Print

ကလေးဉာဏ်ကောင်းအောင် ဘာကျွေးရမလဲ

  22-Jun-2019
Preview Image

မိဘတိုင်း ကိုယ့်သားသမီးကို ဉာဏ်ကောင်း စေချင်ကြပါတယ်။ မိမိကလေးဟာ သူ့အတန်းထဲမှာ အဆင့်ပထမရပြီး စာတော်တဲ့သူဆိုရင် ဘယ်မိဘမဆို ဂုဏ်မယူဘဲ မနေနိုင်ကြပါဘူး။ ဒါကြောင့် သားငယ်သမီးငယ်တွေကို ဉာဏ်ကောင်းစေမယ့် အစားအစာကို ကျွေးချင်ကြမှာ အမှန်ပဲဖြစ်ပါတယ်။ ကလေးငယ်ရဲ့ ခန္ဓာကိုယ် ကြီးထွားဖွံဖြိုး
နေစဉ်မှာ နွားနို့၊ ကြက်ဥ၊ ဘဲဥစသည် တို့အပြင် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးများပါမကျန် ကျွေးရမယ်ဆိုတာ မိဘတိုင်း သဘောပေါက် နားလည်ကြပါတယ်။ သို့သော်မိဘများဟာ ကလေးငယ်ရဲ့ အစားအစာထဲမှာ နေ့စဉ်လိုအပ်တဲ့ ဗီတာမင်ဓာတ် သတ္တုဓာတ်၊ ဆိုဒီယမ် ဓာတ်များနှင့် အင်တီအောက်စီးဒင့် ပမာဏ လုံလုံလောက်လောက်ရှိရဲ့ လားဆိုတာကို သတိထားရပါမယ်။ ဘယ်လိုအစားအစာတွေ ကျွေးရမလဲ ဆိုတာနှင့် ဘယ်လို အသီးအနှံများ ကျွေးရင် ဘယ်လိုအာဟာရဓာတ်များ ရရှိနိုင်မလဲဆိုတဲ့ ဗဟုသုတတွေ ရှိထားရပါမယ်။

ကလေးငယ်အတွက် ဘာအာဟာရဓာတ်တွေ လိုနေသေးလဲ စတဲ့ ဘယ်သူမှ မသိရှိနိုင်တဲ့ အချက်အလက်တွေတော့ တစ်ပုံတစ်ပင်ရှိနေ ပါသေးတယ်။ ကျန်းမာရေး သတင်းအချက် အလက်များပေးတဲ့ ဝက်ဘ်ဆိုက်များအရ အစားအစာများမှရရှိတဲ့ ဗီတာမင်ဓာတ်၊ အသားဓာတ်၊ အဆီဓာတ်၊ သတ္တုဓာတ်၊ ဆားဓာတ်တို့ဟာ တွက်ချက်ရန် ခက်သလို တစ်ခါတစ်ရံ ချက်ပြုတ်ခြင်းကြောင့် အစားအစာများထဲမှ အာဟာရဓာတ်တွေ ဆုံးရှုံးတာမျိုး ရှိနိုင်တယ်လို့ ဆိုပါတယ်။ သို့သော်လည်း အောက်မှာ ဖော်ပြမယ့်အစားအစာ များကတော့ လေ့လာသုတေ သနပြုချက်များအရ ကလေးငယ်များအား အမှန်တကယ် ဉာဏ်ကောင်း စေတဲ့အပြင် အာရုံစူးစိုက်မှု ပိုကောင်းစေကြောင်း အာမခံထား
ပါတယ်။ အဲဒီ အစားအစာတွေမှာ အိုမီဂါ-၃ ဖက်တီး အက်စစ်နှင့် အင်တီအောက်စီးဒင့်ဓာတ်များ မြင့်မားစွာ ပါဝင်သောကြောင့် ဖြစ်တယ်လို့ ဖော်ပြပါတယ်။ ၎င်းအစားအစာတွေမှာ အိုမင်းခြင်းကို တားဆီးပေးပြီး နုပျိုစေတဲ့ ဂုဏ်သတရှိတဲ့အတွက် ကလေးများအတွက် သာမက လူကြီးများအတွက်ပါ သတင်းကောင်းဖြစ်ပါတယ်။

(၁) သစ်ကြားစေ့
လူ့ဦးနှောက်ပုံစံနဲ့တူတဲ့ သစ်ကြားစေ့အဆန်လေးများဟာ ဆိမ့်သောအရသာရှိပါတယ်။ သစ်ကြားစေ့မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းခေါ် အင်တီအောက်စီးဒင့်ဓာတ်တွေ များစွာပါဝင်ကြောင်း သုတေသနပြုချက်များအရ သိရပါတယ်။ ထို အင်တီအောက်စီးဒင့်တွေက ဖရီးရယ်ဒီကယ်ကြောင့် လူ့ဦးနှောက် ကလာပ်စည်း ဒီအင်အေများ ထိခိုက်ပျက်စီးမှုမရှိအောင် ကာကွယ်တိုက်ဖျက်ပေးနိုင်ပါတယ်။ ၂၀ဝ၉ ခုနှစ်တုန်းက လေ့လာသုတေသနပြုချက် တစ်ခုမှာကြွက်တွေအား သစ်ကြားစေ့အဆန်များနှင့် ပြုလုပ်ထားတဲ့ အစားအစာများကျွေးပြီး လေ့လာခဲ့ရာ အိုမင်းမှုကို ၂ ရာခိုင်နှုန်းခန့် ဟန့်တားပြီး နုပျိုလာ စေနိုင်ကြောင်း၊ ဉာဏ်ပိုကောင်းလာကြောင်း တွေ့ခဲ့ရတယ်လို့ဆိုပါတယ်။

