Print

ညှင်းပေါက်ခြင်း (Tinea Versicolor)

  28-Jun-2019
Preview Image

ညှင်းဆိုတာ မှိုရောဂါ တစ်မျိုးဖြစ်ပါတယ်။ ခန္ဓာကိုယ်မှာသေးငယ်သော ခပ်ပြားပြား အကွက်လေးတွေ ပေါ်လာပါတယ်။ ယားယံတာမျိုးရှိနိုင်သလို၊ အကွက်သေးသေးလေးတွေပေါင်းပြီး အကွက်အကြီးကြီးထိလည်း ဖြစ်သွားနိုင်ပါတယ်။ အဖြစ်များတဲ့ နေရာတွေကတော့ ရင်ဘတ်၊ ကျောနဲ့ လက်မောင်းတွေ ဖြစ်ပါတယ်။ တစ်ခါတစ်လေ ပေါင်ခြံအပေါ်ပိုင်း၊ လည်ပင်းနဲ့ မျက်နှာတွေမှာ လည်းတွေ့ရတတ်ပါတယ်။ ညှင်းကွက်တွေက ပုံမှန်အရေပြားထက် အရောင်မှိန်တာ ရှိနိုင်သလို အရောင်ပိုရင့်တာလည်း ရှိနိုင်ပါတယ်။

ဘာကြောင့်ဖြစ်တာလဲ။

ပတ်ဝန်းကျင်မှာ ရှိနေတဲ့ မှိုတွေကတစ်ဆင့် ဖြစ်နိုင်သလို အရေပြားပေါ်မှာ ပုံမှန်ရှိနေတဲ့ မိှိုကနေတစ်ဆင့် ဖြစ်စေတာလည်းရှိပါတယ်။ ပုံမှန်အားဖြင့် နေ့စဉ်ရေချိုးခြင်းဖြင့် အရေပြားအပေါ်လွှာက သေဆုံးနေသော ဆဲလ်များနှင့် မှိုတွေကို ဖယ်ပေးနိုင်ပါတယ်။ ဒါပေမယ့် ပူအိုက်တဲ့ ရာသီရောက်လာတဲ့အခါ မှိုတွေကပိုပြီး မြန်မြန်ပေါက်ပွား လာကြပါတယ်။ အဲ့ဒီအခါမှာ အရေပြားမှာရှိတဲ့ ပုံမှန်အတိုင်းအဆထက် မှိုတွေပွားလာပြီး ညှင်းကွက်တွေ ပေါ်လာပါတယ်။ ပူပြင်းပြီး စိုထိုင်းဆများကာ ချွေးထွက်များတဲ့ အချိန် တွေမှာအဖြစ်များပါတယ်။ ညှင်းကိုဖြစ်စေတဲ့ အခြားအကြောင်းအရာတွေကတော့
- ကိုယ်ဝန်ဆောင်စဉ် ဒါမှမဟုတ် တခြားရောဂါအခံတစ်ခုကြောင့် ကိုယ်ခံအားနည်းခြင်း
- ဆေးဝါးအချို့ကြောင့်လည်းဖြစ်စေနိုင်ပါတယ် ( စတီးရွက်၊ ပိုးသတ်ဆေး၊ သန္ဓေတားဆေး)

ဘယ်လိုကုလို့ရလဲ။

မှိုသတ်ဆေး (antifungul agents) တွေပါတဲ့ ခေါင်းလျှော်ရည်၊ လိမ်းဆေး နဲ့ဆပ်ပြာအဆီတို့ကို သုံးနိုင်ပါတယ်။ အလွယ်ကူဆုံးကတော့ မှိုသတ်ဆေးပါတဲ့ ခေါင်းလျှော်ရည် (Selsun Blue)ကို ညှင်းပေါက်နေတဲ့ အရေပြားပေါ် လိမ်းဆေးအနေနဲ့ သုံးပေးခြင်းလည်း လုပ်နိုင်ပါတယ်။ တစ်ရက် နှစ်ကြိမ်နဲ့ ၂ ပတ်လောက် ဆက်တိုက်သုံးသင့်ပါတယ်။ တချို့အရမ်းဆိုးတဲ့ လူနာတွေမှာတော့ မှိုသတ်ဆေးတောင့်တွေ သောက်ခိုင်းတာမျိုး ရှိပါတယ်။ ဒါပေမယ့် အသည်းရောဂါရှိသူ၊ နှလုံးရောဂါ ရှိသူတွေမှာတော့ မသောက်သင့်ပါဘူး။ ညှင်းကွက်လေးတွေ ပုံမှန်အရာင်ပြန်ပြောင်းသွားဖို့ အတွက်ဆိုရင်တော့ လနဲ့ချီပြီး အချိန်ကြာနိုင်ပါတယ်။ ပျောက်သွားပြီး နောက်ပိုင်းလည်း ပေါ်လိုက်ပျောက်လိုက် တောက်လျှောက်ဖြစ်နေနိုင်ပါတယ်။ အသက်ကြီးလာတော့ မှ လုံးဝပျောက်သွားတတ်ပါတယ်။

ခဏခဏ ညှင်းပြန်ပေါက်နေရင်တော့ အဝတ်အစားမှာ ကပ်တွယ်နေတဲ့ မှိုတွေကြောင့် ဖြစ်နိုင်တယ်လို့ ယူဆတာမျိုးရှိပြီး အဝတ်ကို အခြောက်လျှော်ခြင်း ဒါမှမဟုတ် ရေပူပူဖြင့် လျှော်ခြင်းများ လုပ်နိုင်ပါတယ်။

ညှင်းပေါက်ခြင်းအတွက် ကောင်းတဲ့ အိမ်တွင်းနည်းလမ်းများလည်းရှိပါတယ်။
- ရှားစောင်းလက်ပတ် အဆီလိမ်းပေးခြင်း
- အုန်းဆီလိမ်းပေးခြင်း
- ဒိန်ချဉ်ကို ဖြစ်တဲ့နေရာမှာ လိမ်းပြီး မိနစ်၂ဝ လောက်အကြာမှာ ရေနွေးနဲ့ဆေးကြောပေးခြင်း
- ကြက်သွန်ဖြူကိုကြိပ်ယူထာတဲ့ အရည်ကို လိမ်းထာပြီး မိနစ်၂ဝ အကြာမှာ ရေချိုးပေးတာခြင်း စတာတွေ လုပ်ပေးနိုင်ပါတယ်။

Credit : MyatPwint


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18