Print

သင့်ခေါင်းပေါ်က ဗောက်တွေကြောင့် စိတ်ညစ်နေပါသလား

  23-Jun-2019
Preview Image

ခေါင်းကယားလိုက်တာ ခေါင်းမှာ အဖြူဖတ်တွေ အများကြီးပဲဆိုပြီး စိတ်ညစ်ရတဲ့ ဗောက်ပြသနာဟာ လူတော်တော်များများမှာ ဖြစ်နေတဲ့ အရေပြားပြဿနာတစ်မျိူးပါ။ ဗောက်ဟာ မှိုတစ်မျိူးကြောင့် အဓိကဖြစ်ရတာပါ။ အဲဒီမှိုဟာ ဦးရေပြားပေါ်က အဆီတွေကို စားသုံးပြီး ရှင်သန်ပါတယ်။ Hair products တချိူ့မှာပါတဲ့ ဓာတုပစ္စည်းတွေကြောင့်လည်း ဦးရေပြားမှာ ဗောက်ဖြစ်နိုင်ပါသေးတယ်။ ဒါပေမယ့် မပူပါနဲ့။ ဗောက်ကိုနိုင်တဲ့
ဆေးစွမ်းကောင်းတွေ နည်းလမ်းကောင်းတွေကို ရင်နှင်းမျှဝေပေးမယ်နော်။ ဗောက်တွေကြောင့် စိတ်ညစ်မနေပါနဲ့။ စိတ်ဖိစီးမှုများရင် ကိုယ်ခံအားကို ထိခိုက်စေလို့ ဗောက်အပါအဝင် တခြားရောဂါတွေကို ဖိတ်ခေါ်နေသလိုပါပဲ။ ဒါကြောင့် ခုချက်ချင်းစိတ်ကိုဖြေလျှော့လိုက်ပါ။ ဒါဟာ သင့်ကိုအနှောက်အယှက်ပေးနေတဲ့ ဗောက်တွေကို တိုက်ထုတ်ဖို့ အစပျိူးလိုက်တာပါပဲ။ ကျန်းမာရေးကို အထောက်အကူပြုတဲ့ အစားအစာတွေဟာ ဦးရေပြား
ကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။ ဇင့်ဓာတ်၊ Omega 3 fatty acids , Vit E နဲ့ Vit B အုပ်စုတွေ များများပါဝင်တဲ့ အစားအစာတွေကို များများစားသုံးပေးပါ။


အချိူနဲ့အဆီ အလွန်အကျွံစားသုံးခြင်းကို ရှောင်ကြဉ်ပါ ။ Limit your use of hair styling prouducts Hairspray , Hair Gel တို့လို ဆံပင်ပုံသွင်းပစ္စည်းတွေဟာ အခန့်မသင့်ရင် ဗောက်ပြသနာကို ပိုမိုဆိုးဝါးစေနိုင်ပါတယ်။ တကယ်လို့ သင်ဟာ ဆံပင်အတွက် ပစ္စည်းသစ်တစ်ခုခုကို ပြောင်းသုံးပြီးမှ ဗောက်တွေဖြစ်လာတယ် သို့မဟုတ် ပိုဆိုးလာတယ်
ဆိုရင်တော့ အဲဒီပစ္စည်းကို ဆက်မသုံးပါနဲ့တော့။ Tea Tree Oil သို့မဟုတ် Chemical ပါဝင်မှုနဲတဲ့ သို့မဟုတ် သဘာဝဆေးဘက်ဝင် ပစ္စည်းများနဲ့ ဖော်စပ်ထားတဲ့ ထုတ်ကုန်တွေကိုတော့ သုံးစွဲနိုင်ပါတယ်။ ဦးရေပြားကို တိုက်ရိုက်မထိအောင် တတ်နိုင်သလောက် သတိထားပါ။ သင်ဟာ ဓာတ်မတည့်ခြင်းတွေ ခဏခဏ ဖြစ်တတ်တဲ့သူလား။ ဒါဆိုရင်တော့သင်ရဲ့ ဗောက်ပြသနာဟာ ဓာတ်မတည့်ခြင်းကြောင့် ဖြစ်ဖို့များပါတယ်။ သင်အသုံးပြုတဲ့ ခေါင်းလျှော်ရည်နဲ့ ဆံပင်အလှပြင်ပစ္စည်းတွေကို ပြန်စစ်ဆေးကြည့်ပါ။ အပျော့စားပစ္စည်းများကို သာအသုံးပြုပါ။ ခေါင်းကိုလည်း ခဏခဏမလျှော်ပါနဲ့။