(၂) မုန်လာဥနီ
အရောင်ပါတဲ့ အသီးအနှံတွေဟာ ဗီတာမင် A ဓာတ်ကြွယ်ဝတဲ့အတွက် မျက်စိအားကောင်းစေရုံမျှမက ဉာဏ်ကောင်းစေပါတယ်လို့ သိရပါတယ်။ မုန်လာဥနီမှာ Luteolin လူတီအိုလင်း ခေါ် ဓာတ်ပေါင်းတစ်မျိုး မြင့်မားစွာ ပါဝင်တဲ့အတွက် ဖြစ်ပါသတဲ့။ အာဟာရဓာတ်ဂျာနယ်မှာ ပုံနှိပ်ဖော်ပြချက်အရ လေ့လာချက်တစ်ခုမှာ လူတီအိုလင်းဟာ အသက်အရွယ် ကြီးရင့်လာခြင်းကြောင့် ဦးနှောက်မှတ်ဉာဏ်ချို့ယွင်းနိုင်ခြေကို
လျော့ပါး စေတဲ့အပြင် ဦးနှောက်ထဲမှာ ရောင်ရမ်းခြင်းတွေကိုပါ နည်းပါးစေတယ်လို့ ဆိုပါတယ်။ လူတီအိုလင်းဓာတ် ကြွယ်ဝတဲ့ အခြားအစားအစာတွေလည်း ရှိပါသေးတယ်။ အဲဒါတွေကတော့ သံလွင်ဆီ၊ ငရုတ်သီးပွကြီးများနှင့် တရုတ်နံနံပင်တို့ ဖြစ်ပါသတဲ့။ ဒါကြောင့် မိဘများအနေဖြင့် မိမိသား သမီးများအား အထက်ပါအစားအစာ များကိုငယ်စဉ်ကပင် စားတတ်အောင် စားချင်လာအောင် ပြုပြင်ချက်ပြုတ် ကျွေးမွေးသင့်ပါတယ်။

(၃) ဘယ်ရီသီးများ
၂၀ဝ၉ ခုနှစ်က လေ့လာသုတေ သနပြုချက်တစ်ခုအရ စတော်ဘယ်ရီသီး၊ ဘလူးဘယ်ရီသီး ကဲ့သို့သော အသီးတွေမှာ အိုမင်းစေခြင်း ဖြစ်စဉ်နဲ့ ဆက်စပ်နေတဲ့ ဦးနှောက်ကလာပ် စည်းများထဲက စိတ်ဖိစီးမှု တစ်မျိုးကို လျှော့ချပေးနိုင်သလို ဦးနှောက်ထဲက အချက်ပြ သွေးကြောလေးများကို ပိုမို အားကောင်းစေပါတယ်လို့ သိရပါတယ်။

(၄) ငါးများများကျွေးပါ

လေ့လာချက်များအရ ငါးစားရင် ဉာဏ်ကောင်းပါတယ်။ အထူးသဖြင့် ဈေးချိုလှတဲ့ ပင်လယ်ငါးတွေမှာ အိုမီဂါ-၃ ဖက်တီးအက်စစ်များ ကြွယ်ဝစွာပါဝင်ပြီး အသက်ကြီးလာခြင်းကြောင့် မှတ်ဉာဏ်ချို့တဲ့မှုကို နှေးကွေးအောင် ပြုလုပ်ပေးနိုင်ပါသတဲ့။ ဤလေ့လာချက်မှာ အသက် ၆၅ နှစ်နှင့် အထက်လူကြီးများအား ၁ ပတ် ၂ ကြိမ် ၆ နှစ်ကြာ ငါးကို ပုံမှန်စားစေ ပြီးလေ့လာခဲ့ခြင်း ဖြစ်ပါတယ်။ ငါးပုံမှန် စားတဲ့လူတွေမှာ ၁၃ ရာခိုင်နှုန်းထိ မှတ်ဉာဏ်ကောင်းလာကြောင်း တွေ့ခဲ့ပါတယ်။

(၅) ဟင်းနုနွယ်ရွက်
ဟင်းနုနယ်ရွက်မှာ ဗီတာမင် C ဓာတ်ကြွယ်ဝစွာပါဝင်ပြီး မှတ်ဉာဏ်ကောင်းစေကြောင်း နောက်ဆုံးလေ့လာချက်အရ သိရှိရပါတယ်။ ဈေးချိုပြီး လတ်ဆတ်တဲ့ ဟင်းနုနယ်ရွက်ကို ကလေးများအား နေ့စဉ် ကျွေးနိင် ပါတယ်။ ၂၀ဝ၀ ပြည့်နှစ်ကတည်းက လေ့လာချက်အရ ဟင်းနုနယ်ရွက်၊ စတော်ဘယ်ရီသီး၊ ဘလူးဘယ်ရီသီး တို့ဖြင့် ပြုလုပ်ထားတဲ့ အစားအစာများကို ကြွက်များအား ကျွေးပြီးလေ့လာစမ်း သပ်ခဲ့ရာ မှတ်ဉာဏ်ပိုထက်မြက်လာကြောင်း ဖော်ထုတ်တွေ့ရှိခဲ့ပါသတဲ့။ အထက်ပါ ဉာဏ်ထက်စေတဲ့ အစားအစာတွေကို သိပ္ပံပညာရှင်များ လေ့လာသုတေသနပြုချက်အရ ဖော်ပြလိုက်ပါတယ်။


 Healthcare.com.mm

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18