရ။ တံခါးဖွင့်လေအေးပေးစက်ဖွင့်ပြီးမှ ဝင်ပါ။ အဝလွန်သူ အသက်ကြီးသူ နာတာရှည်ရောဂါအတွက် ဆေးသောက်နေရသူများ အပူများသော နေရာများကို အထူးသတိပြုရှောင်ပါ။ ခုလိုပူပြင်းတဲ့ရာသီအတွက် သိထားသင့်တာမို့ ဖတ်ပြီး မိမိဝန်းကျင်ရှိ လူသားအများကို ပြန်လည်ဝေမျှပေးစေချင်ပါသည်။

 

Ref:
Dr.Min Khant Mon
(သိလိုရာမေး online ဆေးခန်း) မှ ကောက်နုတ်တင်ပြပါသည်။

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18