Print

မျက်လုံးအိမ်အတွက် လေ့ကျင့်ခန်း

  01-Mar-2017
Preview Image

ကွန်ပျူတာကို နေ့စဉ် အချိန်ကြာမြင့်စွာ ကြည့်ရသူများအဖို့ မျက်စိညောင်းပြီး အမြင်အာရုံ ဝေဝါးလာစေနိုင်သည်။ထိုသို့ မဖြစ်စေရန် အောက်ပါ မျက်စိလေ့ကျင့်ခန်းများကို တစ်နေ့လျှင် အချိန် ၁၅ မိနစ်ပြုလုပ်ပေးရုံဖြင့် ရက်အနည်းငယ်အတွင်းမျက်လုံးအိမ်အတွင်း အကျိုးကျေးဇူးများ ရရှိလာနိုင်စေမှာပါ။

 

အပေါ်အောက်ကြည့်ခြင်း 
ပထမဦးစွာ ခေါင်းကို မရွေ့စေဘဲ မျက်လုံးတစ်ခုတည်းကသာ ခေါင်းမိုးဆီသို့ ကြည့်ပါ။ ငါးစက္ကန့်ကြာလျှင် တစ်ဖန်ကြမ်းပြင်ဆီသို့ ကြည့်ပါ။ ထိုသို့ ငါးကြိမ်ပြုလုပ်ပေးပါ။ ပြီးလျှင် မျက်လုံးကို ခေတ္တမှိတ်ထားပေးပါ။

 

ဘယ်ညာကြည့်ခြင်း
ဘယ်ညာသို့ ကြည့်ပါ။ ငါးစက္ကန့်ကြာလျှင် ညာဘက်သို့ ကြည့်ပါ။ သုံးကြိမ်ပြုလုပ်ပြီး ခေတ္တမျက်စိမှိတ်ထားပါ။

 

ပျက်လုံးအပိတ်အဖွင့်ပြုလုပ်ခြင်း
ယခု လေ့ကျင့်ခန်းသည် မျက်ကွင်းရိုးကို သန်မာစေနိုင်ပြီး မျက်ဝန်းတစ်ဝိုက်ရှိ ကြွက်သားများကို ပြေလျော့စေနိုင်ပါသည်။ ပထမဦးစွာ မျက်စိကို ခပ်တင်းတင်း ပိတ်ထားပါ။ ငါးစက္ကန့်ကြာလျှင် ပြေလျော့လိုက်ပါ။

 

မျက်လုံးကို လေ့ကျင့်ခန်းပြုလုပ်ပေးရခြင်း၏ အကျိုးကျေးဇူးများ
ခန္ဓာကိုယ်ရှိ တခြား အစိတ်အပိုင်းများနည်းတူ မျက်စိကိုလည်း ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်ပေးရန် လိုအပ်ပါသည်။ ထိုလေ့ကျင့်ခန်းကို ဖြစ်နိုင်လျှင် နံနက်စောစော ပြုလုပ်ပေးခြင်းက အကောင်းဆုံး ဖြစ်ပါလိမ့်မည်။ ရက်အနည်းငယ် ပြုလုပ်ပေးရုံဖြင့်ပင် အကျိုးရလဒ်များကို ခံစားသိရှိစေမှာပါ။ မျက်လုံးအိမ် လေ့ကျင့်ခန်းကို မှန်မှန်ပြုလုပ်ပေးခြင်းဖြင့် -

 

၁။ မျက်စိကို အနားပေးရာရောက်ခြင်း 

၂။ မျက်လုံးတစ်ဝိုက်ရှိ သွေးကြောမျှင်များ သွေးလည်ပတ်မှုကို တိုးတက်ကောင်းမွန်လာခြင်း

၃။ အမြင်ကောင်းစေရန် ကူညီပေးနိုင်ခြင်း

၄။ အမြင်အာရုံပို၍ ကောင်းမွန်ကြည်လင်လာစေခြင်းများကို ခံစားရစေပါသည်။


Credit:
အေးခေမာ
Health for all magazine, April 2016, Pg. 61


 



Related Articles


Advertisment 18