Print

ဗိုက်ကြီးသည်များ မသုံးသင့်တဲ့ ဆပ်ပြာ

  27-Jun-2019
Preview Image

ပိုးသတ်ဆေးပါသည့် ဆပ်ပြာများ (AntibacterialSoap) သုံးခြင်းသည် သန္ဓေသားနှင့် မိခင်ကိုပါ အန္တရာယ်ဖြစ်စေသောကြောင့် ယင်းဆပ်ပြာများကို မသုံးစွဲရန် ကျန်းမာရေးပညာရှင်များက သတိပေးထားသည်။ ဘက်တီးရီးယားများကို သေစေနိုင်သည့် ဒြပ်ပေါင်းများသည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်သူများအတွက် စိုးရိမ်ဖွယ်ဖြစ်လာပြီး အမေရိကန်ဓာတုဗေဒအသင်းကလည်း ယင်းကိစ္စရပ်ကို ယခုကျင်းပမည့် နှစ်ပတ်လည် အစည်းအဝေးတွင် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဓာတုပစ္စည်းများနှင့် ထိတွေ့ခြင်းကြောင့် မွေးကင်းစကလေးများ ကိုယ်အလေးချိန် မပြည့်ရသည့် အကြောင်း ဆက်နွှယ်မှုများကို သိပ္ပံပညာရှင်များက ဆွေးနွေးတင်ပြသွားကြမည်ဖြစ်သည်။ ယင်းပြဿနာသည် အလွန်နူးညံ့သိမ်မွေ့သော်လည်း ရေရှည်တွင် မွေးကင်းစကလေးများ၏ ကြီးထွားမှု အရွယ်အစားပေါ်တွင် များစွာသက်ရောက်မှုရှိ လာနိုင်ကြောင်း ပညာရှင်များက သတိပေးထားသည်။ သုတေသနပြုလုပ်ရာတွင် ပါဝင်ခဲ့သည့် အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ် တက္ကသိုလ်မှ ဘန်နီပစ်ကေက ပိုးသတ်ဆေး ပါဝင်သည့် ဆပ်ပြာများအတွင်းမှ ဓာတုပစ္စည်းများက သန္ဓေသားကြီးထွားမှုနှင့် မျိုးပွားမှုများအပေါ်တွင် သက်ရောက်မှုများ ရှိနေကြောင်း တိရစ္ဆာန်များတွင် အထောက်အထားတွေ့ရှိထားပြီး လူများအပေါ်တွင်လည်း ထိခိုက်နိုင်သည့် အလားအလာများ ရှိနေကြောင်းပြောကြားသည်။ ၂ဝ၁ဝ ပြည့်နှစ်တွင် ဖလောရီဒါတက္ကသိုလ်မှ သုတေသနပညာရှင်များ၏ တွေ့ရှိချက်အရ Triclosan ဓာတုပစ္စည်းသည် ခန္ဓာကိုယ်အတွင်းမှ အီစတိုဂျင် ဟိုမုန်းများ၏ ဇီဝကမ္မဖြစ်စဉ်နှင့် ဆက်စပ်နေသော အင်ဇိုင်းများ ထုတ်လုပ်ခြင်းကို အဟန့်အတားဖြစ်စေကြောင်း သိရသည်။

ဓာတုပစ္စည်းများဖြစ်သည့် Triclosan နှင့် Triclocarban တို့ကို သွားတိုက်ဆေး၊ ကိုယ်တိုက်ဆပ်ပြာ၊ ဆပ်ပြာမှုန့်၊ ကော်ဇောများ၊ သုတ်ဆေးများ၊ ကျောင်းသုံးပစ္စည်းများနှင့် ကလေးကစားစရာများ အပါအဝင် နေ့စဉ်သုံးပစ္စည်း ၂ဝဝဝ ခန့်တွင် ထည့်သွင်း အသုံးပြုနေကြောင်း သိရသည်။ ကိုယ်ဝန်ဆောင်အမျိုးသမီးများတွင် Oestrogen sulfotransferase ဟုခေါ်ဆိုသော အဆိုပါ အင်ဇိုင်းများသည် အီစတိုဂျင်များ၏ ဇီဝကမ္မဖြစ်စဉ်ကို အကူအညီပေးပြီး အချင်းမှတစ်ဆင့် သန္ဓေသားအတွက် အာဟာရဖြစ်စေသည်။ အီစတိုဂျင်သည် ဦးနှောက်ဖွံ့ဖြိုးရေးနှင့် မျိုးဗီဇများ ထိန်းညှိရေးတွင် များစွာအရေးပါကြောင်း သုတေသနပညာရှင် များက ရေးသားထားသည်။ ထို့ပြင်
ပိုးသတ်ဆေးဆပ်ပြာများတွင် အရောင်နှင့် ထိန်းဆေးအတွက် ထည့်ထားသည့် ပစ္စည်းအချို့သည် ပဋိဇီဝဆေး မတိုးသည့် ပြဿနာဖြစ်ပွားနိုင်သောကြောင့် လူများ၏ကျန်းမာရေးအတွက် အန္တရာယ်ဖြစ်ပေါ် လာနိုင်ကြောင်း လေ့လာတွေ့ရှိမှုအချို့တွင် ဖော်ပြထားသည်။ အိမ်သုံးပစ္စည်းများတွင် ပါသည့် ဓာတုပစ္စည်းများသည် မေလအတွင်းက ထုတ်ပြန်ခဲ့သည့် လူတို့၏ သုတ်ပိုးများကို ပျက်စီး ထိခိုက်စေကြောင်း ပထမဆုံးအကြိမ် လေ့လာတွေ့ရှိမှု
တစ်ခုကို မေလအတွင်းက ထုတ်ပြန်ခဲ့သည်။

Credit : Daily Mail

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18