Print

သွေးအမျိုးအစားအလိုက် စားသင့်သောအစာများ

  30-Jun-2019
Preview Image

သင့်ရဲ့ သွေးအမျိုးအစားပေါ်မူတည်ပြီး သင့်ကျန်းမာရေးအတွက် သင့်တော်တဲ့ အစားအသောက်တွေ ရှိပါတယ်။

အိုသွေးပိုင်ရှင်တို့ အတွက် သင့်တော်သောအစာ

ပရိုတင်းများပြီး ကာဘိုဟိုက်ဒရိတ်နည်းတဲ့ အသားကို စားပါ။ အေရိုးဗစ်လေ့ကျင့်ခန်း ပြုလုပ်ပါ။ ဂျုံထက် တခြားကောက်နှံစာ အများစုကို စားသင့်ပါတယ်။ သွေးအမျိုးအစားလိုက် သင့်တော်မှန်ကန်စွာ မစားသောက်ရင် အစာအိမ်နာနဲ့ အဆစ်ရောင်နာလို ရောင်ရမ်းမှုဝေဒနာတွေ ဖြစ်နိုင်ခြေ တိုးစေပါတယ်။

အေသွေးပိုင်ရှင်တို့အတွက် သင့်တော်သောအစာ


ကာဗိုဟိုက်ဒရိတ်များပြီး အဆီနည်းတဲ့ အစာ၊ အထူးသဖြင့် သတ်သတ်လွတ်အစာကို စားသင့်ပတယ်။ ယောဂကျင့်တာ၊ ဂေါက်သီးရိုက်တာ စတဲ့ ညင်သာတဲ့ လေ့ကျင့်ခန်းတွေလုပ်ဆောင် သင့်ပြီး စိတ်ဖိစီးမှုကို ဖြေရှင်းနိုင်ဖို့ တရားထိုင်သင့်ပါတယ်။ တကယ်လို့ အစားအသောက်ကို သင့်သွေးအုပ်အလိုက် သင့်တော် ညီညွတ်အောင် မစားနိုင်ရင် ကင်ဆာနဲ့ နှလုံးရောဂါ ဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်။

ဘီသွေးပိုင်ရှင်တို့အတွက် သင့်တော်သောအစာ

ဘီသွေးပိုင်ရှင်တွေအနေနဲ့ အသားကို များများစားသင့်သလို နို့နဲ့နို့ထွက် ပစ္စည်းတွေကိုလည်း စားသင့်ပါတယ်။ ရေကူးတာ၊ လမ်းလျှောက်တာတို့လို လေ့ကျင့်ခန်းကို လုပ်ဆောင်သင့်ပါတယ်။ သွေးအုပ်စုအလိုက် မှန်မှန်ကန်ကန် မစားသောက်ရင် အာရုံကြောစနစ်ကို တွန်းလှန်ပေးနိုင်တဲ့ ဗိုင်းရပ်စ်တွေကို တိုးစေနိုင်ပါတယ်။

အေဘီသွေး ပိုင်ရှင်တို့အတွက် သင့်တော်သောအစာ


အေဘီသွေး ပိုင်ရှင်တွေ အနေနဲ့ သွေးအမျိုးအစား အေ နဲ့ ဘီ အတွက် စားသင့်တဲ့ အစားအသောက်တွေကို စားနိုင်ပါတယ်။ ပြီးရင် အပန်းပြေ အနားရနိုင်တဲ့ လေ့ကျင့်ခန်းကို လုပ်ဆောင်ပါ။ ကိုယ်ခံစွမ်းအားစနစ် ကောင်းမွန်နေပါလိမ့်မယ်။

Credit : ကြယ်စင်

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18