ဗောက်တွေဟာ အဆီများတဲ့ ဦးရေပြားနဲ့ဆံပင်တွေကြောင့် ပိုဆိုးနိုင်ပါတယ်။ ဒါကြောင့် ခေါင်းကို မှန်မှန်လျှော်ပေးပါ။ ဒါပေမယ့် ခဏခဏမလျှော်ပါနဲ့။ ခေါင်းလျှော်တဲ့အခါ ဦးရေပြားကို နှိပ်နယ်ပေးပါ။ ဒါပေမယ့် လုံးဝမကုတ်မိပါစေနဲ့။ ခေါင်းလျှော်တိုင်း ဗောက်ပျောက်ခေါင်းလျှော်ရည်ကို အသုံးပြုပါ။ ဒါပေမယ့် ဗောက်ပျောက်ခေါင်းလျှော်ရည်တွေရဲ့ အသုံးပြုပုံတွေက မတူညီလို့ အသုံးပြုတဲ့လမ်းညွှန်ချက်ကို အရင်ဆုံးဖတ်ကြည့်ပြီး အဲဒီအတိုင်းလိုက်နာတာ အကောင်းဆုံးပါပဲ။ တကယ်လို့ ဗောက်ပျောက် ခေါင်းလျှော်ရည်သုံးပြီး မသက်သာရင် ဒါမှမဟုတ် ပိုဆိုးလာရင်တော့ အရေပြားအထူးကုဆရာဝန်နဲ့ပြသပါ။ တကယ်လို့ သင်ဟာဗောက်ပျောက်ကင်းဖို့ နည်းလမ်းမျိူးစုံ သုံးကြည့်ပြီး မအောင်မြင်ဘူး ပိုဆိုးလာတယ်ဆိုရင်တော့ အရေပြားအထူးကုဆရာဝန်နဲပြသပါ။

- ခေါင်းယားတယ်ဆိုပြီး ခေါင်းကိုအရမ်းမကုတ်ပါနဲ့။ ဦးရေပြားတွေကိုဒဏ်ဖြစ်စေနိုင်ပါတယ်။

- အဖြူရောင်ဗောက်ဖတ်များ အကျီၤပေါ်ကျလာခဲ့ရင် မမြင်ရအောင် အရောင်ဖျော့ဖျော့ အကျီၤများကို ရွေးချယ်ဝတ်ဆင်ပါ ။

- ခေါင်းလျှော်ပြီးရင် ဆံပင်များကို သေချာခြောက်အောင် သုတ်ပေးပါ။ စိုထိုင်းတဲ့ ဦးရေပြားမှာ ဗောက်တွေ ပိုဖြစ်နိုင်ပါတယ်။

- ခေါင်းဘီးများကို မှန်မှန်သန့်ရှင်းပေးပါ။

- အဆီများတဲ့ ဦးရေပြားမှာ ဗောက်ပိုဖြစ်တယ်ဆိုပေမယ့် ဦးရေပြားခြောက်သွေ့လွန်းရင်လည်း ဗောက်ဖြစ်နိုင်တာကြောင့် ဦးရေပြားပိုခြောက်သွေ့စေမယ့် အရာတွေ ဥပမာ chemical ပါဝင်မှုများတဲ့ products တွေ သုံးစွဲခြင်းကို သတိထားရပါမယ်။ ဦးရေပြား အစိုဓာတ်ရှိအောင် ပေါင်းတင်ခြင်း သံလွင်ဆီစတဲ့ ဆံပင်အားဖြည့်စေမယ့် အရာတွေကို လိမ်းပေးရပါမယ်။

- Vinegar ၃ ဇွန်းနဲ့ ရေ ၇ ဇွန်းကို ရောမွှေပါ ။ အိပ်ရာဝင်ခါနီးတွင် ဦးရေပြားပေါ်သို့ သုတ်လိမ်းပေးပါ။ မနက်အိပ်ရာက ထတဲ့အခါ ခေါင်းလျှော်ရည်အပျော့စား၊ ဆံပင်ပျော့ဆေးတို့ကိုသုံးပြီး ရေနွေးနဲ့ခေါင်းလျှော်ပါ။

- သံလွင်ဆီကို ဦးရေပြားအနှံ့ လိမ်းပြီးနှိပ်နယ်ပေးပါ။ မနက်မှ ခေါင်းလျှော်လိုက်ပါ။

- သံပုရာရည် ၁ ဇွန်းနဲ့ အုန်းဆီ ၅ ဇွန်းကို သမအောင်ရောမွှေပြီး ဦးရေပြားအနှံ့ လိမ်းပေးပါ ။ မိနစ် ၂ဝ ခန့်ထားပြီးမှ ခေါင်းလျှော်ပါ။ နည်းတွေကတော့ အများကြီးရှိပါတယ်။ ရင်နှင်းကတော့ လုပ်ရလွယ်တဲ့နည်းလေးတွေကိုပဲ ရွေးပြီးပြောတြာပါ။  လုပ်ကြည့်ပါအုံးနော်။ အမြဲကျန်းမာလှပပျော်ရွှင်ကြပါစေ။

Credit : Myanmar Health and Beauty

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18