Print

မူးမေ့ခြင်း သတိလစ်ခြင်းမဖြစ်အောင်

  19-Jun-2019
Preview Image

- သွေးတွင်း၊ အချိဓာတ်အရမ်းနည်း သွားတာမျိုးမဖြစ်အောင်၊ အစာမစားဘဲနေတာ၊ အစာကိုကြေညက်အောင် မစားတာ (မြန်မြန်စားတာ) ရှောင်ပါ။

- ခဏခဏ မူးမေ့သတိလစ်တတ်သူဆိုရင် တစ်နေရာတည်းမှာ မလှုပ်ရှားဘဲ အကြာကြီးရပ်နေတာမျိုး ရှောင်ကြဉ်ပါ။

- ပူတဲ့ရာသီမှာ ရေများများသောက်ပါ။

- ကိုယ့်ကိုယ်ကို မူးမေ့တော့မယ်ထင်ရင် မျက်လုံးတွေပြာလာတာမျိုးဖြစ်ရင် လှဲချလိုက်ပါ။ သို့မဟုတ် ဒူးနှလုံးကြားခေါင်းထားပြီး ထိုင်လိုက်ပါ။ သတိလစ်နေသောသူကို တစ်ယောက်တည်းမထားခဲ့ရပါ။ သတိလစ်နေသူကို သောက်စရာ၊ စားစရာမကျွေးပါနှင့် (နင်တတ်ပါသည်) ပက်လက်ထားရင် ခေါင်းအောက်မှာ ခေါင်းအုံးမထားပါနှင့်။ မျက်နှာကိုရေနဲ့ ပက်နှိုးတာ၊ ပါးကိုပုတ်နှိုးတာမလုပ်ပါနဲ့။ မူးမေ့မလိုဖြစ်ခါနီးပြီထင်တယ်ဆိုရင် လူနာကိုလှဲအိပ်ခိုင်းပြီး ခြေထောက်ကို မြှင့်ထားပါ။ မူးမေ့မလိုဖြစ်တာက သကြားဓာတ်နည်းတာနဲ့ တူတယ်ထင်ရင် အချိုတစ်ခုခု တိုက်ပါ၊ ကျွေးပါ။


Credit :  ရှေးဦးသူနာပြု


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18